Tuesday, March 10, 2015

၁၀ တန်းအတွက် ကြိုပြင်စရာရှိလို့ ဇာတ်ကားရိုက် လက်မခံသေးတဲ့ ယွန်းယွန်း

န၀မတန်းစာမေးပွဲ ဖြေဆို ပြီး၍ ကျောင်းပိတ်ထားသော်လည်း တက္ကသိုလ်ဝင်တန်းအတွက် စတင် ပြင်ဆင်ရမည်ဖြစ်သောကြောင့် ဇာတ်ကားများ လက်ခံရိုက်ကူး ဖြစ်ဦးမည်မဟုတ်ကြောင်း ယွန်း ယွန်းက ပြောသည်။
‘‘နွေရာသီမှာလည်း ဆယ် တန်းအတွက် ကျူရှင်တွေ စတက် ရတော့မှာဆိုတော့ ဗီဒီယိုတော့ မရိုက်ဖြစ်လောက်ဘူး။ ကြော်ငြာ လောက်ပဲ ရိုက်ဖြစ်မယ်ထင် တယ်’’ ဟု ၎င်းက ပြောသည်။
ယွန်းယွန်းသည် ပညာရေး ဘက်ကို အချိန်ပေးလိုသော ကြောင့် ဇာတ်ကားရိုက်ကူးခြင်း ကို ပြီးခဲ့သည့်နှစ်ကတည်းက လျှော့ချခဲ့ပြီး ကြော်ငြာများနှင့် မြူးဇစ်အမ်တီဗီများသာ လက်ခံ ရိုက်ကူးခဲ့သည်။

မကြာမီရုံတင်ပြသမည့် ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင် သည် ကလေးသရုပ်ဆောင် ဘ၀တွင် မလုပ်ဖူးသေးသော ကာ ရိုက်တာဖြင့် သရုပ်ဆောင်ထား သည့် ဇာတ်ကားဖြစ်၍ ပရိသတ် ၏ တုံ့ပြန်မှုကို ရင်ခုန်နေကြောင်း ၎င်းက ဆိုသည်။
‘‘အဲဒီကားမှာ ပါတဲ့ ဇာတ် ရုပ်က အပြင်က ကာရိုက်တာနဲ့ လည်း လုံးဝမတူဘူး။ ကလေးသ ရုပ်ဆောင်အနေနဲ့လည်း လုံးဝမ ရိုက်ဖူးဘူး။ အဲဒီလိုကာရိုက်တာ ထူးထူးခြားခြားလုပ်ထားတာဆို တော့ ပရိသတ်တွေ ဘယ်လို ပြောမလဲဆိုတာ စိတ်လှုပ်ရှား တယ်’’ ဟု ၎င်းက ပြောသည်။
7Day Daily

No comments:

Post a Comment