Wednesday, March 4, 2015

လွှတ်တော်၏ အဆိုကြောင့် ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်များအား ပန်ကြားချက်ထုတ်ပြန်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အမျိုးသမီး ညစ်ညမ်းပုံများဖော်ပြနေမှုကို ထိရောက်စွာအရေးယူပေးရန် အဆိုတင်သွင်းချက်ကြောင့် သရုပ်ဆောင်များအား ကျင့်ဝတ်နှင့် ထိန်းထိန်းသိမ်းသိမ်းနေရန် မေတ္တာရပ်ခံပန်ကြားချက် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ် ပြန်ထားကြောင်း သတင်းရရှိ သည်။
မတ်လ ၁ရက်တွင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြန် ကြားရေး ၀န်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်နှင့် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာ ယကများ၊ အမှုဆောင်အသစ်များ နှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ၀န်ကြီး၏ပြောကြားမှုကြောင့် အနုပညာရှင်များအနေဖြင့် ဥပဒေကြောင်းနှင့် မငြိစွန်းစေရန် ယခုကဲ့သို့ ပြန်ကြားချက်ထုတ်ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦး လူမင်းက ပြောကြားသည်။

‘‘ဒီအချက်လေးတစ်ချက်က တော့ အလျင်အမြန် အစ်ကိုတို့ ပန်ကြားချက်လေး ထုတ်သင့် တယ်ထင်လို့ ထုတ်တာပါ။ အစ် ကိုတို့ အနုပညာရှင်တွေမှာလည်း ဒီလိုတင်တာတွေတော့မရှိပါဘူး။ ဒါပေမဲ့လည်း ဥပဒေကြောင်းအရ တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် ကြိုတင် ပြီးတော့ သိအောင်ထုတ်ဖြစ်တာ ပါ’’ဟု၎င်းကဆိုသည်။
အဆိုတင်သွင်းမှုအပေါ် ဦး လူမင်းက လူမှုကွန်ရက်စာမျက် နှာသည်အရွယ်မရွေးကြည့်ရှုနိုင် ပြီး နိုင်ငံခြားရုပ်ရှင်များကဲ့သို့ ဆင် ဆာသတ်မှတ်ထားခြင်းမရှိ၍ အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့်ကြည့်ရှုရန် မသင့်သူများအတွက် တားမြစ်သင့်ကြောင်း ထောက်ခံထားသည်။
‘‘ဒါကတော့ မေတ္တာရပ်ခံ သင့်ပါတယ်။ ခုအချိန်မှာ ဒီမိုကရေစီခေတ်ဆိုတော့ သူများကိုမလုပ်ရဘူးလို့တော့ တားလို့မရဘူး။ တကယ်တော့ လက်ရှိမှာ လွန်လွန်ကျူးကျူးရှိနေတဲ့ပုံတွေရဲ့ဆယ်ပုံမှာ ရှစ်ပုံက အေးမြတ်သူတို့သရုပ်ဆောင်တွေရဲ့ပုံတွေမဟုတ်ပါဘူး။ အေးမြတ်သူတုန်းက မရှိဘူးလားတော့မဟုတ်ပါဘူး။ ရှိပါတယ်။ ငယ်ငယ်တုန်းကဆိုတော့ ငယ်တုန်းကစိတ်နဲ့ရိုက်ခဲ့တဲ့ပုံတွေဆိုတော့ ရည်ရွယ်ချက်ကြီးကြီးနဲ့ ရိုက်ခဲ့တာတွေမဟုတ်ပါဘူး’’ ဟု သရုပ်ဆောင် အေးမြတ်သူကပြောသည်။
ထို့အပြင် လိင်အသားပေး ရုပ်ပုံများကို လူမှုကွန်ရက်တွင်မကြာခဏ တင်လေ့ရှိသော ဇွန်သဉ္ဇာက ထိုအဆိုတင်သွင်းချက်အတည်ဖြစ်သွား၍ဥပဒေ ကြောင်းအရ ငြိစွန်းနိုင်သော်လည်း ဤသို့အနေအထားဖြင့် ဓာတ်ပုံရိုက်ကူးခြင်းကို ၀ါသနာပါသောကြောင့်ဆက်လက်လုပ်ကိုင်သွားမည်ဟု ပြောကြားသည်။
အကယ်၍ အနုပညာရှင်များ ထဲမှ ထိုဥပဒေနှင့် ငြိစွန်းခဲ့သည်ရှိ သော် ဥပဒေအထက်တွင် ရုပ်ရှင် အစည်းအရုံး မရှိသည့်အတွက် ဥပဒေလမ်းကြောင်းအတိုင်း သွားရမည်ဖြစ်ကြောင်း ဦးလူမင်းက ထပ်မံပြောကြားသည်။
တစ်ဖက်တွင်လည်း ဤအ ဆိုနှင့်ပတ်သက်၍ လူတစ်ဦးတစ် ယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့် အား လွှတ်တော်ကတစ်ဆင့်ထိန်း ချုပ်ရန် ကြိုးစားခြင်းသည် မဖြစ်သင့် ကြောင်း လူ့အခွင့်အရေးစောင့် ကြည့်ကာကွယ်ရေးကွန်ရက်မှ ဦး ထွန်းဦးက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ရက်က ဆွေး နွေးခဲ့သည့် ၂၀၁၅-၁၆ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေတွင် တိုင်းတစ်ပါး ယဉ်ကျေးမှု ထိုး ဖောက်လာခြင်းအပေါ် တားဆီးရေးအချက်ထည့်သွင်းထားပြီးထို အချက်တွင် မြန်မာအမျိုးသမီးအ ချို့ ညစ်ညမ်းပုံရိုက်ကူးခြင်းကို အ ရေးယူနိုင်ရန် ဦးသိန်းထွန်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီးသက် ဆိုင်ရာ ၀န်ကြီးဌာနက မတ်လ ဆန်းတွင် ပြည်ထောင်စု လွှတ် တော်၌ ပြန်လည်ရှင်းလင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment