Sunday, March 29, 2015

ဒေဒေါင်းကုမ္ပဏီမှ လယ်ယာသုံးထွန်စက်နှင့်စက်ကိရိယာများ အရစ်ကျစနစ်ဖြင့်ငဖဲမြို့နယ်တွင်ရောင်းချ


မကွေးတိုင်းဒေသကြီး သမဝါ ယမဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန် မှုဖြင့် ငဖဲမြို့နယ် သာယာကုန်း ကျေးရွာတွင် ယခုလ ၂၄ ရက် နံနက်က အောင်ဇမ္ဗူလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမ အသင်းမှ အသင်းသားများ၊ပြည်သူ များ စိုက်ပျိုးရေးကဏ္ဍတွင် ထုတ် လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ(DAEDONG) ဒေဒေါင်းကုမ္ပဏီက လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ် ဖြင့် ပံ့ပိုးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင်(DAEDING) ဒေဒေါင်းကုမ္ပဏီ တာဝန်ရှိသူများကဒေသခံတောင်သူ များအားတွေ့ဆုံပြီး စက်ပစ္စည်း ဝယ်ယူမှုနှင့်ပတ်သက်၍ စတင် ဝယ်ယူသည့်နေ့တွင် စက်ပစ္စည်း တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းပေးသွင်း ရမည်ဖြစ်ပြီး တစ်နှစ်ပြည့်သည့်နေ့ တွင်တန်ဖိုး၏ ၅ ရာခိုင်နှုန်းနှင့် စက်ပစ္စည်းတန်ဖိုး၏ ၉ဝ ရာခိုင် နှုန်းအပေါ် တစ်နှစ်အတွက်အတိုး ပေးသွင်းရမည်ဖြစ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။
60 HP Tractor ထွန်စက် တစ်စီးကို ဦးထွန်းလွင်ဆိုသူက ဝယ်ယူခဲ့ပြီး မြင်းကောင်ရေ(၆ဝ) အားရှိကာ ကျပ် ၂၄၂၁၆ဝဝဝ ဈေး နှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ကျပ်သိန်း ၂ဝဝ နှင့်အထက်ဖြစ်၍ ဝယ်ယူသည့်နေ့မှ ခုနစ်နှစ်အတွင်း အကျေပေးဆပ်ရမည်ဖြစ်သည်။
ငဖဲမြို့နယ် သမဝါယမဦးစီးဌာန နှင့် မြို့နယ်သမဝါယမအသင်းစု အနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ အသင်းသားတောင်သူများကျယ်ပြန့် စွာသိရှိနားလည်အသုံးပြုနိုင်စေရန် သရုပ်ပြပွဲများ ဆက်လက်ကျင်းပ၍ စည်းရုံးဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
The Union Daily

No comments:

Post a Comment