Friday, March 20, 2015

မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန် လက္ခဏာများ မြင်တွေ့နေရကြောင်း ကုလသမဂ္ဂအရာရှိပြောကြား


မြန်မာနိုင်ငံ၏ အနာဂတ် ကို အဓိပ္ပာယ်ဖွင့်ဆိုမည့် ရွေး ကောက်ပွဲကျင်းပရန်ရှိသော နှစ် အတွင်း မြန်မာနိုင်ငံသည် ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် နောက်ကြောင်းပြန်နေသည်ဟု မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ လေ့လာစောင့်ကြည့်နေသူ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက မတ်လ ၁၈ ရက်တွင် ပြောသည်။

‘‘နောက်ကြောင်း ပြန်လှည့် နေတဲ့ စိုးရိမ်စရာလက္ခဏာတွေ့ ရှိနေပြီး တချို့နယ်ပယ်တွေမှာ နောက်ကြောင်းပြန်လှည့်မှုက အရှိန်အဟုန် ရနေပါတယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ဟီးလီက ဂျီနီဗာမြို့တွင် သတင်းထောက်များအား ပြောကြားသည်။


မြန်မာနိုင်ငံတွင် တရားဝင် ကြေညာထားသော နိုင်ငံရေး အကျဉ်းသား ၂၇ ဦးရှိသည်ဆို သော်လည်း အခြားတက်ကြွလှုပ် ရှားသူ ၇၈ ဦးမှာ နိုင်ငံရေးဆိုင်ရာ စွဲချက်များဖြင့် ထိန်းသိမ်းခံထားရ ပြီး နောက်ထပ်လူပေါင်း ၂၀၀ မှာ အမှုရင်ဆိုင်စစ်ဆေးခံနေရသည် ဟု မစ္စစ်လီက ပြောကြားသည်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူများမှာ ပုံမှန်စောင့်ကြည့် ထောက်လှမ်းခြင်းခံနေရပြီး အချို့သောပုဂ္ဂိုလ်များမှာ သက်တမ်း ကျော်လွန်နေပြီဖြစ်သော အသ ရေဖျက်မှုနှင့် နိုင်ငံတော်လုံခြုံရေး ဥပဒေများဖြင့် အကျဉ်းချခံထား ရသည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေးလမ်းဖွင့်ပေးခြင်းအတွက် ချီးကျူးခံထားရသည့် သမ္မတ ဦး သိန်းစိန် အစိုးရက ယခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုအပေါ် လူထုဆန္ဒခံယူရန် ကတိပြုထားသည်။ သို့သော် အစိုးရခေါင်းဆောင်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းနှင့် ပိုမိုညီညွတ်စေရေး တိုက်တွန်းချက်များကို ပိတ်ပင်တားဆီးနေပုံပေါ်သည်ဟု မစ္စစ်လီကပြောသည်။

ယခုလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင် သွင်းသော အစီရင်ခံစာ တစ်ရပ် တွင် မစ္စစ်လီက မြန်မာနိုင်ငံ၌စိုးရိမ်ကြောက်ရွံ့မှု၊ မယုံကြည်မှု နှင့် ရန်လိုသည့် အခြေအနေများ ပိုများလာကြောင်း ထောက်ပြ ထားသည်။

ထို့အပြင် မျှတသော ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒများ လက်ခံ ကျင့်သုံးရေးနှင့် ပြင်းထန်သော အမျိုးသားရေးဝါဒဆီသို့ လက်ရှိ ရွေ့လျားမှု၊ ဘာသာရေးအမုန်း တရားနှင့် ပဋိပက္ခဆီသို့ ရွေ့ လျားနေမှုများကို ပြောင်းပြန်လှန် ရန် မစ္စစ်လီက မြန်မာနိုင်ငံအစိုးရ အား တိုက်တွန်းထားသည်။

လွှတ်တော်သို့ တင်သွင်း ထားသည့် လူမျိုးရေးနှင့် ဘာသာ ရေးဆိုင်ရာ အဆိုပြုထားသော ဥပဒေ လေးခုက ခွဲခြားဆက်ဆံ ရေးသဘောထားများကို ခိုင်မာ လာစေမည်ဖြစ်ကာ မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာပေါင်းစုံ နေထိုင်သော လူ့အဖွဲ့အ စည်းတစ်ခုဖြစ်လာရန် အတားအဆီးဖြစ်နေကြောင်း မစ္စစ်လီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဇန်န၀ါရီလက မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သည့် ခရီးစဉ်အတွင်း အမြို့မြို့အနယ်နယ်တွင် ပြင်းထန်သော ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု မစ္စစ်လီကပြောကြားသည်။

သို့သော်ယခုနှစ်နှောင်းပိုင်း တွင် မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးတွင် ၎င်း၏လုံခြုံရေးအတွက် မြန်မာအစိုးရက အသေအချာဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ထားကြောင်း မစ္စစ်လီကပြောသည်။
Ref:NY Times

1 comment:

  1. ဘန်ကီမွန်းနဲ့ ယန်ဟီလီကို ကင်ဂျုံအန်းနဲ့ စောက်ခွက်ရိုက်ခိုင်းရမှာ။အမေရိကန်လီးစုပ်နေတဲ့ သူတောင်းစားနဲ့ ဖာသယ်မ။

    ReplyDelete