Sunday, March 29, 2015

ထားဝယ်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အသက်ဝင်လာမည်ကို ဒေသခံများစိုးရွံ့



မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ် သည့်  ထားဝယ်မြို့ တွင် လွန်ခဲ့သော ၂နှစ်ခန့်က သီဟိုဠ်ခြံအသေးစားလေးကို မနုမေနှင့် ခင်ပွန်းတို့ စတင်လုပ်ကိုင်ခဲ့ပါသည်။ သို့သော် လွန်ခဲ့သော ၂ နှစ်ခန့်ကစပြီး သူတို့၏ ဘဝက မအေးချမ်းနိုင်တော့။

မြန်မာအစိုးရနောက်ခံပေး ထားသည့် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းကြီးပြင်ဆင်ရေး အတွက် ၂၀၁၃ နှစ်လယ်လောက် မှာ သူတို့၏သီဟိုဠ်ပင်များဘူဒိုဇာဖြင့်ထိုးလှဲခြင်း ခံလိုက်ရပါသည်။

‘‘ကျွန်မရဲ့ခြံကို    သည် လောက်ငွေလေးနဲ့ ရောင်းလိုက် ရမယ်လို့စိတ်တောင်မကူးဖူးဘူး။ အဲဒီငွေကို ယူတာထက် သေတာ ပဲကောင်းပါတယ်’’ဟု အဆိုပါ မြေအတွက်    လျော်ကြေးငွေ ဒေါ်လာငါးထောင် (မြန်မာငွေကျပ်သိန်းငါးဆယ်ခန့်)အပေးခံရ သည့် မနုငွေက ပြောကြားခြင်း ဖြစ်သည်။ တကယ်တမ်းတွင် ငါးဧကလောက်ရှိသောသူတို့၏ သီဟိုဠ်ခြံက တစ်နှစ်လျှင် ကျပ် သိန်းလေးဆယ်နီးပါးဝင်ငွေ ရှာပေးနေသည်။

မနုမေတို့ကဲ့သို့ ဒေသခံ ခြံ သမားတွေအတွက် အချိန်အခါ အခြေအနေက မကောင်းတော့ ပါ။ အရှေ့တောင်အာရှမှာ အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်လာ မည့် ထားဝယ်အထူးစီးပွားရေး ဇုန်၏ အစပိုင်းဖွံ့ဖြိုးမှုလုပ်ငန်း များ စတင်ရန် နေပြည်တော် အစိုးရနှင့် ထိုင်းအစိုးရတို့အကြား လက်မှတ်ထိုးမည့်အခမ်းအနား က အချိန်မရွေးဆိုသလိုဖြစ်လာ နိုင်သည်။ အကယ်၍ ဆက်လက် ဆောက်လုပ်ဖြစ်ပါက အမေရိ ကန်ဒေါ်လာ သန်း ၅,၀၀၀ ရင်းနှီး မြှုပ်နှံမည့် ထားဝယ်စီးပွားရေးဇုန် သည် အိန္ဒိယနှင့်တရုတ်နိုင်ငံ အကြား မဟာဗျူဟာမြောက် တည်ရှိနေသော မြန်မာကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရအောင်ကူညီပေးရန်ရည်ရွယ်ပါသည်။

ထိုင်းနိုင်ငံအီတာလျံထိုင်းကုမ္ပဏီက တည်ဆောက်မည့်ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများသည် ကီလိုမီတာ ၂၀၀ ခန့်မြေအကျယ်ပေါ်တွင် တန်ချိန်သန်း ၂၅၀တင်ဆောင်နိုင်မည့် ကုန်တင်ယာဉ်များထားရှိရန်ရည်ရွယ်သည်။ ထိုပမာဏမှာ အမေရိကန်နိုင်ငံ လော့စ်အန်ဂျ လိစ်နှင့် နယူးယောက်ရှိ ကုန်တင်ဆိပ်ကမ်းများကို ပေါင်းထားသည့်ပမာဏထက်ပင်ကြီးသေးသည်။

‘‘ထားဝယ်က ဒေသတွင်း အခြေခံဖွံ့ဖြိုးမှုတွေအတွက် ဆက် သွယ်ရေးကအဓိကကျပါတယ်’’ ဘန်ကောက်အခြေစိုက် အတိုင် ပင်ခံကုမ္ပဏီတစ်ခုမှ သုတေသီ ချာရွယ်ဆတ်ဘွန်ဆရန်ကပြော ကြားသည်။

အဆိုပါဇုန်တွင် စက်ရုံများ၊ ကိုယ်ပိုင်ကျောက်မီးသွေးတွင်း၊ စွမ်းအင်စက်ရုံများအပြင် လာ ရောက်ကြသော စီးပွားရေးလုပ် ငန်းရှင်များအတွက် ကြယ်ငါးပွင့် ဟိုတယ်များနှင့် ဂေါက်ကွင်းများ လည်း ပါဝင်မည်ဖြစ်သည်။

ထားဝယ်ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ ကုန်တင်ယာဉ်များအနေဖြင့် အာရှကို ရောက်ရှိရန် သယ်ဆောင်ရမည့် အချိန်တို တောင်းစေမည်။ ထို့အပြင် တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး သမုဒ္ဒရာကိုဖြတ်သွားရမည့် ရှည်လျားသည့်လမ်းကြောင်းကို လမ်းလွှဲကာသွားနိုင်သည်။

ထို့အပြင် ၂၀၂၅ တွင် ပြီး မြောက်မည့်အဆိုပါစီမံကိန်းက အလုပ်အကိုင်   တစ်သိန်းခန့် ဖန်တီးပေးနိုင်ခြင်းကြောင့် ဒေသခံတို့၏ စီးပွားရေးအတွက်လည်း အကျိုးရှိမည်ဟု အီတာလျံထိုင်းကုမ္ပဏီကပြောသည်။

ထိုအချက်သည် အတင်း အဓမ္မနေရာပြောင်းရွှေ့ခံရသည့်  သောင်းနှင့်ချီသော ထားဝယ် ဒေသခံတွေအတွက် အနည်းအကျဉ်း သက်သာရာရစေသည်ဟု ဒေသခံအစိုးရမဟုတ်သောအဖွဲ့အစည်းတွေကပြောသည်။

‘‘စီမံကိန်းမစသေးပေမယ့် ဒေသခံတွေမှာက ဝင်ငွေတွေဆုံး ရှုံးနေပြီ။ ဘာလို့လဲဆိုတော့ စီမံကိန်းစဖို့ပြင်တဲ့အနေနဲ့ မြေ တွေကသိမ်းနေပြီလေ’’ဟု ထား ဝယ်အမျိုးသမီးသမဂ္ဂ သုတေသန မှူးဒေါ်ချစ်ချစ်ဝင်းကပြောသည်။

အချို့မှာ သူတို့၏မြေနှင့် ဘဝများအတွက် နစ်နာကြေး၊ လျော်ကြေးငွေအနည်းအကျဉ်း ရတာရှိသလို အချို့မှာ လုံးဝမရဘဲရှိခဲ့သည်ဟု အဆိုပါသမဂ္ဂကဆို သည်။

‘‘ထားဝယ်စီမံကိန်းက စရုံပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းက စီးပွားရေး အဓိကကျောရိုးကို ဖျက်ပြီးနေပြီ။ နောက်ထပ်ရှေ့ဆက်မလုပ်ခင် ရပ်တန့်မှဖြစ်မယ်’’ဟု ထိုအရေးကိုဆောင်ရွက်နေသော ဒေါ်စုစု ဆွေကပြောသည်။ ငွေကြေးမလုံလောက်မှုကြောင့် ၂၀၁၃ မှာခေတ္တရပ်ခဲ့ရသော အချက်ကို သူတို့ကထောက်ပြသည်။

သို့သော် ၂၀၁၄ နောက်ပိုင်း တွင် မြန်မာအစိုးရနှင့် ထိုင်းအစိုးရ တို့ကြားက သံတမန်ရေးရာအား ထုတ်မှုကြောင့် စီမံကိန်းက ပုံမှန် လမ်းကြောင်းပေါ်သို့ ပြန်ရောက် လာသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးမှုအသင်းကလည်း စီးပွားရေးဇုန်အတွက် နစ်နာကြေးပေးသည့်ကိစ္စသည် မလုံလောက် မပြည့်စုံဟု ပြောသည်။ ထို့ပြင် ထားဝယ်စီမံကိန်းသည် လူသား များ၏အခြေခံလူ့အခွင့်အရေး များကိုချိုးဖောက်နေသည်ဟု သူတို့ကမှတ်ချက်ချသည်။

အီတာလျံထိုင်းကုမ္ပဏီက တော့ ထိုလေ့လာဆန်းစစ်မှုများ ကိုသဘောမတူခဲ့ပါ။

‘‘ရွာသားအများစုက ကျွန် တော်တို့ကို သည်ဒေသကိုလာ စေချင်ပါတယ်။ ကျွန်တော်တို့က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရော၊ စက်ရုံတွေနဲ့ ဆိပ်ကမ်းတွေ ပြီးရင်ရော အလုပ်တွေအများ ကြီးပေးနိုင်မှာပါ’’ဟု   ကုမ္ပဏီ ဈေးကွက်မန်နေဂျာပရာဗီးကန်မို ကန်ချနာကပြောကြားသည်။

ကုမ္ပဏီသို့ တာဝန်ရှိသူများအနေဖြင့် ထားဝယ်ဒေသ အကြိမ်ပေါင်းများစွာသွားရောက်ပြီး ဒေသခံတွေကို ထိုစီမံကိန်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ဂိတ်တံခါးပေါက်ကြီး  အသစ်ပါဟု သွားရောက်ဆွေး နွေးပြောပြခဲ့ သည်ဟုသူကဆိုသည်။

ကုမ္ပဏီအနေဖြင့် စီးပွားရေးဇုန်နှင့် ၁၀ ကီလိုမီတာအကွာတွင်အိမ်ရာများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဘုရားများပါ ဒေသခံများအတွက်ဆောက်လုန်ရန်အစီ အစဉ်ရှိပါသည်။

‘‘ထားဝယ်စီမံကိန်းက လုပ် ငန်းရှင်တွေအတွက်သာမဟုတ် ပါဘူး။ ဒေသခံအရပ်သားတွေ အတွက်လည်း တကယ့်ကို အကျိုးရှိပါတယ်’’ဟု သုတေသီချာရွတ် ကရှင်းပြသည်။ ထိုကဲ့သို့ ဒေသ အတွင်း အရေးပါပြီးမဟာဗျူ ဟာအဓိကကျသော စီမံကိန်းကြီး သည့် နှောင့်နှေးစရာအကြောင်း မရှိဟု သူကပြောကြားခဲ့သည်။
—Ref: Reuters

No comments:

Post a Comment