Monday, March 30, 2015

ရွှေပေးသွင်းရန် ကျန်သောကုမ္ပဏီငါးခုကို တရားစွဲမည်ဟု အစိုးရကြေညာ


ရွှေပေးသွင်းရန် ကျန်ရှိ သည့် ကုမ္ပဏီငါးခုမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် များကို တရားစွဲမည်ဟု သတ္တု တွင်းဝန်ကြီးဌာနက မတ်လ ၂၉ ရက်တွင် နိုင်ငံပိုင်သတင်းစာများ ၌ ကြေညာထားသည်။
ရွှေသတ္တုအသေးစားထုတ် လုပ်မှုလုပ်ငန်းကို သတ္တုတွင်းဝန် ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး အချို့ကုမ္ပဏီများသည် ရွှေပေးသွင်းရန် ပျက်ကွက်သဖြင့် ယခုကဲ့သို့ တရားစွဲဆိုရန်စီစဉ်ခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။
ဝန်ကြီးဌာနသို့ ရွှေပေးသွင်း ရန် ကျန်ရှိသည့် ကုမ္ပဏီငါးခုမှာ အံ့ဖွယ် ကမ္ဘာ၊ မိုးသောက်ကြယ် သစ်၊ ခုနစ်ခုသောရာစုနှစ်၊ အောင်စစ်သွေးနှင့် မြန်မာထာဝရတည် တံ့သော ကုမ္ပဏီတို့ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ငါးခုမှ ဒါရိုက်တာအဖွဲ့များကို ယခုဘဏ္ဍာနှစ် မတ်လအကုန်တွင် ရွှေပေးသွင်းရန် အကြောင်းကြားသော်လည်း လာရောက်ပေးသွင်းခြင်းမရှိသဖြင့် မကြာမီ တရားစွဲဆိုမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

အမှတ် (၂) သတ္တုတွင်းလုပ် ငန်းသို့ ရွှေသတ္တုအသေးစားထုတ် လုပ်မှုလုပ်ငန်းစာချုပ်ချုပ်ဆိုလုပ် ကိုင်ပြီး စာချုပ်အရ ရွှေမသွင်း သည့် ကုမ္ပဏီများကို တရားစွဲဆိုအရေးယူသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
ဝန်ကြီးဌာနက ၂၀၀၇ မှ ၂၀၁၂ အတွင်း နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိပြီး ဌာနသို့ ဆက်သွယ်ခြင်းမရှိသည့် ကုမ္ပဏီ ပေါင်း ၃၅ ခုရှိသည်ဟု ထုတ်ပြန် ထားသည်။
အဆိုပါ ရွှေကြွေးကျန်များ မှာ နိုင်ငံတော်သို့ တစ်လချင်းပေး သွင်းသည့်စနစ်ဖြစ်သည့် ယခင် နည်းစနစ်ဟောင်းအရဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသောပုံစံတွင် ကြွေးများ ထပ်မံတင်ခြင်းမရှိတော့ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။
ကုမ္ပဏီများထံ ၀န်ကြီးဌာနက ဆက်သွယ်အကြောင်းကြားသော်လည်း ကုမ္ပဏီများက ထပ်မံသက်တမ်းမတိုးတော့ခြင်းနှင့် မူလလိပ် စာတွင်မရှိတော့ကြောင်း ကြုံတွေ့ခဲ့ရသည်ဟု ၀န်ကြီးဌာနမှ သိရသည်။ ရွှေကြွေးကျန်ပမာဏမှာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိ ရွှေကျပ်သားပေါင်း တစ်သိန်းကျော်ရှိသည်ဟု သိရသည်။
ရွှေတူးဖော်ရာတွင် အကြီး စားလုပ်ကွက်နှင့် အသေးစားလုပ် ကွက်ဟူ၍ နှစ်မျိုးရှိပြီး ဧက ၂၀ ကိုအသေးစားသတ်မှတ်ကာ ရွှေစင် ၂၄ ကျပ်သားကြိုတင် တင်သွင်း ရသည်။ အကြီးစားလုပ်ကွက်ကို ဧက ၅၀ အထက်သတ်မှတ်ပြီး လုပ်ကွက် ငါးခုရှိကာ အ သေးစားလုပ်ကွက် ၄၇၂ ကွက်ရှိ သည်။
7Day Daily

No comments:

Post a Comment