Monday, March 30, 2015

ပဲခူးတက္ကသိုလ် ကျောင်းသားတချို့ အကျဉ်းကျ ကျောင်းသားများအတွက် လက်ပတ် အဖြူနှင့်အနက် နှစ်မျိုးပတ်၍ ဝတ်ပြုဆုတောင်းပွဲပြုလုပ်


၂၆-၃-၂၀၁၅ရက်နေ့ မနက် ၁၀:၃၀ အချိန် ပဲခူးတက္ကသိုလ်ရှေ့တွင် စာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသားများအား ကိုမျိုးကိုကိုခိုင် ဦးဆောင်သော ကျောင်းသားအဖွဲ့ မှ လက်ပတ်အဖြူများ လိုက်လံဝေငှ ပတ်ပေးခဲ့သည်။ ထို့နောက်နေ့လယ် ၂:၁၀အချိန်တွင်လည်း စာမေးပွဲ ဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသားများအား ပဲခူးတက္ကသိုလ် မုဒ်ဦး ရှေ့တွင် လက်ပတ်အနက်များအား ထပ်မံ၍ဝေငှပတ်ပေးခဲ့သည်။

ထိုသို့ လက်ပတ်အဖြူမှ အနက်ရောင်များ ပြောင်းလဲဝေငှ ပတ်ပေးရခြင်းနှင့် ပတ်သက်၍ ပဲခူးတက္ကသိုလ် ကျောင်းသားအဖွဲ့ အား ဦးဆောင်သူ ကိုမျိုးကိုကိုခိုင်အား မေးမြန်းရာ ကိုမျိုးကိုကိုမှ ကျွန်တော်တို့ မနက်က လက်ပတ်အဖြူ ညနေအနက် အာခြင်းပြောင်းလိုက်ရတာက မနက်က လက်ပတ်အဖြူ ဝေတယ် ပတ်ပေးတယ် ကျောင်းသားတွေကလဲ လက်ခံတယ် ဒါပေမယ့်ဆရာတွေ ကျောင်းအာပိုင်တွေအမြင်မှာ ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဝမ်းနည်းချင်း အထိမ်းအမှတ် ပြုလုပ်တဲ့ပုံ မပေါက်ဘဲ ကျွန်တော်တို့က ကျောင်းသားတွေကို နှောက်ယှက်နေတဲ့ပုံ ဆူပူနေတဲ့ပုံ အဲဒီသဘောမျိုး သက်ရောက်နေတယ်လို့ ကျောင်းအာဏာပိုင်တွေက ပြောတယ်ပေါ့နော် လက်ပတ်အဖြူ ဝတ်ပြီးတော့လည်း ကျောင်းသားတွေကို ပေးမဝင်ဘူး အဲဒါကြောင့်ကျွန်တော်တို့က ဒီဆရာတွေပြောတဲ့ ကိစ္စတွေကို ရော ကျွန်တော်တို့ ရဲဘော်တွေ အကျဉ်းထောင်ထဲရောက်နေတဲ့ ကိစ္စကိုရော ဝမ်းနည်းချင်း အထိမ်းအမှတ်နဲ့ ကျွန်တော်တို့ လက်ပတ်အနက်ရောင်ကို ချက်ချင်းပြောင်းလိုက်တာပါ ပြီးတော့ကျွန်တော်တို့ နှောက်ယှက်နေတယ်လို့ အပြောခံရလို့ ဘာစာမှမပါတာကို ပြောင်းလိုက်တာပါလို့ ကျောင်းသား ခေါင်းဆောင် ကိုမျိုးကိုကိုခိုင်က ပြောပါတယ်။
ထို့နောက် ပဲခူးတက္ကသိုလ် ရှေ့တွင်ရှိသော ကြေးသွန်းဘုရားသို့ အနက်ခံပေါ် တွင် အဝါရောင်ခွပ်ဒေါင်း တံဆိပ်ပါသော အလံနှင့် အနက်ရောင် နှင်းဆီ ပန်းတို့အား ကိုင်ဆောင်ပြီး အကျဉ်းကျနေသော ကျောင်းသားများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နှင့် ပြန်လည်လွတ်မြောက်ရန် သွားရောက် ဝတ်ပြု ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး ညနေ(၃)နာရီ အချိန်ခန့်တွင် ပြီးဆုံးပြီး လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
7 day

No comments:

Post a Comment