Monday, March 9, 2015

ခေတ္တရွှေ့ပြောင်းစခန်းမှ ကျောင်းသားမိဘများအား သားသမီးများထံသို့ သွားရောက်ခြင်းမပြုရန် KIA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အတွင်းရှိ ခေတ္တရွှေ့ပြောင်းစခန်းမှ ကျောင်းသားမိဘများအား ၎င်းတို့၏ သားသမီးများ စာမေးပွဲဖြေဆိုရာ မြို့များအသီးသီးသို့ သွားရောက်ခြင်းမပြုရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ခြိမ်းခြောက်တားမြစ်ထားကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်းရှိ နယ်စပ်မှတ်တိုင်အမှတ် (၈)ရှိ ခေတ္တရွှေ့ပြောင်းစ ခန်းမှ ဒဿမတန်းကျောင်းသား၊ ကျောင်းသူ များ၏ အုပ်ထိန်သူမိဘ များမှ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဆဒုံးမြို့ပေါ်ရှိ အထက်တန်းကျောင်းများတွင် ပညာသင်ကြား လျက် ရှိရာ မတ်လ ၁၁ ရက်နေ့တွင် စားမေးပွဲဖြေဆိုကြ မည်ဖြစ်သောကြောင့် ၎င်းတို့၏ သားသမီးများ ထံသို့ သွားရောက်ကာ အနီးကပ်
ပြုစုစောင့်ရှောက်လိုသောကြောင့် သွားရောက်ရန် စခန်းတာဝန်ခံ ဦးယော်ယိန်းထံ ဖေဖေါ်ဝါရီ နောက်ဆုံး ပတ်တွင် ပြောကြားခဲ့သော်လည်း KIA အဖွဲ့မှ သွားရောက်ရန် ခွင့်မပြုကြောင်း ၎င်းမှ ပြန်လည်ပြောကြား ခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးမှ ပြောသည်။
ထို့ကဲ့သို့တားမြစ်ခြင်းရခြင်းမှာ ကျောင်းသားမိဘများမှ ခေတ္တရွှေ့ပြောင်းစခန်းသို့ ပြန်မလာပါက ၎င်းတို့အား အကြောင်း ပြ၍ NGO/ INGO အဖွဲ့အစည်းများ ၏ အထောက်အပံ့မရမည်ကို စိုးရိမ်ခြင်းနှင့် မြို့ပေါ် အထက် တန်း ကျောင်း များ တွင် ပညာသင်ကြားနေသော ကျောင်း သား၊ ကျောင်းသူ များအား ၎င်းတို့ မိဘများရှိရာသို့ ပြန်ရောက်လာပါက KIA အဖွဲ့ အတွင်းသို့ ၀င်ရောက်စေ ရန် ခြိမ်းခြောက်ပြောဆိုမည့် အစီအစဉ်များ ရှိခြင်းကြောင့် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်နိုင် သည်ဟု ၎င်းမှ ဆက်လက်ပြောကြား ပါသည်။
ဇော်မောင်မြင့်(ဗန်းမော်)
kachin Daily News

No comments:

Post a Comment