Friday, March 13, 2015

အီဘိုလာကြောင့် လူသောင်းကျော် သေဆုံးခဲ့တယ်လို့ WHO ပြော

အနောက် အာဖရိကဒေသမှာ နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ခဲ့မှုကြောင့် အထိခိုက် အခံရဆုံး နိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ ဂီနီ နဲ့ ဆီယာလီယွန်း နိုင်ငံတွေမှာ လူပေါင်း ၁ သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

အခုဆိုရင် အီဘိုလာ ကူးစက်မှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေဟာ ရလာဒ်ကောင်းတွေ ထွက်ပေါ်နေပြီး အောင်မြင်နေပေမယ့်၊ သမိုင်းမှာ အဆိုးဆုံး ဖြစ်ပေါ်ခဲ့တဲ့ အီဘိုလာ ကူးစက်ခံခဲ့ရမှုကို လုံးဝ ရပ်တန့်ပစ်နိုင်ဖို့တော့ ထပ်မံ လုပ်ဆောင်ရမှာတွေ ရှိသေးတယ် ဆိုပြီးတော့လည်း WHO က သတိပေးပါတယ်။
ဂီနီ နဲ့ ဆီယာလီယွန်း နိုင်ငံတွေရဲ့ နေရာတချို့မှာ အီဘိုလာ ကူးစက်မှု ဆက်လက် ရှိနေဆဲဖြစ်ပြီး၊ လိုင်ဘေးရီးယားမှာတော့ အသစ် ကူးစက်ခံရတယ်လို့ မကြားရတာ သီတင်း နှစ်ပတ်ကျော်လာပါပြီ။
ဆီယာလီယွန်းမှာ အီဘိုလာ တိုက်ဖျက်ရေး ဆောင်ရွက်ပေးနေရာက ကိုယ်တိုင် ကူးစက်ခံခဲ့ရတဲ့ ဗြိတိသျှ စစ်တပ်က ကျန်းမာရေး ဝန်ထမ်းတစ်ဦးတော့ ဆေးကုသမှု ခံယူဖို့ လန်ဒန်ကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

No comments:

Post a Comment