Monday, April 13, 2015

မဘိမ်းမြို့နယ်အတွင်း၌ တရားမ၀င်ကျွန်းသစ် ၂၇ တန်ခန့်အား တပ်မတော် စစ်ကြောင်းနှင့် ပြည်နယ် သစ်တောဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီး တောအတွင်းတွင် တရားမ၀င်ခုတ်ယူထား သော ကျွန်းသစ် ၂၇ တန်ခန့်အား ဧပြီလ ၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်နယ်သစ်တော ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“လုံခြုံရေးအခြေအနေအရ သစ်တောဝန်ထမ်းတွေချည်းပဲ သွားလို့မဖြစ်နိုင် ဘူးလေ၊ ဒါကြောင့် လုံခြုံရေး လိုက်ပါပေးဖို့ တပ်မတော်စစ်ကြောင်းတွေကို အကူအညီတောင်းရတာပါ။ ကြိုတင်သတင်းရထားတဲ့ အတိုင်းပါပဲ။ တရားမ၀င်ကျွန်းသစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု သစ်တောဝန်ထမ်း တစ်ဦးကပြောသည်။

အဆိုပါနေရာတွင် ကျွန်းသစ်လုံး ၅၇ လုံး၊ ကျွန်းခွဲသားဆိုဒ်စုံ ၃၀၅ ချောင်း၊ စုစုပေါင်း ၂၇ တန်ခန့်အား ဖမ်းဆီးရမိပြီး မဘိမ်းသစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

“ဒီနယ်မြေဟာ ကချင်နဲ့ဆက်နေတော့ သစ်ခိုးထုတ်တာတွေတောက်လျှောက် လုပ်နေကြတာ၊ ကချင်မှာ ကတော့ တိုက်ပွဲတွေဖြစ်နေတော့ တရားမ၀င် သစ်တွေဖမ်းဖို့ဆိုတာ သစ်တောအနေနဲ့ မတတ်နိုင်ဘူး၊ ဒါ ကြောင့် ရှေ့တန်း တပ်မတော်စစ်ကြောင်းတွေကပဲ လိုက်လံဖမ်းဆီးပေးနေရတာပါ။ ဒီဧပြီလထဲမှာ ဖမ်းဆီး ရမိတဲ့ သစ်တန်ချိန်က မနည်းတော့ဘူးဗျ” ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးကဆိုသည်။

တရားမ၀င်သစ်များ ခိုးထုတ်နေမှုကြောင့် တပ်မတော်စစ်ကြောင်းများမှ လိုက်လံပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မကြာမီရက်ပိုင်းက မန်စီမြို့နယ်၊ မထက်၊ မဒယန်၊ မိုင်(၃၀)ဒေသ၀န်းကျင်တွင် သစ်ခိုးထုတ်နေ သော သစ်တင်ယာဉ်(၄၄)စီးအား တပ်မတော်စစ်ကြောင်းများမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။

သော်ဇင်ဦး
Credit >>> Kachin Daily News

5 comments:

  1. ပြည်သူတွေလက်ထဲမှာဆိုယင်မဖမ်းပါနဲ့ အုံး။ကေအိုင်အေနဲ့ တရုတ်လက်ထဲရောက်မှ နယ်စပ်နားမှာတပ်မတော်မှဖမ်းပါလိမ့် မယ်။ပြည်သူလည်းရ နိုင်ငံတော်အတွက်လည်းရဘယ်လောက်ကောင်းလည်း။တပ်မတော်လိုပဲ ရဲနဲ့ သစ်တောဝန်ထမ်းတွေလည်း
    လုပ်စေချင်တယ်။ပြည်သူလက်ထဲမှာတပ်မတော်ကမဖမ်းဘူး ကေအိုင်အေနဲ့ တရုတ်လက်ထဲရောက်မှဖမ်းတာ။

    ReplyDelete
  2. သစ်မှောင်ခိုတရုတ်လက်ထဲရောက်မှဖမ်းလို့ တပ်မတော်ကိုကချင်ပြည်သူတွေချစ်တာပေါ့ ။

    ReplyDelete
  3. သစ်နယ်စပ်ကျော်သွားမှာကိုမစိုးရိမ်နဲ့ ။ကေအိုင်အေကိုတပ်မတော်ကလုပ်ချင်သလိုလုပ်လို့ ရတယ်။ကေအိုင်အေစခန်းတွေက အမြောက် လက်တကမ်းမှာရှိတယ်။ဘယ်နေရာကိုပစ်မယ်ဆိုဘယ်ကနေပစ်ယင်သေချာတယ်ဆိုတာစစ်တပ်မှာရှိပြီးသား။

    ReplyDelete
  4. မန်ဝိန်းကြီးနားက နောင်သောင်းရေဆိပ်အ၀င်လမ်း(နယ်စပ်ကျောက်တိုင်က ရွေလီမြစ်မြန်မာဘက်ခြမ်းသောင်ပြင်ပေါ်မှာစိုက်ထားတဲ့ နေရာ) နဲ့ အင်ဘာဘာ (ကေအိုင်အေ စပေါ်လာတဲ့ ရွာ) အ၀င်ကားလမ်းတွေကိုပိတ်ထားယင်ကားနဲ့ တရုတ်ပြည်ကိုသစ်ခိုးထုတ်လို့ မရတော့ ပါဘူး။လွယ်ဂျယ်နဲ့ ဂိုက်ထိပ်ကြား မန်စီနဲ့ မိုးမိတ်ကြားတောလမ်းတွေကိုစစ်ကြောင်းတွေစိုးမိုးထားယင်မြန်မာသစ်တရုတ်မရောက်နိုင်ပါ။

    ReplyDelete
  5. နန်းလင်းပါနဲ့  ခပ်ပရာ ၊မိုင်းခေါင် ကကေအိုင်အေတပ်ရင်းတွေကိုရှင်းပစ်ပါ။အဲ့ ဒီရွာကရွာသားတွေလည်းကေအိုင်အေတပ်သားတွေချည်းပဲအကုန်ရှင်းပစ်ရမှာ။မန်စီနားကေ၇ခူးနဲ့ မန်ခမ်ရွာတွေကိုရောရှင်းပစ်ပါ သစ်ခိုးထုတ်လိုက်သေနတ်ကိုင်လိုက်လုပ်နေတဲ့ ကချင်တွေလေ ဒါကိုတပ်မတော်ကမသိဘူးလား။စီခမ်းကြီးနဲ့ 
    နန့် ဟန်ကြားထဲက ကောင်လွင်ရွာထဲကကချင်တွေရောရှင်းပစ်ရမှာ။တရွာလုံးတော့ မရှင်းပါနဲ့ တ၀က်ကရှမ်းရွာ ရှမ်းတွေကစစ်တပ်အတွက်အားကိုးရတယ်။မန်စီ မြို့ ကနေနန့် ခမ်းသွားတဲ့ လမ်းက ချောင်းထောက်၊ မထယန်ရွာတွေကိုရောရှင်းပစ်ရမှာအဲ့ ဒီရွာတွေက ၁၉၈၀ခုနှစ်အလွန်တုံးကဆိုစစ်တပ်သွားယင်အမြဲချောင်းပစ်နေတဲ့ ရွာတွေ။မယုံယင်လုပ်ကြည့်ပါကေအိုင်အေဆိုတာအရုပ်ရေးပြရလိမ့်မယ်။တပ်ချင့်း တပ်ချိန်းယင်ဘယ်နေရာတွေချောင်းပစ်တတ်တာရောမပြောကြဘူးလား။တစ်တပ်လာလည်းဒီနေရာပဲချောင်းပစ်ခံ တစ်တပ်လာလည်းဒီနေရာပဲချောင်းပစ်ခံအရင်ငြိမ်းချမ်းရေးမယူခင်ကထဲကဒီကောင်တွေချောင်းပစ်တဲ့ နေရာတွေရှိပြီးသား မြေပုံပေးယင်ချောင်းပစ်တဲ့ နေရာတွေပါအမှတ်အသားမြေပုံထဲမှာလုပ်ထားပေးပါ။တပ်မတော်သားတွေဆုံးရှုံးယင်နမြောစရာကောင်းတယ် ကေအိုင်အေသေတာဘာမှမဖြစ်ဘူးနားတဖက်ပိတ်ကောင်တွေ။သေနတ်နဲ့ ဆက်ကြေးကောက်မယ် ပြီးယင်ဘိန်းရှုမယ်ဒါပဲသိတယ်။ငြိမ်းချမ်းရေးယူလည်းအမြဲအချောင်စားနေတဲ့ ကောင်တွေဆိုတော့ လုပ်စားကိုင်စား လုပ်ချင်မှာမဟုတ်ဘူး။တနည်းနဲ့ မဟုတ်တနည်းနဲ့ လူထုကိုအနိုင်ကျင့် မယ့် ကောင်တွေ။ကချင်ပြည်နယ်တပြည်နယ်လုံးကေအိုင်အေတွေခွေးသေ ၀က်သေ သေကြပါစေလို့ ပဲဆုတောင်းနေကြတာ။စစ်ကားတွေဖြတ်ပြီဆိုယင် အိမ်ရှေ့ ထွက်ပြီးကျန်းမာကြပါစေ ဘေးရန်ကင်းကြပါစေနဲ့ ဆုတောင်းပေးနေကြတာ။ဘယ်သူ့ ကိုနစ်နာစေချင်လို့ ပြောခြင်းမဟုတ်ပါကချင်ပြည်နယ်ကြီး ငြိမ်းချမ်းစေချင်သောဆန္ဒဖြင့် ပြောခြင်းဖြစ်ပါသည်။မပြောပဲ
    ကြောက်ပြီးနေလို့ ကေအိုင်အေမှအမြင်မှန်မရနိုင်ပါ။

    ReplyDelete