Sunday, April 26, 2015

ရန်ကုန်တွင် မေလမှစ၍ ခွေး‘သင်း’ခြင်း ပြုလုပ်မည်

ရန်ကုန်မြို့တော်အတွင်း လေလွင့်ခွေးအန္တရာယ် လျော့နည်းရန်နှင့် ခွေးအရေအတွက် တိုးပွားမှုကို ထိန်း ချုပ်ရန် နှစ်စဉ်ပြုလုပ်လျက်ရှိသည့် ခွေးသင်းခြင်းကို မေလမှ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အကြီးတန်းအရာရှိ တစ်ဦး က ပြောကြားသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက် ပြုလုပ်ခြင်းဖြစ်ကာ ဘုန်းကြီးကျောင်းများကဲ့သို့ ခွေး အများအပြား ရှိသော နေရာများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး သုတ်သင်ရှင်းလင်းခြင်းထက် ပိုမို ထိ ရောက်သော နည်းလမ်း ဖြစ်သောကြောင့် တဖြည်းဖြည်းချင်း တိုးမြှင့်လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“စလုပ်တာတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကပါ။ ခွေး ၂၀၀ ကျော် ‘သင်း’ပြီးပါပြီ။ သုတ်သင်တာကိုတော့ လိုအပ် မှပဲ လုပ်ဖြစ်တော့မယ်” ဟု သူကဆိုသည်။

လေလွင့်ခွေးများ မှတစ်ဆင့် ရောဂါပြန့်ပွားမှု မရှိစေရန် ပြီးခဲ့သောနှစ်အတွင်းက ခွေးပေါင်း ၁၇၀၀၀ ကျော် သုတ်သင်ရှင်းလင်းခဲ့သော်လည်း ခွေးအရေအတွက် တိုးပွားမှုကို မထိန်းချုပ်နိုင်သောကြောင့် ယခုကဲသို့ ခွေး‘သင်း’ခြင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ထုတ်ပြန် ထားသည်။

“သင်းတယ်ဆိုတာက သုတ်သင်တာထက် ပိုကောင်းပါတယ်။ အကုသိုလ်လည်း နည်းသလို ခွေးအန္တရာယ် လည်း ထိန်းချုပ်နိုင်မှာ ဆိုတော့ ပိုကောင်းတယ်လို့ထင်တယ်” ဟု တောင်ဥက္ကလာပမြို့နယ် အမှတ် ၅ ဝိုင်းမှ ဦးပညာသီရိက မိန့်ကြားသည်။

လေလွင့်ခွေးများ သင်းခြင်း၊ သုတ်သင်ခြင်းအပြင် ကျီးကန်းနှင့် ကြွက်များကို ခရိုင်အလိုက် အပတ်စဉ် ပုံမှန်ရှင်းလင်းမည် ဖြစ်ကြောင်း တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly 

1 comment:

  1. အဲ့ ဒီသတ္တ၀ါပြီးယင်ကေအိုင်အေကိုရောရှင်းပေးပါခင်ဗျာ။

    ReplyDelete