Thursday, April 9, 2015

သင်္ကြန်ပွဲတော်တွင်း တားမြစ်ချက် ၈ ချက် ထိုင်းအစိုးရ ထုတ်ပြန်

ay_107796013

၂၀၁၅ ဧပြီလထဲမှာ ကျရောက်တဲ့ အတာသင်္ကြန်ပွဲမှာ အန္တရာယ်ကင်းရှင်းရေး နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ထိုင်းအစိုးရက တားမြစ်ချက် ၈ ချက် ထုတ်ပြန်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အခုလာမယ့် သင်္ကြန်ပွဲတော်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက အဆိုပြုထားတဲ့  ထိုင်းဓလေ့ရိုးရာ ယဉ်ကျေးမှုအတိုင်း ရေကစားရေး အဆိုပြုချက်ကို မတ်လ ၂၇ ရက်နေ့  ၀န်ကြီးများအစည်းအဝေးမှာ သဘောတူပြီး တားမြစ်ချက် ၈ ချက်ကို ထုတ်ပြန်လိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးပြောခွင့်ရ ဗိုလ်မှုး ယုံယုဒ် မိုင်လပ်က ပြောပါတယ်။

အဲဒီတားမြစ်ချက် ၈ ချက်မှာ –
၁)  လျှပ်ပေါ်လော်လီဝတ်စားဆင်ယင်ခြင်း မပြုရန်၊ ထိုင်းရိုးရာဝတ်စုံ သို့မဟုတ် သင်္ကြန်ဆင်အင်္ကျီများသာ ၀တ်ဆင်ရန်။
၂) သင်္ကြန်ပွဲကျင်းပရာနေရာအနီးတ၀ိုက် အရက်ဘီယာ ရောင်းချခြင်း၊ သောက်စားခြင်းမပြုရန်။
၃) ညစ်ပတ်ပေရေစေသည့်  ပေါင်ဒါ၊ ရေခဲ၊ ဖော့စများဖြင့် ကစားခြင်းမှ ရှောင်ကြဉ်ရန်။
၎) ရေပိုက်ဖြင့် အမြင့်မှ အရှိန်ပြင်းစွာ ပက်ဖြန်းခြင်း၊ အန္တရာယ်ဖြစ်စေသော အရာများဖြင့် ရေကစားခြင်းမှ ရှောင်ကြဉ်ပြီး ရိုးရာယဉ်ကျေးမှုအတိုင်း ရေဖလားဖြင့် လောင်းရန်။
၅) ရေကစားရာနေရာ နှင့် အများပြည်သူကြားထဲသို့ ရေတင်ကားများ ၀င်ရောက်ခြင်းမပြုရန်။
၆) သင်္ကြန်ပွဲတော်တွင်း တီးမှုတ်ကခုန်ရာတွင် ထိုင်းရိုးရာယဉ်ကျေးမှုနှင့် လျော်ညီစွာ ဖျော်ဖြေတင်ဆက်ရန်။
၇) ပွဲတော်တွင်း အခြားစီစဉ်တင်ဆက်မှု၊ လှုပ်ရှားမှုများရှိပါက သင်္ကြန်ယဉ်ကျေးမှု၊ ထိုင်းယဉ်ကျေးမှုများကို မြှင့်တင်သည့် အစီအစဉ်များ ဆောင်ရွက်ရန်။
၈) ဒုစရိုက်မှုနှင့် မလိုလားအပ်သော ဘေးအန္တရာယ်များ ကာကွယ်ရေး၊ ယဉ်ကြောများ ထိန်းသိမ်းရေးအတွက် ရေကစားသည့်အချိန်ကို သတ်မှတ်ရန်။
အထက်ပါ တားမြစ်ချက် ၈ ချက်ကို ပြည်သူတွင်း အသိပေးဖြန့်ဝေဖို့အတွက် ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားဖို့ ၀န်ကြီးများအစည်းအဝေးမှာ သဘောတူခဲ့ကြောင်း  အမ်ခွတ်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
DVB

No comments:

Post a Comment