Thursday, April 9, 2015

အဝေးသင်သိပ္ပံဘာသာတွဲများအတွက် လက်တွေ့သင်ခန်းစာသင်ချိန်ကို ရက်ဆက်သင်ကြားခြင်း သည်ထိရောက်သည့် သင်ကြားနည်းပုံစံမျိုးမဟုတ်ဟုဆို

http://i.dailymail.co.uk/i/pix/2015/03/03/0B8EE3DF00000514-2976595-image-a-1_1425343113423.jpg

အဝေးသင်သိပ္ပံဘာသာတွဲများအတွက် လက်တွေ့သင်ခန်းစာသင်ချိန်ကို ရက်ဆက်သင်ကြားခြင်း သည် ထိရောက်သည့်သင်ကြားနည်းပုံစံမျိုးမဟုတ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် ကပြောကြားလိုက်သည်။
ယင်းကဲ့သို့ ပြောကြားခြင်းကို ယခု ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်း၏ ချင်းပြည် နယ်ပလက်ဝမြို့နယ်ရှိ ဆယ်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ်တွင် သိပ္ပံဘာသာတွဲဖြင့် သင် ကြားနေသောကျောင်းသား၊
ကျောင်းသူများသည် သိပ္ပံလက်တွေ့သင်ချိန်များကို အပတ်စဉ်တက် ရောက်နိုင်ခြင်းမရှိသည့်အတွက် သင်တန်းချိန်တစ်ခုဖြစ်သော သိပ္ပံလက်တွေ့သင်တန်းများကို တစ် ပတ်နှစ်ပတ်ဆက်တိုက် သင်ကြားပေးရန် အစီအစဉ်ရှိမရှိမေးမြန်းသည့် မေးခွန်းနှင့် စပ်လျဉ်းပြီးဒုတိယ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သိပ္ပံတွဲတွေက လက်တွေ့မလုပ်ခင် စာတွေ့ကိုအရင်သင်ရပါတယ်။လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသလိုဆက်တိုက်သင်သွားမယ်ဆိုရင် စာတွေ့မရှိဘဲ လက်တွေ့ကိုသွားမယ်ဆိုရင် အရည်အ သွေးရှိတဲ့ ပညာအရည်အသွေးမြင့်မားရေးကို ဦးတည်နေတဲ့အချိန်မှာ ဆက်တိုက်သင်ကြားခြင်းဟာ ထိရောက်တဲ့ သင်ကြားနည်းမျိုးမဟုတ်တဲ့အတွက် ဆက်တိုက်သင်ကြားရတဲ့ အစီအစဉ်ကလဲမရှိသေး ပါဘူး” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
အဝေးသင် သိပ္ပံဘာသာတွဲများအတွက် လက်တွေ့သင်တန်းများကို နှစ်ပတ်လျှင်တစ်ကြိမ်၊ စနေ၊ တနင်္ဂနွေနှစ်ရက်တက်ရောက်စေပြီး ပညာသင်နှစ်တစ်နှစ်လျှင် သင်တန်းစုစုပေါင်း (၁၁) ကြိမ် ၂၄ ရက်တက်ရောက်စေကြောင်း၊ ဝိဇ္ဇာဘာသာရပ်များကို စာသင်နှစ်တစ်နှစ်လျှင် ၁၀ ရက်အနီးကပ်တက် ရောက်စေလျက်ရှိကြောင်း သိရသည်။
“အဝေးသင်ပညာရေးစနစ်ဟာ ဆရာနဲ့ကျောင်းသားတွေ့ဆုံ သင်ကြားတဲ့အချိန်ကို နည်းနည်းပဲယူပြီး တော့ သင်ထောက်ကူပစ္စည်းများ အသုံးပြုပြီးသင်ကြားပို့ချရတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့်သင်သူတွေ အနေနဲ့ ကိုယ်တိုင်သင်ကြားမှုကို အခြေခံထားတဲ့စနစ် ဖြစ်ပါတယ်။ သိပ္ပံဘာသာရပ်တွေရဲ့ သဘောသ ဘာဝကတော့ လက်တွေ့သင်တန်းချိန်တွေကို မဖြစ်မနေတက်ရောက်ရမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ လက်အောက်တွင် အဝေးသင်ဌာနခွဲပေါင်း ၃၀ ခန့်ရှိကြောင်း သိရသည်။
Democracy Today Daily

No comments:

Post a Comment