Sunday, April 12, 2015

အလှပြယာဉ် ၅၀ ကျော်အနက် မြို့မ တစ်ဖွဲ့သာကျန်တော့တဲ့ မန္တလေးသင်္ကြန်ရေစီးကြောင်း


မန္တလေးသင်္ကြန်ဆိုရင် ပထမဆုံး ပြေးမြင်ကြ မှာကတော့ မန္တလေးကျုံးကြီးနားက ရေကစား မဏ္ဍပ်တွေပါပဲ။ တကယ်လည်း မန္တလေးမှာ အစည်ကားဆုံးက မန္တလေးကျုံးဘေးက ရေကစားမဏ္ဍပ်တွေပါပဲ။ မန္တလေး သင်္ကြန်က ကျုံးပတ်ဝန်းကျင်မှာပဲ သွားစုပြီး စည်းကားနေတာမျိုး ပါ။

မန္တလေးမြို့ခံတဦး ဖြစ်တဲ့ ကိုပြည်စိုင်းက “လည်ပတ်စရာက မန္တလေးကျုံး ပတ်မယ်။ ပြီးရင် ဦးပိန်တံတား သွားမယ်။ စွယ်တော်လေးတို့ ရေတံခွန်တို့ သွားလို့ ရတယ်။ စစ်ကိုင်းဘက်ကိုလည်း သွားလည်တဲ့ သူတွေ ရှိတယ်။ တော်တော် များများက ဦးပိန်တံတားကို သွားကြတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မန္တလေး သင်္ကြန်မှာ မဏ္ဍပ်တိုင်း ရက်အပြည့် ပက်ကြပြီး ဒီနှစ်မှာတော့ မဏ္ဍပ်တွေကို ကျုံးတဖက်စီမှာ ၁၀ ခုစီလောက် ပဲ ထားမယ်လို့ သိရပါတယ်။ ကျုံးရဲ့ တောင်ဘက်ကတော့ အစည်ကားဆုံး ဖြစ်ပြီး ကျုံး အရှေ့ဘက်မှာ ဌာနဆိုင်ရာ မဏ္ဍပ်တွေ၊ အနောက်ဘက်မှာ ကတော့ တနိုင်တပိုင် မိသားစု မဏ္ဍပ်လေးတွေ ရှိပါတယ်။

စီးပွားရေး လုပ်တဲ့ မဏ္ဍပ်တွေကတော့ ရက်အပြည့်ပက်မယ် ဆိုရင် ကျပ် ၅ သောင်း ဝန်းကျင် ရှိနိုင်တယ် လို့ သိရပါ တယ်။ အဲဒါက အစားအသောက်ပါသလို ဖယ်ရီလည်း စီစဉ်ပေးထားပါတယ်။

ပြီးတော့ မန္တလေးသင်္ကြန်မှာ စတုဒီသာ မုန့်လုံးလေးတွေ အပါအဝင် မြန်မာမုန့် လုပ်ကျွေးတာ၊ အအေးတိုက်တာတွေ ရှိသလို သင်္ကြန်တွင်း ဒုလ္လဘဝတ်တဲ့ ဘုန်းကြီးကျောင်းတွေ ကလည်း ဆွမ်းကပ် တာတွေ ရှိပါတယ်။ အများစု လည်ပတ်ကြတာ ကတော့ ကားတွေနဲ့ မော်တော် ဆိုင်ကယ်တွေ ပါပဲ။

မန္တလေး သင်္ကြန်ဆိုရင် ယဉ်ကျေးမှု သင်္ကြန်လို့ ပြောလို့ရတဲ့ မန္တလေး သင်္ကြန်၊ အလှပြကားတွေနဲ့ သင်္ကြန်ဟာ အခုဆိုရင် ကွယ်ပျောက်သွားရတဲ့ အခြေအနေကို ရောက်နေပြီလို့ မန္တလေးမြို့ အခြေစိုက် စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါ တယ်။ မန္တလေးမှာ တူးပို့ တူးပို့သံ သင်္ကြန်သီချင်းလေးတွေ ရှားပါးလာသလို Pop တွေ၊ Rock တွေ နေရာ ယူလာပြီး DJ ပွတ်တာတွေနဲ့ ကခုန်ရတဲ့ သင်္ကြန်ဖြစ် လာတာပါပဲ။

“ညပိုင်းမှာ ဆိုရင်လည်း ဖျော်ဖြေရေး မဏ္ဍပ်တွေ သိပ်မရှိတော့ဘဲ မြို့တော်ဝန် မဏ္ဍပ်လောက်ပဲ ရှိတော့တယ်။ ရပ်ကွက်တွေ ထဲမှာ ရပ်ကွက်အသင်း မဏ္ဍပ်တွေ မရှိတော့ဘူး။ အလှပြယာဉ် ဆိုရင်လည်း အရင်တုန်းက အသင်း ပေါင်း ၅၀ ကျော်လောက် ရှိတာ အခုက မြို့မ တသင်းပဲ ကျန်တော့တယ်။ အထူးသဖြင့် ညပိုင်းမှာ က,ပြဖျော်ဖြေတဲ့ မဏ္ဍပ်က လုံးဝ မရှိတော့တာပဲ” လို့ စာရေးဆရာ ဆူးငှက်က ဆိုပါတယ်။

ဧရာဝတီ

1 comment:

  1. ကိုယ်မေကိုလိုး သူတောင်းစား စာရေးဆရာရဲ့ သတင်းကိုဖေါ်ပြနေသေးတယ်။မြို့ တော်ဝန်မဏပ်ရှေ့ မှာငါအခုပဲကြည့် လာတာအလှပြယာဉ်တွေအများကြီးပဲ။အဆိုးမြင်ဝါဒီတွေ ရိုးရာပွဲကိုတောင်မမှန်မကန်သတင်းရေးနေသေးတယ်။ဂျာနယ်တွေ စာရေးဆရာတွေ ငါတို့ နိုင်ငံမှာစိတ်ပျက်စရာအကောင်းဆုံးကောင်တွေပဲ။ အဆိုးမြင်ဝါဒီဆိုတာအခုမှသဘောပေါက်တယ်။

    ReplyDelete