Friday, April 3, 2015

မြန်မာအသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တစ်ပွဲကို ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မြန်မာ့လက်ရွေးစင်အ သင်းအား အိမ်ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ထားမှုကြောင့်  လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အိမ်ကွင်းပွဲတစ်ပွဲကို ကြားကွင်း၌ ယှဉ်ပြိုင်ရ မည်ဖြစ်ကာ ယင်းပွဲကို ထိုင်းနိုင်ငံတွင် ကစားရန် ရွေးချယ်ထား ကြောင်း သတင်းရရှိသည်။

၂၀၁၁ က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် အိုမန် အသင်းတို့၏ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်းပရိ သတ်များ အလွန်အကျူးအားပေး မှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်က မြန်မာနိုင်ငံတွင် လက်ခံ ယှဉ်ပြိုင်ရမည့် အိမ်ကွင်းပွဲစဉ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတစ်ပွဲကို ကြားကွင်း၌ကစားရန် ပြစ်ဒဏ် ချမှတ်ထားသည်။

အဆိုပါ ကြားကွင်းတွင် ကစားရမည့် ပွဲတစ်ပွဲကို အိမ်နီး ချင်း ထိုင်းနိုင်ငံ၌ ကစားရန် ရွေး ချယ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော် ဇော်က ပြောသည်။

‘‘အိမ်ကွင်းပိတ်ဒဏ်ကြောင့် ကြားကွင်းမှာ ကစားရမယ်။ ထိုင်း မှာ ကစားဖို့ ရွေးချယ်ထားတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် သွားလာရလွယ်ကူစေဖို့ ထိုင်းကို ရွေးချယ်လိုက်တာပါ’’ဟု ဦးဇော်ဇော်က ပြောသည်။

 မြန်မာ့လက်ရွေးစင်သည် ၂၀၁၈ တွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ခြေစစ်ပွဲကို ဒုတိယအဆင့်မှ စတင်ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းဒုတိယအဆင့် အုပ်စုမဲခွဲပွဲကို ဧပြီ ၁၄ ရက်တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ဒုတိယ အဆင့်တွင် အသင်းပေါင်း ၄၀ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း၊ ရှစ်အုပ်စုခွဲကာ လာမည့် ဇွန်လ ၁၁ ရက်မှစ၍ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။

7Day Daily

No comments:

Post a Comment