Tuesday, May 12, 2015

နိုင်ငံရေးလုပ်ဇာတ်နှင့် လူထုအနီကတ် (ဒေါက်တာ ရန်မျိုးသိမ်း)



ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုသည့် စ ကားအရတိုင်းရေးပြည်ရေး၊နိုင် ငံရေးသည်အလွန်အမင်း ရှုပ်ထွေးပွေလီသည့် အားလျော်စွာ နိုင်ငံရေးတွင် လုပ်ပွဲ လုပ်ဇာတ် ဒိုင်ပွဲရပ်များကလည်း ဒုနှင့်ဒေးဖြစ်သည်။ ပြည်သူလူထုကို မျက်လှည့်ပြပြီး နိုင်ငံရေးပါတီများကို ကြားလေသွေးကာ နိုင်ငံရေး ခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲအောင် ဖြားယောင်းမည့် ဇာတ်ညွှန်း၊ ဇာတ်အိမ်ခိုင်ခိုင်ခံ့ခံ့ နိုင်ငံရေးဗလာပွဲဆိုလျှင် တိုင်းရင်းသား ပြည်သူလူထု၏ အနီကတ်နှင့် ထိကာ တစ်ခန်းရပ်သွားနိုင်သည်။

မြန်မာ့နိုင်ငံရေးကစားကွင်း တွင် ဒိုင်လူကြီးစစ်စစ်ဖြစ်သော ပြည်သူလူထုသည် ပွဲသိမ်းခရာ မှုတ်နိုင်၊ အနီကတ်ပြနိုင်သည်။ မဏ္ဍိုင်ကြီးသုံးရပ်သည် ပြည်သူ ကိုမျက်နှာမူလျက် ဟန်ချက်ညီညီ မရွေ့နိုင်လျှင် နိုင်ငံရေးသည် ပိတ်မိမည်ဖြစ်သည်။ ပြည်သူလူ ထု ချမှတ်သော စည်းမျဉ်းများ၊ စည်းကမ်းများနှင့်သာ ထိန်းကျောင်းရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထုကို ကျောခိုင်းသော၊ မျက်ကွယ်ပြုသော နိုင်ငံရေးပါတီများနှင့် ခေါင်းဆောင်များသည် နိုင်ငံရေးစစ်ခင်းပွဲတွင် အရေးနိမ့်မည်သာဖြစ်သည်။
ကရင်အမျိုးသားအစည်းအ ရုံး(ကေအင်န်ယူ)၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်)၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားရေး ရာဝန်ကြီးများက ဦးဆောင်ကျင်း ပသည်ဟုဆိုသော ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် မေလ ၉ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အင်းလျား ကန်ဟိုတယ်၌ ကျင်းပခဲ့သည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးသည် ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီလျက်ရှိသည့် အပြင် မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၏ အဓိကတွန်း အားများလည်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲကိုပြည် ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တိုင်းရင်းသားရေးရာဝန်ကြီး များ၊ နိုင်ငံရေးပါတီ ၆၄ ပါတီ၏ ကိုယ်စားလှယ်များ၊ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ခုနစ်ခုမှ ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ် များ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လေ့လာ သူများ စုစုပေါင်း ၁၅၂ ဦး တက် ရောက်ခဲ့သည်။ ဆွေးနွေးပွဲတက် ရောက်လာသူများက လွတ်လပ် မှု၊ တန်းတူညီမျှမှုနှင့် တရားမျှ တမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေး များကို အာမခံချက်များအပြည့် အ၀ရှိသော ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်မှသာလျှင် ငြိမ်းချမ်းရေးနှင့် အ မျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ဆောင်နိုင် မည်ဟု သဘောတူခဲ့ကြသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စ နစ်တို့ကို အခြေခံသည့် ပြည် ထောင်စုသည် ဖက်ဒရယ်ပြည် ထောင်စုပင်ဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ပြီးမှ သာ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အ ကောင်အထည် ဖော်နိုင်မည်ဟု အစိုးရကိုယ်စားလှယ်များ၊ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်များနှင့် အရပ်ဘက်အဖွဲ့အ စည်း ကိုယ်စားလှယ်များက အ ပြည့်အ၀ယုံကြည် သဘောတူခဲ့ ကြသည်ဟု အဓိပ္ပာယ်ကောက် ယူနိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေး လမ်းကြောင်းသည် ဖြောင့်ဖြူး မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်ခြင်းမရှိလျှင် ပြည်နယ်လွှတ်တော်များသည် ပြည်နယ်ဝန်ကြီးချုပ်များကို ရွေးကောက်တင်မြှောက်နိုင်မည် မဟုတ်သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်တို့သည် အလှမ်းဝေးမည် ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီအစီရင်ခံစာတွင် ပြည် ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီများသည် ပုဒ်မ ၂၆၁ ပြင် ဆင်ရေးကို ထောက်ခံထားပြီး ဖြစ်သည်။ လာမည့် လွှတ်တော် အစည်းအဝေးများတွင် ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက် ခံမှုဖြင့် ပုဒ်မ ၂၆၁ ကို ပြင်ဆင် နိုင်ခဲ့မည်ဆိုလျှင် ဖက်ဒရယ် ပြည်ထောင်စုလမ်းစပေါ်မည်ဖြစ် သည်။ အကယ်၍ ပုဒ်မ ၂၆၁ ကို မပြင်ဆင်နိုင်ခဲ့လျှင် ဖက်ဒရယ် ပြည်ထောင်စုသည် စာရွက်ပေါ် တွင်သာရှိမည်ဖြစ်သည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု များကို ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီ အမြန်ဆုံး စတင်ကျင်းပနိုင်ရေးနှင့် ရွေး ကောက်ပွဲ အလွန်တွင်လည်းဆက်လက်ကျင်းပပြုလုပ်နိုင်ရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် တက်ရောက် သူများအားလုံးက သဘောတူခဲ့ ကြသည့်အချက်ကိုမူ ဘ၀င်မကျ လှပေ။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုများကို အမြန်ဆုံး စတင်ကျင်းပရန် ခိုင်လုံသော အ ကြောင်းပြချက်မရှိဟု သုံးသပ်နိုင် သည်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက် ရေးတို့၏ အဓိကနိုင်ငံရေးဆုံချက် ဟုဆိုနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ၂ နှစ်ကျော် အချိန်ဆွဲလျက်ရှိသည့် လက်ငင်းနိုင်ငံရေးတွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ရွေး ကောက်ပွဲမတိုင်မီ အမြန်ဆုံး စတင်ကျင်းပခြင်းထက် ပြည်သူ လူထုကို မျက်နှာမူသော ဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ကနဦးဖော်ဆောင်သင့်သည်။
၂၀၁၅ ဖေဖော်ဝါရီလ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိက၀တ်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ လွှတ်တော်တွင်း၊ လွှတ်တော်ပ အဓိကပါတီများ အပါအ၀င်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အသံများကို ယေဘုယျထင်ဟပ်နေရန် ပဓာနကျသည်။ အစိုးရနှင့် အာ ဏာပိုင်များဘက်မှ မသိမသာ ရပ်ပြီး တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း များ၊ တိုင်းရင်းသားပါတီများ၊ သော့ချက်ပါတီကြီးများကို ပါးပါး နပ်နပ် ဖိအားပေးသည့် အသွင် ဆောင်မည်ဆိုလျှင် နိုင်ငံရေးအ ရ ကျိုးကြေနိုင်ခြေရှိသည်။ ငြိမ်း ချမ်းရေးနှင့်အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ခဲလေသမျှ သဲရေကျရကိန်းရှိနေသည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ကို ဖွဲ့စည်းမည်မှာ ကောင်းမွန်သော်လည်း ပါဝင် မည့်သူများသည် ပြည်သူလူထုကို လက်တွေ့ကျကျကိုယ်စားပြုရ မည့်အပြင် အစိုးရနှင့်နီးစပ်သူ များ၊ အစိုးရနှင့် ပလူးပလဲလုပ်သူ များ၊ နည်းနိုင်သမျှနည်းနည်း (သို့ မဟုတ်) လုံးလုံးမပါအောင် စီမံ ဆောင်ရွက်သင့်သည်။ အဖွဲ့အ စည်းများများပါခြင်းသည်ကောင်း သော်လည်း ငါးသိုင်းများဟင်းဟုံမည့်အလားအလာနှင့် လူများပြီးပွဲမစည်သည့် အနေအထားများကို ရှောင်နိုင်ရှားနိုင်ရေး အလေးပေးသင့်သည်။
အချုပ်အားဖြင့်ဆိုသော် တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်း ဟောင်းနွမ်းသထက် ဟောင်းနွမ်းနေဆဲကာလဖြစ်လင့်ကစား ဆွေးနွေးပွဲ(သို့မဟုတ်)စားပွဲဝိုင်းနိုင်ငံရေးသည် အ ကျိုးများနေဆဲဖြစ်သည်။ အမည် မဖော်လိုသော အဖွဲ့အစည်းတစ်ခုက နောက်ကွယ်မှ ကမကထပြု စီစဉ်သည့် ဆွေးနွေးပွဲမျိုး ဖြစ်မည်ဆိုလျှင် မှန်မှန်ကန်ကန်ရပ်တည်သော ပါတီ၊ အဖွဲ့အစည်းများအနေဖြင့် ရောနှောပွန်းပဲ့နိုင်ခြေ ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခုနစ်ဖွဲ့သာ တက်ရောက်ခဲ့ခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအ၀င် အစိုးရ၏ ကိုယ်စားပြုမှုမြင့်မားနေခြင်း၊ ဆွေးနွေးပွဲများ တွင် တန်းတူရည်တူ ပွင့်လင်းမြင် သာစွာ ဆွေးနွေးနိုင်မှုလျော့ပါးနေ ခြင်းတို့သည် ဆွေးနွေးပွဲ၏ ပက တိတန်ဖိုးနှင့် ဂုဏ်သိက္ခာကို မေး ခွန်းထုတ်လျက်ရှိသည်။ အဆိုပါ အခင်းအကျင်းနှင့်အတူ နိုင်ငံ ရေးလုပ်ဇာတ်များဖြစ်လာမည်ဆို လျှင် ပြည်သူလူထုသည် ပလူးပ လဲ နိုင်ငံရေးခေါင်းဆောင်များအား အနီကတ်ပြကာ ကွင်းထဲမှမောင်း ထုတ်နိုင်ဖွယ်ရှိပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။
7 day

No comments:

Post a Comment