Tuesday, May 26, 2015

ဇာဗီကို အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ပီအက်စ်ဂျီကြိုးပမ်းနေ


ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ဘာစီလိုနာအသင်းမှ ကာတာကလပ် အယ်လ်ဆတ်သို့ ပြောင်းရွှေ့တော့မည့် စပိန်ဝါရင့်ကွင်းလယ်ကစားသမား ဇာဗီကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် ကြိုးပမ်း လျက် ရှိနေသည်။

ပီအက်စ်ဂျီအသင်းသည် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းနှင့် မငြိစွန်းစေရန်နှင့် ဇာဗီကဲ့သို့ ကစားသမားကောင်းတစ်ဦးကို ရရှိရန် အယ်လ်ဆတ် အသင်းထံမှ အငှားဖြင့် ပြန်ခေါ်ရန် ကြိုးစား နေခြင်းဖြစ်သည်ဟု ပြင်သစ် သတင်းစာ Le Parisien ကဖော်ပြခဲ့သည်။

ပီအက်စ်ဂျီအသင်း ပိုင်ရှင် နက်ဆာအယ်လ်ခီလာဖီနှင့် အယ်လ်ဆတ်အသင်းပိုင်ရှင်တို့သည် ညီအစ်ကိုများ ဖြစ်သည့်အတွက် ထိုအပြောင်းအရွှေ့ မှာ ဖြစ်မြောက်လာဖွယ်ရှိနေသည်။ ပီအက်စ်ဂျီအသင်းသည် ဇာဗီအတွက် ပြောင်းရွှေ့ကြေးပေးချေမည် မဟုတ်ဘဲ လစာငွေကိုသာ ပေးချေမည် ဖြစ်သည်။

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသော်လည်း ဇာဗီမှာ အခြားဥရောပအသင်းတစ်သင်းတွင် မကစားလို တော့ကြောင်း ပြောဆိုထားသည်။ 'ဘာစီလိုနာကို ပြိုင်ဖက်အဖြစ် မကစားလိုတာကြောင့် အခြားဥရောပ အသင်းတစ်သင်းမှာ မကစားလိုတော့ပါဘူး' ဟု ဇာဗီက ပြောဆိုခဲ့ဖူးသည်။

Ref : 101greatgoals
Mizzima - News in Burmese​ 

No comments:

Post a Comment