Monday, May 25, 2015

အသက် (၆၅)နှစ်အရွယ် အဘွားအို လေးမြွှာပူး မွေးဖွားခဲ့တာကြောင့် ကလေး (၁၇)ဦး ပိုင်ဆိုင်သူ ဖြစ်လာ


အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဂျာမနီနိုင်ငံက အဘွားအိုတစ်ဦးဟာ လေးမြွှာပူးမွေးဖွားခဲ့တာကြောင့် ကလေး (၁၇)ဦး ပိုင်ဆိုင်သူ ဖြစ်လာကြောင်း သိရ ပါတယ်။ ဒါ့အပြင် လေးမြွှာပူးကို ကျန်းမာအသက်ရှင်စွာ မွေးနိုင် တဲ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် စံချိန်တင်သွားခဲ့ ပါတယ်။ ဒါပေမဲ့ အန်နီဂရက်ဟာ လေးမြွှာပူးကို ရက်မစေ့ဘဲ သတ်မှတ်ထားတာထက်(၁၂)ပတ်လောက် စောပြီး(၂၆) ပတ်ကိုယ်ဝန်ဆောင်ပြီး မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။လေးမြွာပူး မွေးဖွားရာမှာ ယောက်ျားလေး (၃)ဦး၊ အမျိုးသမီး (၁)ဦး ဖြစ်ကြောင်း ဂျာမနီသတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ မလိုတော့ပေမယ့် အကောင်းဆုံး ကုသမှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ အန်နီဂရက်ဟာ အရင်က ကလေး(၁၃)ဦး ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒီကလေးတွေကို မတူညီတဲ့ ဖခင်ငါးဦးကနေ မွေးခဲ့တာဖြစ်ပြီး၊ သူတို့တစ်တွေ ရဲ့အသက်ကကိုးနှစ် ကနေ (၄၄) နှစ်ကြားအတွင်း ရှိတယ်လို့ သိရပါတယ်။ အန်နီဂရက်ဟာ အငယ်ဆုံး မွေးချင်းတွေ အဖော် ရအောင် ကလေးရအောင် ယူခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တော့ အန်နီ ရက်မှာ မြေးတွေတောင် ရနေပြီ ဖြစ်ပြီး အချို့ ဆိုရင် ကျောင်းတောင်တက် နေကြပြီ ဖြစ်ပါ တယ်။
အန်နီဂရက်ဟာ လှူဒါန်းထားတဲ့ သုက်ကို ယူပြီး မျိုးပွား အင်္ဂါကုထုံးနဲ့ ကိုယ်ဝန် ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဂျာမနီနိုင်ငံ က တရားမ၀င် သတ်မှတ်ထား တာကြောင့် ယူကရိန်းမှာ သွားရောက် လုပ်ဆောင်ခဲ့ရ ပါတယ်။ ဆရာဝန်တွေက အန်နီဂရက်ရဲ့ အသက်အရွယ်ကြောင့် အန္တရာယ်များကြောင်း သတိ ပေးခဲ့ပေ မယ့် အန်နီဂရက်က ရအောင်မွေးဖွားခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ပြီး (၂၁)ပတ် အကြာမှာ ဓာတ်မှန်ရိုက်ခဲ့ရာ လေးမြွာပူး ဖြစ်နေမှန်းသိခဲ့ရ တာကြောင့် လွန်စွာ အံ့ အားသင့်ခဲ့ ပါတယ်။ အန်နီဂရက်ဟာ ဆရာဝန် တွေ တားမြစ်ထားတဲ့ ကြားက ကိုယ်ဝန်ကို ရယူခဲ့ခြင်း ဖြစ်တာကြောင့် ဂရုစိုက်မှုတွေ ပြု လုပ်ခဲ့ရပြီး၊ နေ့မစေ့ဘဲ မွေးဖွားခဲ့ပေမယ့် ကံတရားကြောင့် ကလေးတွေအားလုံး အသက်ရှင်ခွင့်ရတာ ဖြစ်ပါတယ်။ လေးအန်နီ ဂရက်ရဲ့ ဆရာဝန်ကတော့ လေးမြွာပူး မွေးဖွားတာ ဖြစ်တာကြောင့် အသက်ကြီးငယ်မရွေး အန္တရာယ်များ ကြောင်း၊ မိမိတို့အနေ ဖြင့် အသက်ကြီးတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင် မွေးဖွားခြင်း အပေါ် အတွေ့အကြုံ မရှိသော်လည်း အကောင်းဆုံး ပြုစုစောင့် ရှောက်ပေးနေကြောင်း ဟြေကြားခဲ့ပါတယ်။
Messenger News Journal

No comments:

Post a Comment