Tuesday, May 12, 2015

ဓာတ်ပုံ မဟုတ်တဲ့ ပန်းချီကား

ပုံမှာ မြင်တွေ့နေရတာကတော့ အီတလီနိုင်ငံက ပန်းချီဆရာ Marco Grassi ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားများ ဖြစ်ပါတယ်။ ဓာတ်ပုံများ မဟုတ်ပါဘူး။ အများအနေနဲ့ ရုပ်တရက် ကြည့်လိုက်ရင် ပန်းချီလို့ မထင်ရပဲ ဓာတ်ပုံ တစ်ပံပမာ ထင်မှားအောင်လောက် ပီပြင်လှပါတယ်။

ယင်း အနုပညာကို Hyper realistic Painting လို့ခေါ်ဆိုပြီး Marco ကို အောင်မြင်သွားစေခဲ့ လက်ရာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အီတလီမှာ နေထိုင်တုန်းက အခြား ရေဆေး ပန်းချီများ ရေးဆွဲပြီး ပြခန်းအချို့မှာ ပြသခဲ့ပါတယ်။ အမေရိကန်ရောက်တဲ့အချိန် Hyper Realistic ပန်းချီများ ရေးဆွဲပြီး ပြသခဲ့ရာ လူကြိုက်များလာခဲ့ပါတယ်။ ဒီအတွက် တကယ့်အပြင်မှာ ရှိနေတဲ့ လူများကို မှီငြမ်းပြီး ရေးဆွဲခြင်း ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာမြောက်တဲ့ လက်ရာများကို http://www.marcograssipainter.com/မှာ ဝင်ရောက် လော့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment