Sunday, May 24, 2015

လှေစီးဒုက္ခသည်များကို လက်ခံရန် ဖိအားပေးမှုများကို ရန်ကုန်တွင်ဆန္ဒပြမည်

 ပင်လယ်ပြင်မှ လှေစီး ဒုက္ခသည်များကို လက်ခံပေးရန် အမေရိကန်အပါအ၀င် ဒေသတွင်း နိုင်ငံများက မြန်မာနိုင်ငံအား ဖိအားပေးပြောကြားမှုများကို ကန့် ကွက်ရန်နှင့် အဆိုပါဒုက္ခသည် များသည် မြန်မာနိုင်ငံမှ မဟုတ် ကြောင်း ထုတ်ဖော်ရန် သံဃာ တော်များနှင့် အမျိုးသားအရေး လှုပ်ရှားသူများက မေလ ၂၇ ရက် တွင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။‘‘ကျွန်တော်တို့ နိုင်ငံတွင်းမှာ ကိုက ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေ အများကြီးဗျာ။ ဒီပင်လယ် ပြင်မှာ ဒုက္ခရောက်နေတဲ့ သူတွေကို လက်ခံပေးပါလို့ အတင်းထိုးထည့်နေတာတော့ မဟုတ်သေး ဘူး။ ကျွန်တော်တို့ နိုင်ငံထက် ချမ်းသာတဲ့ နိုင်ငံတွေအများကြီး ပါ။ နောက်ပြီး ဒီလူတွေကလည်း ကိုယ့်နိုင်ငံက လာတဲ့သူတွေ မဟုတ်ဘူးလေ။ ဒါကို လက်ခံပေး ပါလို့ အတင်းထည့်ပေးနေတာ။ အဲဒါကို ကန့်ကွက်မှာပါ’’ဟု ဆန္ဒ ပြကန့်ကွက်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြော သည်။


ဆန္ဒပြကန့်ကွက်ရန် သက် ဆိုင်ရာထံ ခွင့်ပြုချက်တောင်းခံ ထားပြီး လူဦးရေ ၅၀၀ ကျော်ဖြင့် မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် ဗိုလ်စိန်မှန် အားကစားကွင်းမှ လူထုဟစ်တိုင်အထိ စီ တန်းလမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

မေလ ၂၁ ရက်တွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော် လိုက်ပါလာသည့် လှေနှစ်စီးသည် ရခိုင်ပြည်နယ် မောင်တောမြို့ နယ် သင်္ဘောကွေ့ကျေးရွာ အ နောက်ဘက် ရေမိုင်လေးမိုင်ခန့် အကွာသို့ ရောက်ရှိလာ၍ တပ်မတော်(ရေ)က တွေ့ရှိကာ ကယ်ဆယ်ထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော အမေရိကန်ဒုဝန်ကြီးသည် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အပါအ ၀င် မြန်မာ့ခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ပူးပေါင်းလုပ်ဆောင်ပြီး ပင် လယ်ပြင်ရှိ ရွှေ့ပြောင်းဒုက္ခသည် များအား ကူညီကယ်ဆယ်ရန် တိုက်တွန်းထားသည်။
7 day

No comments:

Post a Comment