Thursday, May 21, 2015

" ဒီမိုကရေစီ လော်စပီကာ "


မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများ ကို ၁ နှစ်သက်တမ်း တိုးမြှင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။အမေရိကန်လွှတ်တော်ထံ အကြောင်းကြားပြီး ကြေညာလိုက် တာပါ။ ဒါ့အပြင် ထိုကာလအတွင်း အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံမှုကို လည်း အရေးပေါ်အဆင့်မှာပဲ ထားမယ်လို့ အမေရိကန်အိမ်ဖြူတော်က ကြေညာ လိုက်ပါတယ်။ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့်လို့ အမေရိကန်က အကြောင်းပြချက် ပေးထားပါတယ်။ ယခုလိုမျိုး ပိတ်ဆို့မှုတွေ ကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကို ကျွမ်းကျင်သူတွေထံ ဆက်သွယ် မေးမြန်း ထားပါတယ်။

ဦးအောင်နိုင်ဦး (မြန်မာ့နိုင်ငံရေး လေ့လာသူ)
ကျွန်တော်က အတိုက်အခံ ဘဝကတည်းက ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်တာကို မကြိုက်ပါဘူး။ ပြည်ပရဲ့ ပိတ်ဆို့မှုတွေကို အချို့တွေက ဇွတ်ထောက်ခံနေကြပေမယ့် ပိတ်ဆို့မှု တွေရဲ့အကြောင်းကို ပိုပြီးသိလာလေလေ ကျွန်တော်ကတော့ မကြိုက်လေလေ ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရင် ဖအားပေးတာကို လုံးဝမကြိုက်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုပြီး အားပေးကူညီကြရမှာ။ ဒီပိတ်ဆို့မှုတွေကြောင့် မြန်မာ့နိုင်ငံရေး အလားအ လာတွေ က မြန်သွားတာတို့၊ နှေးသွားတာတို့ ဖြစ်လာတာမဟုတ်ဘူး။ ဒီတော့ အမေရိကန်ရဲ့ အခု ပိတ်ဆို့မှုက အပိုကြီးဖြစ်နေတာပေါဗျာ။ ကျန်တဲ့ကဏ္ဍတွေမှာတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှုကရှိမှာ မဟုတ်ပါဘူး။ တစ်ခု ခက်တာကနိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ လက်တွန့်သွားနိုင်တယ်။ ပြည်တွင်းကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့သူ တွေအနေနဲ့ ပိတ်ဆို့မှုတွေ ရှိတယ်လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း လာပြီးလုပ် တော့မှာ မဟုတ်ပါဘူး။ ဒါတော့ ရှိတယ်။ ကျွန်တော်က အမေရိကန်ရဲ့ အခုပိတ်ဆို့မှုကို တစ်ခုပဲ ပြောချင်တယ်။ လုံးဝမကောင်းဘူး။ ဒီပိတ်ဆို့မှုက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အနှောင့်အယှက်တောင် ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဦးဌေးတင့် (နယ်သာလန်ရောက် မြန်မာ့အရေးလေ့လာသူ)
၂ဝဝ၃ မေလ ၃ဝ ရက် ဒီပဲယင်းပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ်က မြန်မာကို ပိတ်ဆို့ထားတာကို သက်တမ်းတိုးလိုက်ခြင်းလို့ သိရပါတယ်။ ဒီဥပဒေက အစိုးရကိုပစ်မှတ်ထားပေမယ့် ယခင် စစ် အစိုးရကို တိုက်ရိုက်ထိခိုက်မှု နည်းပါးခဲ့ပါတယ်။ ဒါကလည်း မြန်မာအစိုးရက အိမ်နီးချင်းနိုင်ငံတွေကို သယံဇာတ ရောင်းချတဲ့လုပ်ငန်း တွေနဲ့ ရပ်တည်နေခဲ့လို့ ဖြစ်ပါတယ်။ အခု ၂ဝ၁၅ အမေရိကန်ရဲ့ မြန်မာအပေါ်အရေးယူပိတ်ဆို့မှု သက်တမ်းတိုးလိုက်ခြင်းကြောင့် မြန်မာပြည်အတွင်းက ငွေမည်းပိုင်ဆိုင်ထားသူတွေအတွက် စဉ်းစားစရာဖြစ်လာမှာပါ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင် တဲ့သူတွေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသူတွေအတွက် ရုတ်တရက် အနှောင့်အယှက်ဖြစ်မယ်လို့ ထင်ရပါတယ်။ တကယ်တမ်း နိုင်ငံသားအချက်အလက်တွေတောင် ပြည့်စုံအောင် မှတ်တမ်းမထားနိုင်သေးတဲ့အခြေအနေ၊ ငွေမည်းတွေကို တရားဝင် ငွေဖြူဖြစ်လာအောင် ချပြနိုင်မှုမရှိတဲ့နိုင်ငံအဖို့ကတော့ အကောင်းရော အဆိုးရော တွက်ဆနိုင်ပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံသားတစ်ယောက် အနောက်နိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံမှာ လာရောက်ပြီး အရင်းအနှီးနဲ့ လုပ်ကိုင်မယ်ဆိုရင် ဥပဒေအရ စိတ်ချရတဲ့အခြေအနေ မရှိသေးဘူးဆိုတာကို အမေရိကန်က မြန်မာကိုအရေးယူပိတ်ဆို့မှု သက်တမ်းထပ်တိုးပြီး ပြသတယ်လို့ ယူဆပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဥပဒေမှာ အာမခံလုပ်ငန်းတွေရှိပါတယ်။ မြန်မာပြည်ကို ရင်းနှီးလုပ်ကိုင်ခွင့်ပေးလိုက်တာနဲ့ သူတို့တိုင်းပြည်က အရင်းအနှီးတွေက အစိုးရနဲ့ အာမခံကုမ္ပဏီတွေက အာမခံရပါတယ်။ ဒါတွေမရှိတော့တဲ့ အတွက် ယခင်ကအတိုင်း အစိုးရနဲ့ကုန်သည်တွေက တရုတ်ကို အဆင်ပြေအောင်ဆက်ဆံကြတော့တာပေါ့။ ဘာတွေ ရိုက်ခတ်နိုင်ပါသလဲဆိုတာတော့ ဗေဒင် ဟောသလို ဖြစ်နေတယ်။ မြန်မာပြည်အခြေအနေက အရာရာမှာတိကျမှုမရှိတော့ဘူး။ ခန့်မှန်းရတာ အရမ်းခက်တယ်။ ဒီကနေ့ မြန်မာပြည်ရဲ့ပေါ်လစီက ယခင်စစ်အစိုးရနဲ့ လုံးဝ မပတ်သက်တာ သေချာသလောက် ရှိနေပေမယ့် အကျိုးဆက်ကို ဆက်ခံနေရတဲ့ ပိတ်ဆို့မှုဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။
ဦးဝင်းဦး
ကြံ့ခိုင်ရေးအမတ်
ပိတ်ဆို့မှု လုပ်တဲ့နိုင်ငံ ကိုလည်းအ ပြစ် မပြော ပါဘူး။ အ ကြောင်းကြောင်းတွေ အများကြီး ရှိမှာပေါ့။ သို့သော်လည်း ဒီပိတ်ဆို့မှုက အခု အစိုးရအ ပေါ်ကိုတော့ ရိုက်ခတ်မှု ရှိသွားပါတယ်။ ပိတ်ဆို့မှုတိုင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ခံရသူတွေက ပြည်သူတွေသာ ဖြစ်ပါ တယ်။
ဒေါ်စန္ဒာမင်း
NLD အမတ်
အခု ပိတ်ဆို့မှုက စစ် လက်နက်ပစ္စည်းတွေရောင်း ဝယ်မှုကိုပဲ အဓိကထားပြီး ပိတ်ဆို့တာဖြစ်တာကြောင့် ပြည်သူတွေအပေါ်ကိုတော့ တိုက်ရိုက် မသက်ရောက် ဘူး။ အရင်တုန်းက ပိတ်ဆို့မှုတွေကပြည်သူတွေအပေါ်မှာ တိုက်ရိုက်ကျတဲ့အတွက် အဲဒီလိုမျိုးဆိုရင်တော့ ကန့်ကွက် မယ်။ ဘာပဲဖြစ်ဖြစ် ဒီပိတ်ဆို့မှုတွေဟာ မကြာမီ ပျက်ပြယ် သွားတော့မှာပါ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖယ် ရှားပေးဖို့အတွက် အမေရိကန်အောက်လွှတ်တော် အမတ် တွေက လက်မှတ်ထိုးပြီးတင်ပြထားတယ်လို့လည်း သိရပါတယ်။ ဒီတော့ ပိတ်ဆို့မှုတွေဟာ မကြာမီ ရှိတော့မှာ မဟုတ်ဘူး။
ပေါ်ပြူလာနယူးစ်

No comments:

Post a Comment