Tuesday, May 12, 2015

KIA အဖွဲ့မှ ဒုတပ်ကြပ် အဆင့်ရှိသူတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရတနာဆင်သီရိကုမ္ပဏီ စွန့်ပစ်မြေစာပုံအနီးတွင် ရေမဆေး ကျောက် ရှာဖွေနေသော KIA အဖွဲ့ဝင်တစ်ဦးသည် အစိုးရတပ်စခန်းတစ်ခုသို့ လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းတပ်စခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မေလ ၁၀ ရက်နေ့၊ နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် ပိန်းခွန်ယန် KIA စခန်းမှ မောင်ယိမ်ယော် အသက် ၂၂ နှစ်၊ အောင်ကပြေရပ်ကွက်၊ မိုးညှင်းမြို့နယ်နေသူသည် ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းတွင် KIA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းခြင်း ခံခဲ့ရပြီးနောက် ၂၀၁၅ခုနှစ်၊ မတ်လတွင် အိမ်ပြန်ရန်ခွင့်ပေးခဲ့သဖြင့် ပြန် လာပြီး KIA စခန်းသို့ ပြန်မသွားချင်သောကြောင့် အစိုးရတပ်စခန်းသို့ အလင်းဝင်ရောက်ခြင်း ဖြစ်ကြောင်း အလင်းဝင်ရောက်ခဲ့သူ မောင်ယိမ်ယော် မှ ပြောသည်။

“KIA စခန်းတွေမှာ နေရထိုင်ရတာ တော်တော်ဒုက္ခရောက်ပါတယ်၊ အစားအသောက်လည်း ဆင်းရဲပြီးတော့ ခိုင်းတာလည်း လူနဲ့မတူအောင်ကို အခိုင်းခံရတယ်၊ အဲဒါကြောင့် ခွင့်ပြန်လာပြီးတည်းက ပြန်မသွားတော့ပဲ ဖားကန့်ဘက်မှာ ရေမဆေးကျောက်ရှာပြီး စားဝတ်နေရေး ကို ဖြေရှင်းတော့ မယ်လို့ ဆုံးဖြတ်ပြီးတော့ အစိုးရ စစ်တပ်ဆီမှာ အလင်းဝင်ရောက်ခဲ့တာပါ”ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။
ယင်းသို့အလင်းဝင်ရောက်သူများအား KIA အဖွဲ့မှလိုက်လံဖမ်းဆီး လျက်ရှိကြောင်းနှင့် အလင်းဝင်ရောက် သွားသည်ဆိုပါက ၎င်းနေထိုင်ခဲ့သောရွာမှ လူစားပေးရမည်ဟုဆိုကာ လူငယ်များအား လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း များ ပြုလုပ်လျက် ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးမှလည်း ပြောသည်။
ထွန်းအောင်ကျော် (မိုးညှင်း)
Kachin Daily News

No comments:

Post a Comment