Tuesday, June 2, 2015

ကားတင်သွင်းမှု ဟန်ဆောင်ဘဏ်စာရင်းဖွင့်ခွင့်ရပ်ဆိုင်းပြီး တရားဝင်ငွေလွှဲခွင့်ပြုသင့်ပြီလား

အပိုင်း(၄)

UMFCCIလေးလွှာအစည်းအဝေးခန်းမတွင် ကားအရောင်းအ၀ယ် ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Motors.com.mm ၀က်ဘ်ဆိုက် မှ ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲ တွင် ဆွေးနွေးဖြစ်ခဲ့သည်များမှ ကားတင်သွင်းမှု ဟန်ဆောင် ဘဏ်စာရင်းဖွင့်ခွင့် ရပ်ဆိုင်းပြီး တရားဝင်ငွေလွှဲခွင့်ပြုသင့်ပြီလားကို စတုတ္ထပိုင်းအဖြစ် ဆက်လက် ဖော်ပြလိုက်ပါတယ်။


 ပါဝင်ဆွေးနွေးသူများက တော့ (၁) ဦးအောင်မြင့် (ဒုတိယ ဥက္ကဋ္ဌ- မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ညွှန်ကြားရေးမှူး (အ ငြိမ်းစား)၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန)၊ (၂) ဦး အေးထွန်း (ဒုတိယဥက္ကဋ္ဌ- စက်မှု ကုန်ထုတ်လုပ်သူများအသင်း၊ ဒု တိယဥက္ကဋ္ဌ Brand New တင် သွင်းရောင်းချသူ လုပ်ငန်းရှင်များ အသင်း၊ မန်နေဂျင်းဒါရိုက်တာ-  Nissan Myanmar)၊ ကိုမင်းမင်း မောင် (မန်နေဂျင်းဒါရိုက်တာ-  ၀န်းရံခကားအရောင်းပြခန်း)၊ကျွန် တော်အရည်ကြို (စာရေးသူ)နှင့် ကိုထွဋ်ထိပ် ( Distinct Trading မန်နေဂျင်းဒါရိုက်တာ) စုစုပေါင်း ငါးဦး စကားဝိုင်းပုံစံစုဖွဲ့ပြီး ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

အရည်ကြို - Brand New နဲ့ပတ် သက်လို့ Brand Newကားအသစ် ရောင်းချမှုအခြေအနေပေါ့။ ဦး အေးထွန်းအနေနဲ့ ပြောပြပေးစေ လိုပါတယ်။

ဦးအေးထွန်း - Brand New ရောင်းချတဲ့အခြေအနေနဲ့ စပ် လျဉ်းလို့ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်ဟာ အခု ထိ ကျွန်တော်တို့ဟာ Used Car Import နိုင်ငံပဲဖြစ်ပါတယ်။ ကျွန် တော်တို့ပြီးခဲ့တဲ့နှစ်က မှတ်တမ်း တွေအရ Brand New ကား တင်သွင်းရောင်းချမှုဟာ (၃)ပဲရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ Used Carက အ များစုအားဖြင့် သက်သာတယ်၊ နောက်ပြီးတော့ ၀ယ်ရပြုရတာ လွယ်ကူတယ်။ နောက်တစ်ခုက လူတိုင်း ၀ယ်သူတတ်နိုင်တဲ့ငွေကြေးအနေအထားရှိနေတဲ့အတွက် ဒီ Used Car ကိုပဲ ပိုပြီးရောင်းချရတဲ့အနေအထားရှိပါတယ်။


 သို့သော်ငြားလည်း ကျွန် တော်တို့တဖြည်းဖြည်းနဲ့တော့ Used Car တင်သွင်းမှုဟာလည်း ကျွန်တော်တို့လိုအပ်တဲ့ ကွာလတီ ရှိဖို့အတွက်လည်း သွားရမှာဖြစ် ပါတယ်။ ဥပမာ Used Car က ဈေးပေါတယ်ဆိုပေမယ့်လည်း၊တကယ်တမ်း တင်သွင်းလာပေ မယ့်လည်း ဒီရောက်တဲ့အခါမှာ ဒီပစ္စည်းဟာ အရည်အသွေးမမီ ဘူးဆိုရင် ပြုပြင်ရတဲ့စရိတ်၊ သူ့ရဲ့ ကုန်ကျမှုဟာ ပိုပြီးတော့များပါ တယ်။ အဲဒါတွေကိုလည်း ကျွန် တော်တို့က Used Car ကိုစံချိန်စံ ညွှန်းတစ်ခုနဲ့တင်သွင်းပြီး သတ်သတ်မှတ်မှတ်    လုပ်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန် တော်တို့ဘာကိုဆောင်ရွက်သင့် သလဲဆိုရင် ကျွန်တော်တို့ဒီလိုမျိုး ကားတင်သွင်းမှုကနေ တစ်ဆင့် နိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှု မြန် မာနိုင်ငံမှာလာရောက်ပြီးတော့ ဆောင်ရွက်နိုင်တဲ့စိတ်ဝင်စားမှု မျိုးရှိအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော် တို့နိုင်ငံတကာကလာတဲ့သူတွေ က ဒီမြန်မာပြည်မှာ ကျွန်တော်တို့ Used Car တင်သွင်းဖို့ကလည်း ထိုက်သင့်တဲ့ကွာလတီကွန်ထရိုး တွေနဲ့ လုပ်တယ်လေ။ Brand New တင်သွင်းဖို့ကလည်း အဲဒီ အတိုင်းပဲလွယ်ကူတဲ့၊ လွယ်ကူ ညင်သာပျော့ပျောင်းတဲ့ ပေါ်လစီ နဲ့ လုပ်စေချင်တာပေါ့လေ။ ကျွန် တော်တို့ Brand New ရင်းနှီးမြှုပ် နှံမှုကုမ္ပဏီတွေကိုလာပြီးတော့ ဆောင်ရွက်ချင်အောင် လွယ်ကူ အောင် ဆောင်ရွက်ပေးတာပေါ့ လေ။

လောလောဆယ်မှာတော့ ကျွန်တော်တို့အခြေအနေက အဲဒီ အခြေအနေကိုရောက်ဖို့လုပ်နေ တာပေါ့လေ။ Brand New ကား အခြေအနေကတော့ ကျွန်တော် တို့ရဲ့လက်ရှိ Car Market မှာ အားလုံးကအမြတ်အစွန်းရတဲ့ကုမ္ပဏီကတော့ အင်မတန်နည်းပါတယ်။ ကျွန်တော်သိရသလောက် ကတော့  များသောအားဖြင့် နောက်ထပ်နှစ်ပေါင်းငါးနှစ်၊ ၁၀ နှစ်ကိုမျှော်ကိုးပြီးတော့ စပြီး တော့လုပ်နေကြတဲ့ အနေအထား ရှိပါတယ်။ တကယ်တမ်းကတော့ Brand New ကားဟာ ဒီလောက် ကြီးရောင်းရမလွယ်သေးပါဘူး။

အရည်ကြို - ကိုထွဋ်ထိပ်ရေ ကျွန် တော်တို့နိုင်ငံမှာ ကားတစ်စီးဝယ် မယ်ဆိုရင် အသစ်ဝယ်တာများ လား၊ အဟောင်းဝယ်တာများ လား။ အစ်ကို့အမြင်ပေါ့။

ကိုထွဋ်ထိပ် - လက်ရှိမှာတော့ အ ဟောင်းက ခုနကအစ်ကိုပြောသ လိုပေါ့လေ။ အဟောင်းကပိုများ နေတယ်ဗျ။ အဲဒါကျတော့အဓိက နိုင်ငံတော်သွားချင်တဲ့ ပေါ်လစီနဲ့ လည်း တိုက်ရိုက်သက်ဆိုင်တယ်နဲ့တူတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာက ကားမော်ဒယ်နိမ့်တဲ့ဟာကို   အခွန်ကပိုပြီးနည်းနေတယ်။

အရည်ကြို - ကားဟောင်းတွေ သွင်းစေချင်လို့ထင်တယ်နော်။ ဟဲဟဲဟဲ။

ကိုထွဋ်ထိပ် - ကျွန်တော်ပြောချင် တာက အဓိကက အဲဒါပဲ။နိုင်ငံ တော်ရဲ့ပေါ်လစီဆိုတာ အကယ် ၍ မော်ဒယ်အနိမ့်နဲ့အမြင့်မှာဆို ရင်တောင် ပုံမှန်အားဖြင့်ကတော့ ကိုယ့်နိုင်ငံကိုမော်ဒယ်အမြင့်ပိုပြီးများများပေးသွင်းစေချင်တာပေါ့။ပြည်သူတစ်ယောက်အနေနဲ့ စဉ်းစားမယ်ဆိုရင်။

ဒါပေမဲ့လို့ သူတို့သွားတဲ့ချ မှတ်ထားတဲ့ပေါ်လစီက မော်ဒယ် နိမ့်ကဈေးပေါမယ်၊ မော်ဒယ်မြင့် က ဈေးကြီးမယ်ဆိုတဲ့ပုံစံမျိုး သွား နေသရွေ့ကတော့ ကျွန်တော်တို့ ထင်တယ်။ နည်းနည်းအခက်အ ခဲတော့ ရှိနေဦးမှာပဲ။ ဒီ Brand New မော်ဒယ်အမြင့်တွေကို အား ပေးချင်တယ်ဆိုရင် နိုင်ငံတော်အ နေနဲ့ အဲဒီပေါ်လစီပိုင်းလေး အ ခွန်ကောက်ခံပုံအပိုင်းလေးကို နည်းနည်းပြန်သုံးသပ်ရမယ်။ ပြင်ဆင် ရမယ်လို့ထင်ပါတယ်။

အရည်ကြို - နိုင်ငံခြားမှာ သိန်း ၅၀ နဲ့ဝယ်ရတဲ့ အာရာဖတ်တစ်စီး က ကျွန်တော်တို့နိုင်ငံမှာဝယ်မယ် ဆိုရင် သိန်း ၂၀၀ လောက်နဲ့ ၀ယ်နေရပါတယ်။ သိန်း ၂၀၀ လောက်ဆိုရင် Brand Newကား တစ်စီးကိုတော့ ၀ယ်စီးလို့ရနေပါ ပြီ။ Brand New သိန်း ၂၀၀ တန် စီးမယ်ဆိုပြန်တော့လည်းအင်ဂျင် ပါဝါနိမ့်ကားအသေးတွေပဲရနေ တယ်။ Brand New မှာလည်း အင်ဂျင်ပါဝါမြင့်အကောင်ကြီး တွေစီးမယ်ဆိုရင်လည်း သူတို့က အခွန်နှုန်းထားတွေက အရမ်းများ တယ်။

ကိုထွဋ်ထိပ် - ဟုတ်ပါတယ်။

အရည်ကြို - Brand New ကား အသစ်ကို အခွန်ဈေးကြီးပြီးတော့ ဘယ်လိုပြောမလဲဆိုတော့ နိုင်ငံ တော်ကပြည်သူလူထုကို အ ဟောင်းများများစီး(မော်ဒယ်) နိမ့်တွေကို ပိုစီးစေချင်တဲ့ပုံစံမျိုး။ အခွန်ကိုဈေးလျှော့မပေးတာပေါ့ နော်။

ကိုထွဋ်ထိပ် - ဟုတ်ပါတယ်။ အဲဒီ လိုကြီးဖြစ်နေပါတယ်။

အရည်ကြို - Brand New အသစ် ကို အခွန်လျှော့ပေးရမယ်လို့ ကို ထွဋ်ထိပ်လည်းမြင်တယ်ပေါ့။

ကိုထွဋ်ထိပ် - အသစ်ကိုမှမဟုတ် ပါဘူး။ အကယ်၍ ဥပမာပေါ့ဗျာ ဒီနိုင်ငံတော်အနေနဲ့ ဘယ်နှနှစ် စာလောက်ကို သူမျှော်ကိုးသလဲ ပဲ။ အဓိကကတော့ သူတို့သတ် မှတ်တဲ့အပေါ်မူတည်ပြီး ဒီကား တွေဈေးကွက်က အများကြီး ပြောင်းသွားတယ်ဗျ။ ဥပမာ ကျွန် တော်တို့ ၁,၃၀၀ စီစီလေးတွေကို CLF ၅,၀၀၀ သတ်မှတ်ပြီးတဲ့အခါ မှာ ရန်ကုန်မှာ ၁,၃၀၀ စီစီလေး တွေအရမ်းများသွားတယ်။

အရည်ကြို - တကယ်တမ်း ကျွန် တော်တို့ ဒေါ်လာငါးထောင်မက ဘဲနဲ့ ၀ယ်ရတဲ့ကားတွေပါတယ် နော်။ ၂၀၁၃ မော်ဒယ်တို့ဘာတို့ ဆိုရင်။

ကိုထွဋ်ထိပ် - ဟုတ်တယ်။ အဓိ ကကတော့ ကျွန်တော်ပြောချင် တာကတော့ သူတို့လိုချင်တဲ့လမ်း ကြောင်းကို နိုင်ငံတော်အနေနဲ့ ဆွဲ သွားတာပေါ့။

အရည်ကြို - အစ်ကိုဈေးချချင် တာကို သူတို့ဆွဲချလိုက်တာပေါ့ နော်။ (၁,၃၀၀ စီစီကိုဆိုလိုပါ သည်။)

ကိုထွဋ်ထိပ် - သူတို့ပေးသွင်းချင် တာကို နိုင်ငံတော်အနေနဲ့ ခေါ် သွားနိုင်ခွင့်ရှိပါတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အတွက် နိုင်ငံတော်ပေါ်လ စီနဲ့လည်း သက်ဆိုင်မယ်ထင်ပါ တယ်။

အရည်ကြို - ဒါပေမဲ့ အဲဒီ ၁,၃၀၀ စီစီကားလေးတွေက အစ်ကိုတို့ ရန်ကုန်ရယ်၊ ကျွန်တော်တို့မန္တ လေးရယ် လမ်းကောင်းတဲ့မြို့ကြီး တွေအတွက်ပဲ အဆင်ပြေတယ် ဗျ။ ဥပမာ နယ်ဘက်တွေကို ၁,၃၀၀ စီစီနဲ့သွားမယ်ဆိုရင်လုံး ၀အဆင်မပြေဘူးနော်အစ်ကို။

ကျွန်တော်တို့နယ်တွေမှာက လမ်းတွေနဲ့ကိုက်ညီတဲ့ အင်ဂျင်ပါ ၀ါ (၂၀)(၂၅) နဲ့မှအဆင်ပြေမယ်။ အင်ဂျင်ပါဝါ (၂၀)(၂၅) သွင်း မယ်ဆိုရင်လည်း မော်ဒယ်အနိမ့် သွင်းရတော့တယ်။ ၂၀၁၀ အ ထက်ကားတွေနဲ့ Brand New လည်းငွေမမီဆိုတော့ ကျွန်တော် တို့နယ်ကလူတွေက ဒီယာဉ်အို ယာဉ်ဟောင်းစလစ်ကို ဈေးကြီး ပေးဝယ်နေရတယ်။

အမှန်က ဒီစလစ်က ပြည် ထောင်စုဝန်ကြီးဦးအောင်မင်း ပြောသွားတာမမှားဘူးဗျ။ ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော် တို့ကိုယ်တိုင်က ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ်တကယ့် ကျင် လည်ရာက ကားအဟောင်းတွေ ကို ၀ယ်တယ်။ ပြီးရင် အဲဒါတွေ ကို စလစ်ထုတ်ပြီးတော့ ပြန် ရောင်းတဲ့လုပ်ငန်းကို အဓိကထား ပြီးတော့ လုပ်တယ်။

ပြည်ထောင်စုဝန်ကြီးပြော သွားတာက ဒီစလစ်ဆိုတာ ရပ် သင့်ပြီ  ပျောက်သင့်ပြီဆိုပြီး  သူ ပြောတာမမှားဘူးဗျ။ အဓိကက တော့ ၀ယ်မိတဲ့ပြည်သူပဲနာတာ။ ဒီစလစ်ကားအဟောင်းအစုတ်ကို ၀ယ်ပြီး ကားတင်သွင်းခွင့်ကိုယူရ တယ်။ ပြီးတော့ ဟိုဘက်ကကား ကို အသစ်ဝယ်ရတာမဟုတ်ဘူး။  ၂၀၀၃ မော်ဒယ်ကနေ ၂၀၀၉ မော်ဒယ်အထိ ကားဟောင်းတွေ ပဲဝယ်ရတာ။ မိအေးနှစ်ခါနာတဲ့ ပုံစံမျိုးပေါ့။ ကားအသစ်၊ ကား အကောင်းလည်းမရဘဲနဲ့ အဲဒီစ နစ်ကလည်း လွဲပါတယ်။ ကျွန် တော်ထင်ပါတယ်၊ တစ်နှစ်ကိုသုံး နှစ်သက်တမ်းခန့်ခုန်သွားတဲ့အ တွက်  မကြာမီတော့  ကျွန်တော် ထင်တယ်၊ နောက်တစ်နှစ်၊ နှစ် နှစ်ကနေ သုံးနှစ်အတွင်းမှာ ကား ဟောင်းသမားတွေ၊ စလစ်သမား တွေကနေပြီး ဟာနေပါဦး၊နေပါ ဦးလို့ပြောလို့မရတော့ဘူး။ အ ချိန်တန်ရင် ဒီစနစ်ကလည်း အော် တိုမက်တစ်ရပ်သွားမယ်လို့ ထင် ပါတယ်။ (တစ်နှစ်မှာ သုံးနှစ်ခုန်မှုအရ-(၂၀၁၅-၂၀၀၃) (၂၀၁၆ -၂၀၀၆) (၂၀၁၇-၂၀၀၉)။ ကို မင်းမင်းမောင်ကကော အစ်ကို့အ မြင်လေး ပြောပြပေးပါဦး။

ကိုမင်းမင်းမောင် - ဒီစနစ်ကတော့ ကိုအရည်ကြိုပြောသလိုပေါ့။ အ ချိန်တန်ရင်တော့ ရပ်သွားမှာပါ ကိုအရည်ကြို။ လောလောဆယ် ဒီကားဟောင်းနဲ့ ကားသစ်မှာ ကို အရည်ကြိုပြောသလို ၁,၃၀၀ စီစီ လေးတွေသွင်းမယ့်အစား ကျွန် တော်ထင်တယ်၊  အနည်းဆုံး အင်ဂျင်ပါဝါ ၁,၅၀၀ စီစီလောက် ကနေကြံ့ခိုင်မှုအပိုင်းရော၊ လုံခြုံ စိတ်ချမှုအပိုင်းရော၊ သုံးရလွယ် ကူတာရော၊ကျွန်တော်တို့အင်ဂျင် သက်တမ်းတွေအတွက်ရော ကျွန် တော်ထင်တယ်။ ရေရှည်ကြံ့ခိုင် မှုအပိုင်းတွေမှာတော့ နည်းနည်း လေးစကားပြောမယ်ဗျ။

အဲဒီ ၁,၅၀၀ စီစီလေးတွေ ရော ကားအသစ်ပိုင်းမှာရောနည်း နည်း လေးအစိုးရအနေနဲ့ ပြည်သူတွေ သုံးနိုင်အောင်တော့ သင့်တင့်လျောက်ပတ်သလို လုပ်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်ဗျ။

ကားဟောင်းလေးတွေ အခု လူတွေသုံးနေတာက အခုလူပြိန်း တွေးသလိုပြောရရင် ကိုအရည် ကြိုရေ ခင်ဗျား Wish စီးမလား၊ Premio စီးမလားဆိုရင် ဒါမှမ ဟုတ် နီးနီးစပ်စပ်ဈေးမရှိနေဘူး Wish စီးမလား၊ Fielder စီးမလား ဆိုရင်တောင် လူတွေက Wish ကို စီးချင်တယ်။ ပုံစံလေးတွေဖြစ်နေ တယ်ဗျ။ အမှန်ဆိုရင်တော့ Fielder ကို ပိုပြီးတော့စီးသင့် တယ်။ မော်ဒယ်အရရော၊ကားရဲ့  ကြံ့ခိုင်မှုအပိုင်းအရရော မြန်မာ ပြည်နဲ့ သင့်တော်မှုလည်းပိုရှိ တယ်။ ဒါတွေကို သူတို့ကမစဉ်း စားဘူးဗျ။ Wish မှ Wish လူများ များဆံ့တယ်ပေါ့။ မြန်မာပြည်ရဲ့ ဒါလေးတွေက အစိုးရချမှတ်ထား တဲ့ အဓိက CIS တန်ဖိုးနဲ့ သက် ဆိုင်သလို အစိုးရချမှတ်တာမူဝါဒ အပေါ်မှာ ဈေးနှုန်းလေးတွေ ကြောင့်ဖြစ်သွားတယ်လို့ ကျွန် တော်ကတော့သုံးသပ်တယ်ဗျ။

အရည်ကြို - ဦးအေးထွန်းကို မေး ချင်တာတော့လေ အခု ၁,၃၀၀ စီစီကိစ္စ၊ ၂,၀၀၀ စီစီ၊ ၂,၅၀၀ စီစီ ကိစ္စပေါ့။ အခုသေချာတယ်။ကျွန် တော် နားလည်သလောက်က တော့ ဒီ ၁,၃၀၀ စီစီလေးတွေကို CIS- ၅၀၀၀ သတ်မှတ်တဲ့ကိစ္စက လွှတ်တော်ကလည်း သတ်မှတ် တာမဟုတ်ဘူး။ ဘဏ္ဍာရေးဝန် ကြီးဌာနက သတ်မှတ်တာလည်း မဟုတ်ဘူး။ ကျွန်တော်နားလည် သလောက်က စီးပွားကူးသန်းဝန် ကြီးဌာနက သတ်မှတ်တယ်လို့ ထင်ပါတယ်။ အဲဒါအစ်ကိုအနေနဲ့ ဘယ်လိုမြင်လဲပေါ့လေ။

ဦးအေးထွန်း - ပထမဦးဆုံးစပြီး တော့ ကားတွေဒီဖရီးပါမစ်တွေခွင့် မပြုခင်မှာကျွန်တော်တို့ဒီယာဉ် အိုယာဉ်ဟောင်းလုပ်ကြတာပေါ့ လေ။ အဲဒီအချိန်တုန်းက ဒီ ၅,၀၀၀ မဟုတ်ဘူး။ ၃,၅၀၀  နဲ့စ တယ်။

အရည်ကြို - ၁,၃၀၀ စီစီကိုပြော တာလားအစ်ကို။

ဦးအေးထွန်း - ၁,၃၀၀ စီစီကိုပြော တာမဟုတ်ဘူး။ ယာဉ်အိုယာဉ် ဟောင်းပဲရှိသေးတယ်။ ယာဉ်အို ယာဉ်ဟောင်းဆိုတာက တကယ် တော့ အနှစ် ၂၀ ၊ အနှစ် ၃၀၊ အနှစ် ၄၀ ကြိုက်တဲ့ကားကိုအပ် အပ်ပြီးတော့ပြန်ပြီးတော့အစား ထိုးသွင်းမယ်ဆိုရင် ပထမဆုံးသူ တို့ Invoice တန်ဖိုးက ဒေါ်လာ ၅,၀၀၀ ထက်နည်းတယ်။ နည်း တဲ့အကြောင်းကလည်း ကျွန် တော်ထင်တယ်။ အဲဒီတုန်းက တော့ ဆုံးဖြတ်တဲ့တာဝန်ရှိသူတွေ ရဲ့ ဒီနားထဲကိုရောက်သွားတဲ့ဟာ ပေါ့။ ဂျပန်မှာ ကားတစ်စီးဟာ ယန်း သုံးသိန်းလောက်ပဲပေးရ တယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း ၃၀ လောက်ပဲတန်တယ်။ အဲဒါက တော့ ခုနကပြောသလို ဒီ ၉၉ မတ်တူးတို့ဘာတို့ကတော့ ဟုတ် တယ်။   အဲဒီတုန်းကတော့ တကယ်တမ်း ဒေါ်လာ ၂,၀၀၀ လောက်ပဲပေးရတာ။ သင်္ဘောခနဲ့ ၀န်ဆောင်ခပေါင်းရင်တော့ ဒေါ် လာ ၃,၀၀၀ လောက်ပဲကျတာပေါ့ လေ။ အဲဒီတုန်းက အခြေခံပြီး တော့ ဒီစာကိုသတ်မှတ်ခဲ့တာပေါ့။ ဒီ ၅,၀၀၀ ကြီးက ဒီဘက်ကို ရောက်လာခဲ့တဲ့အခါကျတော့ ဒီ ယာဉ်အိုယာဉ်ဟောင်းနောက်ပိုင်း ဖရီးပါမစ်ပေးတဲ့အခါမှာလည်း ဟာ-ဒီ ၁,၃၀၀ စီစီလေးတွေက ဒေါ်လာ ၅,၀၀၀ လောက်ပဲရှိ တယ်။ တချို့ဆိုရင် FCT တို့ဘာ တို့ဆိုရင် ယန်းသုံးသိန်းလောက်နဲ့ ရတယ်။ ပို့ခနဲ့ဘာနဲ့ဆိုရင်ပေါ့။ ဒါ ပေမဲ့ ပို့ခနဲ့ဘာနဲ့ဆိုရင် ကားတိုင်း ကားတိုင်းကတော့ အဲဒီလိုမျိုးမ ဟုတ်ဘူး။ အဲဒီကားထဲမှာပဲ ခုန ကပြောသလိုပေါ့ မော်ဒယ်မြင့်တဲ့ ဟာကို သွားယူမယ်။ ၂၀၁၃ ကို သွားယူမယ်ဆိုရင် ဒီဒေါ်လာ ၅,၀၀၀ တော့မကဘူး။ တစ်ဖက် ကလည်း ဘာလဲဆိုတော့ စီးပွား ကူးသန်းဝန်ကြီးဌာနက သူကဒါ ကိုသတ်မှတ်ပေမယ့်လည်း ခုနက လို သူ့အနေနဲ့မြှင့်ပြီးတော့ သတ် မှတ်ဖို့ သူလည်းမလုပ်ချင်ဘူးပေါ့။  ဘာလို့လဲဆိုတော့ မြှင့်လိုက်တာ နဲ့ ဒါကအခွန်ကမြင့်တော့မှာ ကိုး ဆိုတော့ အဲဒီလိုအခြေအနေရှိတဲ့ အခါမှာ ၅,၀၀၀ ဆိုတဲ့ဟာကြီးက နောက်ဆုံးကန့်သတ်ချက်ဖြစ်နေ တာပေါ့လေ။ ဒီကန့်သတ်ချက်က အမြဲမမှန်ပါဘူး။ ဒါကိုကျွန်တော် တို့က ကိုးကားတာကိုလုပ်တာပဲ။

အကောက်ခွန်ကကျတော့ လည်း သူကောက်ချင်တဲ့ဈေးနဲ့ ကောက်ပြန်ရော။ ဒီ ၅,၀၀၀ ဆို တဲ့ဟာကလည်း ဒီစာရွက်ပေါ်မှာ ဖြစ်နေတယ်။ အဲဒီလိုမျိုးတော့ဖြစ် နေတာပေါ့လေ။ ဒီတစ်ဆက်တစ် စပ်တည်း  ကျွန်တော်ကဒီကိစ္စ လေးကို ဖြည့်စွက်ပြီးတော့ ပြော တာပါ။ ကိုအရည်ကြိုကနေပြီး တော့ ပြောစေချင်တဲ့အထဲမှာမပါ ဘူးပေါ့လေ။

အခုတကယ်ကိုလိုက်လျော ညီထွေမဖြစ်တာလေးတစ်ခုရှိ တယ်။ အဲဒါဘာလဲဆိုရင် ကျွန် တော်တို့ကားတွေတင်သွင်းတဲ့ အခါမှာ အဲဒီဒေါ်လာ ၅,၀၀၀ ကို ဘဏ်မှာသွားပြီးအပ်ရတယ်။ ဘဏ်မှာ သွားအပ်တယ်ဆိုက တည်းက ဒီငွေနဲ့ကျွန်တော်တို့ဝယ် ဖို့အတွက် ရည်ရွယ်ချက်ရှိတဲ့အ တွက်ဒီငွေကဘဏ်မှာDepostied လုပ်တာလို့ ကျွန်တော်နားလည် တယ်။ သို့သော်ငြားလည်း အဲဒါ က ဒီလိုမဖြစ်ဘူး။ ဒီငွေကဘာ လဲဆိုတော့  ပြီးတဲ့အခါကျရင် ကားရောက်တဲ့အခါ BE ပြပြီး တော့ ဘဏ်ကိုငွေပြန်သွားလွှဲရ တယ်။ ဒီငွေကဘယ်အချိန်မှာသုံး ရလဲဆိုတော့ ကားကြီးကိုယ့်လက် ထဲရောက်တဲ့အခါကျရင် အဲဒီငွေ ကို တစ်ခါပြန်လွှဲရတယ်။ သူက ဘာဖြစ်လဲဆိုတော့ တကယ်ကား ရောင်းချလိုက်တဲ့ နိုင်ငံခြားက ရောင်းချသူက ချက်ချင်းပိုက်ဆံ တောင်းတာ။ ကျွန်တော့်ကို ခင် ဗျားဒီကားဖိုးပေး၊ ကျွန်တော်ကား ပို့ပေးမယ်ဆိုတော့ အဲဒီမှာ ကား ၀ယ်တဲ့သူက ကားဖိုးကိုပေးရ တယ်။ နောက်တစ်ခါ ဒီ ၅,၀၀၀ ကလည်း ဘဏ်မှာ Depostied Delivery Unit သွားလုပ်ရတယ်။ အဲဒီဘဏ်မှာထားတဲ့ ဒေါ်လာ ၅,၀၀၀ Depostied မလုပ်ချင်လို့ ရှိရင် ဒီကြားထဲမှာ ပွဲစားဆိုတာရှိ တယ်။

အဲဒါဘာလဲဆိုတော့ ငွေ ခံပေးတဲ့ပွဲစား။ အဲဒီငွေခံပေးတဲ့ ပွဲစားကလည်း နှစ်သိန်း၊ သုံးသိန်း လောက်ရတယ်ဆိုတော့၊ဘယ်လိုဖြစ်မလဲဆိုတော့ လူတွေက ဘာ လဲဆိုတော့ ရှုပ်ထွေးတဲ့မူဝါဒနဲ့ ခုနကပြောတဲ့ အဆင့်တွေကမမှန် ဘူးပေါ့။ ဥပမာ ကျွန်တော်က အဲ ဒီကိစ္စကို Delivery Unit မှာ ဒုဝန် ကြီး ၁၀ ပါးနဲ့ ဖွဲ့ထားတဲ့အဖွဲ့မှာ တင်ပြဖူးတယ်။ ဒီ ၅,၀၀၀ ကို တ ကယ်ဝယ်တဲ့နေရာကို ပေးခွင့်ပြု လိုက်ပါ။ (နိုင်ငံခြားကို တစ်ခါ တည်းတိုက်ရိုက် လွှဲခွင့်ပြုလိုက် ပါ)ဆိုတော့ အဲဒီအခါကျတော့ ဗဟိုဘဏ်က ခွင့်မပြုဘူးဆိုတဲ့ ဟာမျိုး အဖြေမျိုးပြန်ရလာတယ် လေ။ ဗဟိုဘဏ်ကတော့ သူ့ရဲ့ သဘာဝကတော့ဟာ ဒီငွေတွေ ထွက်သွားလို့ရှိရင် နိုင်ငံတော်က ငွေများကြီးယိုစိမ့်ပြီး ထွက်သွားမ လားဆိုတဲ့ဟာမျိုးတော့ရှိတယ်။

ကျွန်တော့်အမြင်အရတော့ အဲဒီလိုမဟုတ်ဘူး။ ၀ယ်သူတွေ က သူ့ရောင်းတဲ့သူကိုပဲ ပိုက်ဆံ ပေးမှာပဲ။ မဆိုင်တဲ့သူကိုပေးမှာ မဟုတ်ဘူး။ ဒီကြားထဲမှာ လိမ်တဲ့  ကိစ္စရှိကောင်းရှိနိုင်ပေမယ့် ရာခိုင် နှုန်းတစ်ခုပေါ့။ အခုစနစ်ကြီးက ဘာဖြစ်လို့လဲဆိုတော့ ဒီငွေတွေ ကိုပဲ ဘဏ်ထဲကို သွားထည့်၊ အောက်လမ်းကနေလည်း ငွေလွှဲ ဆိုတော့ ငွေတွေစီးထွက်မှုက အ များကြီးဖြစ်တယ်။ ဖြစ်တဲ့အခါကျ တော့ ကျွန်တော်တို့ဒေါ်လာဈေး တွေ အခုတက်နေတယ်။ ဒါတွေ က နှစ်ခါဘာလို့လုပ်သလဲ။ ကျွန် တော်တို့ပြောချင်တာကတစ်ခါ တည်းလုပ်မယ်။ ဒီငွေတွေကို ရောင်းချတဲ့သူတွေထံကို ၀ယ်သူ ကပေးနိုင်ရမယ်။ ဥပမာ TG Advance နဲ့ဖြစ်ဖြစ်၊ LC နဲ့ဖြစ်ဖြစ် ပေးနိုင်ရမယ်။ ဒါမျိုးကို ဆောင် ရွက်ပေးမယ်ဆိုရင် ငွေတစ်ခါပဲ ကုန်မယ်။ ခုနကပြောတဲ့ ကြားပွဲ စားလည်းမရှိတော့ဘူး။ အဲဒါကို အလျဉ်းသင့်လို့ ကျွန်တော်ဖြည့် စွက်ပြောချင်ပါတယ်။

အရည်ကြို - ဟုတ်တယ်။ အစ်ကို ပြောသလိုပဲ ကျွန်တော်တို့က ဂျ ပန်ကနေကားတစ်စီးဝယ်လိုက် တယ်။ ၀ယ်လိုက်တဲ့ကားတစ်စီး  ကို ကျွန်တော်တို့က ဂျပန်ကိုငွေ မလွှဲဘဲနဲ့ မြန်မာပြည်ဘဏ်ထဲမှာ ဒေါ်လာထည့်ပြီး အကောင့်ဖွင့် လိုက်ရုံနဲ့ ဂျပန်ကကားရောင်းတဲ့ သူက ကားကိုတင်မပေးဘူး။ဝယ် ၀ယ်ပြီးချင်း ကျွန်တော်တို့အတတ် နိုင်ဆုံး၊ အလျင်မြန်ဆုံးနည်းနဲ့ ဂျ ပန်ကုမ္ပဏီကိုပေးရမယ့် ပိုက်ဆံ ကို အောက်လမ်းနည်းနဲ့ (တရား မ၀င်ငွေလွှဲ)ပေးလိုက်ရတယ်။

ဥပမာထားပါတော့ ဒီနေ့ ဂျ ပန်ကနေ ကားတစ်စီးဝယ်လိုက် တယ်။ ငွေလွှဲရတော့မယ်ဆိုရင် မြေနီကုန်းနားလေးက ငွေလွှဲတစ် ခုကနေပြီး အောက်လမ်းနည်းနဲ့ဂျ ပန်ကုမ္ပဏီကို ငွေလွှဲလိုက်တယ်။ ဟိုတစ်ဖက်ကလည်း သူ့ဘဏ်အ ကောင့်ထဲကို ငွေရောက်ပြီဆို တော့မှ ကျွန်တော်တို့ဝယ်ထားတဲ့ ကားကို တင်ပေးလိုက်တာပဲ။တင် ပေးပြီး ကျွန်တော်တို့က မြန်မာ ပြည်ရောက်တဲ့ချိန်ကျမှ ကား ထုတ်မယ်။ အဲဒီအချိန်ကျမှ ကား မရောက်ခင် တစ်ပတ်လောက်အ လိုမှာ ပါမစ်လျှောက်ရမယ်။ ပါ မစ်လျှောက်ဖို့အတွက် ဘဏ်စာ အုပ်လိုတယ်။ မြန်မာပြည်မှာက ဘယ်လိုလုပ်ရလဲဆိုတော့ ဘဏ် ထဲကို ငွေတကယ်ထည့်ဖို့အတွက် ကားတင်သွင်းတဲ့သူတွေက မ တတ်နိုင်ဘူး။ အဲဒီမှာ ငွေငှားပြီး ဘဏ်စာရင်းဖွင့်ပြီးထည့်ပေးတဲ့ လုပ်ငန်းတစ်ခုကို ထပ်အပ်ရ တော့တယ်။ ငွေငှားတဲ့ဝန်ဆောင် မှုပေးတဲ့သူကို ကျွန်တော်တို့က နှစ်သိန်း (သို့) သုံးသိန်းပေးပြီး အ လုပ်လုပ်နေရတာပေါ့။ အဲဒီကျ တော့ ငွေကနှစ်ရင်းရင်းနေရတာ ပေါ့။

ဦးအေးထွန်းပြောသလိုပဲ အ မှန်တကယ်ကို  ပြုပြင်သင့်ပါ တယ်။

ကျွန်တော်တို့က မေးခွန်း တွေ မေးတိုင်းမေးတိုင်းမှာ ဘယ် ၀န်ကြီးဌာနက လုပ်ကိုင်မှန်းလည်း မသိ၊ ဆုံးဖြတ်တာကိုလည်း မသိ ဘူးပေါ့လေ။ အခုလိုငွေနှစ်ရင်း ရင်းတဲ့ကိစ္စက ဗဟိုဘဏ်ရဲ့မူဝါဒ ကြောင့်ဆိုတာ ဦးအေးထွန်းပြော မှပဲ ကျွန်တော်သိရတယ်။

အရည်ကြို - ဆရာဦးအောင်မြင့် ရဲ့အမြင်ကိုလည်း   သိချင်ပါ တယ်။

ဦးအောင်မြင့် - Brand New ကား တွေနဲ့ပတ်သက်ပြီးတော့ ကျွန် တော်တို့ပြည်သူလူထုတွေ ကား အသစ်စီးရတာတော့ကောင်းပါ တယ်။ Brand New တွေကို မှတ် ပုံတင်တဲ့အခါမှာ သုံးနှစ်လောက် ယာဉ်စစ်စရာမလိုဘူးပေါ့နော်။ နောက်တစ်ခုက ဒီဘက်မှာ အော် တိုပေါ်လစီနဲ့ပတ်သက်တဲ့ဟာမှာ ပြောမလို့ပါပဲ။ ဒါပေမဲ့ အခုတစ်ခါ တည်းကြုံရင်းနဲ့ပြောပါမယ်။

ပြီးခဲ့တဲ့ကျွန်တော်ဝန်ထမ်း ဘ၀ကတည်းကပေါ့နော်။ ဒီဇုန် ကားတွေကို စပေါ်တယ်။ဇုန်ကား တွေစပေါ်ကတည်းက ကျွန်တော် တို့က Safety အပိုင်းကို စဉ်းစား ထားပြီးတော့ ကျွန်တော်တို့လမ်း ရဲ့မောင်းတဲ့ စစ္စတန်ပေါ့နော်။ ကျွန်တော်အာရ်တီစီကနေ ကည နကိုပြောင်းတဲ့ ၁၉၈၂ မှာပေါ့။ အဲဒီမတိုင်မီလေးမှာ ပထမဆုံး ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်း ရေးဆိုတဲ့ တစ်ခုချားစ်မာကင်တို့ စီစဉ်ခဲ့သေးတယ်။ အဲဒီတုန်းက တော့လုံးဝဖျက်ပဲ။

အဲဒီနောက်ပိုင်းမှာကျတော့ ဇုန်ကားတွေဖြစ်လာတာပေါ့ နော်။ ဇုန်ကားတွေဖြစ်လာတဲ့အခါ မှာလည်း ဇုန်ကားကအများကြီး လျှို့ဝှက်ဆန်းကြယ်တဲ့ကိစ္စတွေရှိ ခဲ့တာပေါ့နော်။

အရည်ကြို - ဆရာဗဟုသုတနည်း နည်းပြောပြပေးပါလား။လျှို့ဝှက် ဆန်းကြယ်ကိစ္စကို။

ဦးအောင်မြင့် - ဒါကတော့ အား လုံးသိနေတဲ့ကိစ္စပါ။ ကျွန်တော် တို့က မြန်မာပြည်မှာလက်နဲ့တူနဲ့ ထုပြီး ဘော်ဒီရိုက်နေတဲ့သူရှိသ လိုပဲ တိုက်ရိုက်အောက်လမ်းက နေ သွင်းလာပြီးတော့ ဆောင်ရွက် တဲ့ဇုန်ကားတွေလည်းရှိပါတယ် နော်။ အခုဆိုရင် အားလုံးသိတာ ပဲ ဒီဇုန်ကားတွေရဲ့အခြေအနေ တွေဟာ ဘယ်လိုရှိတယ်၊ဇုန်ကား တွေဟာ ဘယ်လိုဖြစ်လဲဆိုတာ ပေါ့။

အဲဒီတော့အခုကျွန်တော်  Brand New ကို ပြန်ကောက်ပါ မယ်။ အဲဒီတော့ ကျွန်တော်တို့ဇုန် ကားတွေစကတည်းက ကျွန် တော်တို့အနေနဲ့ Safety ကိုဦးစား ပေးတာပေါ့နော်။ ကျွန်တော်တို့ ဟာ ၁၉၇၀ နှစ်မှာ အားလုံးမီချင် တဲ့သူလည်းမီမှာပေါ့။ ၁၉၇၀ ပြည့်နှစ်မှာ လက်ဝဲကပ်မောင်း စနစ်ကနေပြီး ကျွန်တော်တို့နိုင်ငံ ဟာ လက်ယာကပ်မောင်းစနစ်ကို ပြောင်းလဲလိုက်တယ်။

 လက်ယာကိုကပ်မောင်း လိုက်တဲ့အခါမှာ ကျွန်တော်တို့နိုင် ငံမှာရှိနေတဲ့ ကားအများစုဟာ ဂျပန်ရဲ့ Used ကားတွေကို အသုံး ပြုတဲ့အတွက် စတီယာတိုင်စစ္စ တန်က ပြောင်းပြန်ဖြစ်သွားတယ်။ အဲဒီကတည်းကစပြီး ၁၉၇၀ က တည်းကစပြီး စတီယာတိုင်က ညာဘက်၊ ကားမောင်းတာက လည်း ညာဘက်ဖြစ်သွားတယ်။ အဲဒီလိုတစ်ဖက်တည်းဖြစ်သွားလို့ Road Safety မှာအများကြီးထိခိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော် တို့က ဇုန်ကားတွေလုပ်ရင်လည်း ကျွန်တော်တို့ရဲ့ လမ်းစနစ်နဲ့ကိုက် ညီတဲ့စတီယာတိုင်စနစ်ကို လုပ် ပါဆိုပြီးတော့ ကျွန်တော်တို့က အကြံပြုတယ်။

သို့သော်လည်း ဒီအကြံသည် အပေါ်ရောက်လေရောက်လေ ပျောက်ပျောက်သွားလေပဲ။

အရည်ကြို - ဆရာအဲဒီဟာက ဘယ်မောင်းဆိုအတည်ဖြစ်ပြီး ထုတ်နေဆဲ မကြာမီမှာပဲ ပြန်ပျက် သွားလို့ တချို့ဇုန်ကားထုတ်တဲ့ လုပ်ငန်းရှင်တွေ တော်တော်ဒုက္ခ ရောက်သွားတဲ့ လုပ်ငန်းရှင်တွေ ရှိတယ်လို့ ကျွန်တော်ကြားဖူး တယ်ဗျ။

ဦးအောင်မြင့် - ဟုတ်ပါတယ်။ ဒါ ပေမဲ့  ကျွန်တော်တစ်ယောက် တည်းအနေကတော့  ဘယ်အ စည်းအဝေးမှာပဲမေးမေး၊  ဘယ် ဆွေးနွေးပွဲမှာပဲမေးမေးကျွန်တော် က ဒီမြန်မာနိုင်ငံမှာအနေနဲ့က တော့ ဘယ်ကိုင်ကားကိုပဲမောင်း သင့်တယ်၊ သွင်းသင့်တယ်လို့ ကျွန်တော်ပြောတာပါ။

အရည်ကြို - ဆရာက ဒါဆိုဘယ် မောင်းကို အားပေးစေချင်တာ လား။

ဦးအောင်မြင့် - သွင်းလာမယ့်ကား တွေမှန်သမျှလည်း ဘယ်မောင်း ဖြစ်သင့်တယ်။ ဖြစ်အောင်လည်း ဖြစ်ဖို့လိုအပ်တယ်။ အဲဒီဟာက ပေါ်လစီပိုင်း  ကျရင်လည်း ကျွန်တော် တို့ကပါလာလိမ့်မယ်။ ဒီဟာကိုပဲ တစိုက်မတ်မတ် ဆွေး နွေးကြမယ်။ အဲဒီတော့ Brand New အ သစ်တင်သွင်းမယ့်သူတွေ အနေနဲ့လည်း ဒီပေါ်လစီကိုနည်း နည်း လေး ဟိုဒင်းလုပ်ထားပေးပါ။

ဆက်လက်ဖော်ပြပါမည်။

အရည်ကြို
7 day

No comments:

Post a Comment