Tuesday, June 2, 2015

ပြင်ဦးလွင်တွင် ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းဆိုင်များကို ဖမ်းဆီးအရေးယူ

 ပြင်ဦးလွင်မြို့တွင် ကလေး ကစားကွင်းအမည်ခံကာ ဖွင့်လှစ်ထားသည့်   လောင်းကစားဂိမ်းဆိုင်များကို  စစ်ဆေးဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။
‘‘မေလ ၂၈ ရက်မှာ နယ်လုံ ဝန်ကြီးဦးဆောင်ပြီး အဖွဲ့ ၁၀ ဖွဲ့နဲ့ သတင်းရရှိထားတဲ့ စားသောက် ဆိုင်၊ ကလေးကစားကွင်း၊ နေအိမ်တို့မှာ သွားရောက်စစ်ဆေးခဲ့ တယ်။ ဂိမ်းစက်တွေကို သိမ်း ဆည်းရမိပြီး ပိုင်ရှင်နှစ်ဦးကို အမှု ဖွင့်ထားတယ်။ တစ်ဦးက တိမ်း ရှောင်နေတယ်’’ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။ ပြင်ဦးလွင်မြို့ ဧရိယာအ တွင်း    ကလေးကစားကွင်းအ မည်ခံ လောင်းကစားဂိမ်းဆိုင် များ ဖွင့်လှစ်မှုရှိနေသည်ဟု သ တင်းရရှိပါက ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးမည် ဟု ဆိုသည်။

ပြင်ဦးလွင်မြို့ပေါ်တွင် က လေးကစားကွင်းအမည်ခံ ဖွင့်လှစ်နေသည့်လောင်းကစားဂိမ်းဆိုင် ၅၀ ခန့် ရှိနေပြီး အများစုသည် ကလေးကစားကွင်းများ၊   Net Game ဆိုင်များကို ဗန်းပြ၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ပြင်ဦးလွင်မြို့ခံ   ဦးဇော်မင်းက  ပြော သည်။

‘‘ဒီလိုမျိုးဂိမ်းတွေကြောင့် စာရိတ္တတွေ ပျက်လာတယ်။ ခိုး၊ ဆိုး၊ နှိုက်တွေ များလာတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လည်း ကိုယ့်ရပ်ကွက်ထဲမှာ ဒါမျိုး လုပ်နေတယ်ဆိုရင် သိမှာပဲ။ မသိ ချင်ယောင်ဆောင်နေတဲ့ သဘော ဖြစ်နေတယ်။ ဒါတွေ ပျောက် ကွယ်သွားရင် အကောင်းဆုံးပဲ။ အားလုံးဝိုင်းဝန်းလုပ်ဆောင်မှ ရ မှာပါ’’ဟု ၎င်းက ပြောသည်။

အဆင့်မြင့်ကလေးကစား ကွင်းများတွင် အသုံးပြုသော အ ကြွေစေ့များကို ငွေကြေးအဖြစ် အသုံးပြု၍ တရားမဝင် ဂိမ်းစက် များဖြင့် လောင်းကစားပြုလုပ်နေ သည့်  ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)ရှိ ကလေးကစားကွင်းကို မေလ ၂၉ ရက်က သတင်းအရ ဝင် ရောက်ရှာဖွေခဲ့ရာ ဂိမ်းစက်နှစ်လုံးသိမ်းဆည်းရမိခဲ့သည်။

ကစားကွင်းပိုင်ရှင်ကို ပြင်ဦး လွင်   မြို့မရဲတပ်ဖွဲ့စခန်းတွင် လောင်းကစားပုဒ်မ ၁၄ အရ အမှု ဖွင့်အရေးယူထားကြောင်း မန္တ လေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့ပြင် မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးရှိ ဈေး ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေ ရာ ဆိုင်ခန်းပိတ်ထားပြီး အခန်း ပိုင်ရှင်နှင့် အခြားလောင်းကစား သူများကို မတွေ့ရသော်လည်း တရားမဝင် Shayu Hai Yang တံဆိပ်ပါ ဂိမ်းစက်ငါးလုံး၊ Fish Hunter တံဆိပ်ပါ ဂိမ်းစက်နှစ်လုံး နှင့်အတူ လောင်းကစားပြုလုပ်ရာ ၌ အသုံးပြုခဲ့သည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဆိုင်ပိုင်ရှင်ကို ပို့ကုန်သွင်းကုန်ဥပဒေအရ ခွင့်ပြုချက်မဲ့ပုဂ္ဂလိကစီးပွားဖြစ် ဝန်ဆောင်မှုလုပ်ငန်းတည်ထောင်ဖွင့်လှစ်ခဲ့ ခြင်းအတွက်     ပြင်စာရဲကင်းရဲ တပ်ဖွဲ့စခန်းတွင်    လကစပုဒ်မ ၁၄(က) နှင့် စည်ပင်သာယာဥပဒေပုဒ်မ ၉၁ အရ အမှုဖွင့်ထားကြောင်းသိရသည်။
7 day

No comments:

Post a Comment