Sunday, June 28, 2015

မရဲတရဲ ဈေးစနည်းနာနေသည့် ကျောက်ကုန်သည်များ

တန်ဖိုးအမြင့်ဆုံး  ယူရို ၁၂သန်းအထိ တန်ဖိုးရှိသောကျောက်စိမ်း တုံးကြီးတွေကြားမှာ   လက်နှိပ် ဓာတ်မီးများ၊ တိပ်များနှင့် ရေ ခွက်များကို ကိုင်ဆောင်ထားသည့် ကျောက်ကုန်သည်များက သူတို့၏ကံကြမ္မာကို ရှာဖွေ ကံစမ်းနေ ကြပါသည်။ သည်ကျောက်မျက် ရတနာပြပွဲသည် မြန်မာနိုင်ငံတွင် နှစ်စဉ်ဝင်ငွေအများဆုံးရသည့် ကျောက်မျက်ရောင်းချပွဲလည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသော နေပြည်တော် သည် ယခုလို ကျောက်မျက်ပြပွဲ များရှိလျှင် လူစည်မြဲဖြစ်ပါသည်။ သည်နှစ်ကတော့ ခါတိုင်းလို စည် ကားမနေပါ။ အကျင့်ပျက်ခြစားမှု များနှင့် အကျိုးအမြတ်ရနေသည် ဟု နာမည်ကြီးနေသော ကျောက် လောက ဈေးကွက်အတွင်း အ မြတ်ကြီးစားမှုတွေကို   တရုတ်အစိုးရက  ပြင်းပြင်းထန်ထန် ရှင်းလင်းရေးလုပ်ပြီးသည့်နောက်ပိုင်းမို့ ဖြစ်ပါသည်။

ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်ခဲ့သည့် ၁၃ ရက်ကြာ ကျင်းပသော  ကျောက်မျက်ရတ နာပြပွဲသို့ လာရောက်ရန် မှတ်ပုံ တင်ထားသည့် ကျောက်ကုန်သည်ဦးရေမှာ ယခင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည် ဟု တာဝန်ရှိသူများက ဆိုသည်။ ထိုသို့ဖြစ်ရသည်မှာ တင်းကျပ် သည့် စည်းမျဉ်းများကို ပြဋ္ဌာန်း လိုက်သည့်အတွက်လည်း ဖြစ်ပါ သည်။

အမေရိကန်ဒေါ်လာသန်းချီ ရှိသည့် ဒေသကျောက်စိမ်းဈေး ကွက်၏ အဓိက ရင်းမြစ်များဖြစ် သည့် တရုတ်ကုန်သည်အများစု က သည်ပွဲကနေ ခပ်လှမ်းလှမ်းမှာ ရှောင်နေပါသည်။ ထို့အတွက် ကျောက်စိမ်းကုန်သွယ်မှုနှင့် ချိတ် ဆက်နေသည့် ခိုးထုတ်ခြင်း၊ အကျင့်ပျက်ခြစားမှုနှင့် အတွင်း ရေးပဋိပက္ခတွေအပေါ် မေးခွန်း ထုတ်စရာဖြစ်လာပါသည်။

‘‘မနှစ်ကတော့ အခြေအနေ ကောင်းတယ်။ ဘာလို့လဲဆိုတော့ တရုတ်ကနေ ဖောက်သည်တွေ အတော်များများလာကြတာကိုး။ သည်နှစ်မှာတော့ တရုတ်တွေ အရမ်းနည်းသွားတယ်’’ဟု ကျောက် မျက်အရောင်းဆိုင်က ကြာရီ(Jia Yi)က ပြောကြားသည်။ သူက ဖြတ်သွားဖြတ်လာဈေးဝယ်တစ် ဦးကို ဒေါ်လာသုံးထောင်တန် ကျောက်တစ်လုံးရောင်းဖို့ ကြိုး ပမ်းနေသည်။

သည်ကျောက်မျက်ပြပွဲ သည် မြန်မာစစ်တပ်၊ ပြည်တွင်း ခရိုနီများနှင့် နိုင်ငံခြားကုမ္ပဏီများ သာ လက်ဝါးကြီးအုပ်ခြယ်လှယ် ထားသည်ဆိုသည့် မြန်မာပြည်က သယံဇာတအရင်းအမြစ်တို့၏ အ ချက်အချာ ကျောက်လောကကို ရှားရှားပါးပါး လှမ်းကြည့်အကဲ ခတ်နိုင်သည့် ပြတင်းပေါက်သ ဖွယ်လည်း ဖြစ်ပါ၏။

အမေရိကန်နိုင်ငံ ဟားဗတ် ကတ္ကသိုလ် သုတေသီများခန့်မှန်း ရာတွင် မြန်မာ၏ကျောက်စိမ်း ရောင်းချမှုသည် ၂၀၁၁ တွင် ယူရို ငွေ ၈ ဘီလီယံရှိခဲ့ပြီး ရောင်းချမှု အများစုမှာ နိုင်ငံမြောက်ပိုင်း က ချင်ပြည်နယ်မှ တရုတ်ပြည်နယ် သို့ တရားမဝင် ခိုးထုတ်ရောင်းချ နေခြင်းဖြစ်သည်ဟု ဆိုပါသည်။

ကျောက်စိမ်း၏လှပသော အရောင်အသွေး၊ နှစ်သက်ဖွယ် အသွင်ပုံစံ၊ ကံကြမ္မာအတိတ် ကောင်းတို့နှင့် ဆက်စပ်နေသည့် ယုံကြည်မှုတို့ကြောင့် တရုတ်နိုင်ငံ တွင် နှစ်ပေါင်းများစွာ ကြာက တည်းက ကျောက်စိမ်းကို လိုချင်တပ်မက်မောကြသည်။ လက်ဝတ်ရတနာနှင့် အဆောင်အဖြစ် တန်ဖိုးထားကြသလို ငွေကြေးချမ်းသာသူများက ကျောက်စိမ်း တွေကို သည်အတိုင်း မဖြတ်မ တောက်ဘဲ အိမ်မှာ အလှဆင် ပြသထားတတ်ကြပါသည်။

၂၀၁၁ တွင် အာဏာရလာ သည့် မြန်မာအစိုးရက ကချင် ပြည်နယ်၌ တိုင်းရင်းသား မျိုးနွယ် စုများနှင့် စစ်တပ်အကြား တိုက်ပွဲ များဖြစ်ပွားအပြီး ကချင်ပြည်နယ် က အကြီးစား ကျောက်တွင်းလုပ် ငန်းများကို ယာယီပိတ်ပင်လိုက် သည်။ အဆိုပါ ယာယီပိတ်ပင် ခြင်းကို မနှစ်ကမှ ပြန်လည်ဖွင့်ပေး ခဲ့သော်လည်း ၂၀၁၄ ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းရောင်း ချရမှု ယူရိုငွေ ၂ ဒသမ ၅ သန်း အထိ ရရှိခဲ့ပါသည်။

သည်ကျောက်မျက်ပြပွဲတွင် လုံခြုံရေးက တင်းကျပ်လှ၏။ ကြီး မားသော သံသေတ္တာကြီးများနား ၌ ပြထားသည့် ကျောက်တွေကို ကြည့်နိုင်ရန် လက်ဗွေရာနှိပ်ရ၏။ ထိုသေတ္တာများကို နေ့လယ်စာ စားချိန်တိုင်းမှာ အနီရောင်အထူး ဝတ်စုံဝတ်ထားသော စစ်တပ် လုံခြုံရေးများဖြင့် သော့ခတ်စောင့် ကြည့်ထားသည်။ ကျောက်ဈေး ထဲမှ စုပြုံတိုးနေကြသော တရုတ် ကုန်သည်တွေက ယဉ်ကျေးသော် လည်း စကားစမည်ပြောရန်တော့ စိတ်မဝင်စား။ ကျောက်ကိုသာ သဲကြီးမဲကြီး အာရုံစိုက်နေကြ သည်။

မိန်းမချောလေးများ ကျောက်မျက်ရတနာများ ဝတ် ဆင်ကာ ရိုက်ကူးထားသည့် ကျောက်မျက်အရောင်းမြှင့်တင် ရေးကြော်ငြာများပြနေသည့် ရုပ်ရှင်ပိတ် ကားချပ်များအောက်တွင် စီချထား သော သေတ္တာများထဲသို့ ကျောက်မျက်ဝယ်ယူသူများက  သူတို့၏တင်ဒါများကို သွားထည့် ကာ ဝယ်ရမည်ဖြစ်၏။ စုစုပေါင်း ကျောက်စိမ်းတွဲ အတွဲ ၉,၀၀၀ ကို စုစုပေါင်း ကြမ်းခင်းဈေး ယူရိုငွေ ၆၂၇ သန်းရှိသည်။ ကျောက်တွေ ကလည်း ဗန်းပေါ်တင်ရောင်းချ သည့်အရွယ်မှ ကျောက်ကုန် သည်များ တွယ်တက်နိုင်သည် အထိ မြင့်သော ကျောက်တွေ အထိ အရွယ်စုံပါသည်။

‘‘ဒီဟာနဲ့ပဲ သူတို့က ငွေရ တာ မနည်းမနောပဲ။ အထူးသဖြင့် ကျောက်စိမ်းပေါ့’’ဟု ကျောက် မျက်ပြပွဲတွင် ဖောက်သည်များကို လာတွေ့သော နိုင်ငံခြားကျောက် ကုမ္ပဏီ   အမှုဆောင်တစ်ဦးက ပြောပါသည်။

သို့သော် မြန်မာအစိုးရ၏ စာရင်းဇယားများအရ ပြပွဲသို့လာ သည့် ပြည်တွင်းကျောက်ကုန် သည်အရေအတွက် ၂၀၁၄ တွင် ၆၅၉၀ ဦး ရှိပြီး ယခုနှစ်၌ ၂,၀၀၀ ဦး၊ ၂၀၁၄ တွင် နိုင်ငံခြားကုန်သည် ၄,၁၈၅ ဦးကနေ ၂၃၀၀ ထိ ကျ ဆင်းသွားသည်။ တာဝန်ရှိသူများ နှင့် အခြားသူများက ထိုသို့ကျ ဆင်းရသည်မှာ ဝယ်ယူမှုအားလုံး အတွက် ၅ ရာခိုင်နှုန်း စပေါ်တင် ရမည်ဟူသော စည်းကမ်းကြောင့် ဟုဆိုသည်။ ပြပွဲမှာ ဈေးအများ အပြားပေးပြီး  လေလံအောင်သူ များက အမှန်တကယ် ဝယ်ယူရန် ပျက်ကွက်ခဲ့သည့်နောက်ပိုင်း ထိုစည်းမျဉ်းကို ထုတ်ပြန်ရခြင်းဖြစ် ပါသည်။

မြန်မာ့ကျောက်မျက်လုပ် ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက တာဝန်ရှိသူ များအနေဖြင့် စီးပွားရေးအရ မသမာမှု၊ စုပေါင်းလုပ်ကိုင်မှုများ  ကျဆင်းရေးအတွက် အလေး ထားဆောင်ရွက်နေသည်ဟု ဆို ပါသည်။ သူက ကုမ္ပဏီများအနေ ဖြင့် အစိုးရကို အခွန်ငွေလျှော့ပေး ရရေးအတွက် ပို့ကုန်လက်မှတ်ရရှိ အောင် သူတို့ကိုယ်တိုင် ကျောက် မျက်ပြန်ရောင်းချတာမျိုး  လုပ်ရပ် များ ဖြစ်နိုင်စရာ လုံးဝမရှိဟု ဆိုပါသည်။     မြန်မာနိုင်ငံတွင် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေသော အကျင့်ပျက်ခြစား မှုနှင့်ပတ်သက်ပြီး သူက မှတ်ချက် နည်းနည်းပဲ ပေးပါသည်။ တရား မဝင်ခိုးထုတ်ခြင်းကတော့ တခြား တိုင်းပြည်များမှာလည်း ရှိနေ သည့်အရာပဲဟု သူကဆိုပါသည်။

‘‘ဒီမှာတော့ ကုန်သည် အများစုက ကျောက်မျက်ပြပွဲက နေပဲ ရောင်းကြတာပါ။ ခိုးထုတ် ဖို့ဆိုတာ တကယ့်ကို နည်းပါတယ် ဗျာ’’

သို့သော် အစိုးရက စီစဉ်နေ သော ကျောက်မျက်ပြပွဲမှာပင် သည်လောကမှာ လျှို့ဝှက်ချက် တွေ ရှိနေသည်ဆိုသည့် အရိပ်အ မြွက်တွေကို ပြနေပါသည်။ ကျောက်မျက်ပြပွဲမှာ အမေရိကန် ဒေါ်လာနှင့် မရောင်းချဘဲ ယူရိုငွေ နှင့်ရောင်းရခြင်းမှာ မြန်မာပြည် တွင် စစ်တပ်အုပ်စိုးစဉ် ကာလအ တွင်း   အပြစ်ဒဏ်ချမှတ်သည့် အနေဖြင့် ကျောက်စိမ်းကုန်သွယ် မှုကို အမေရိကန်နိုင်ငံက အရေး ယူပိတ်ဆို့ထားသည့်အတွက် ဖြစ် ပါသည်။

ကျောက်မျက်ပြပွဲတွင် ပြသ နေသည့် Myanmar Imperial Jade အပါအဝင် ကြီးမားသော အရောင်းဆိုင်များသည် မြန်မာ စစ်တပ် ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင် သည့်လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဝီကီလိခ်က ရေးသားခဲ့ပါသည်။ Myanmar Imperial Jade က တာဝန်ရှိသူကတော့ သည်ကိစ္စ နှင့် ပတ်သက်ပြီး သူ့မှာ ပြောခွင့် မရှိဟု ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့ ကျောက်စိမ်းလောက တက်လာ သလား၊ ကျဆင်းသလား (သို့မ ဟုတ်) တရားမဝင်အဖြစ် ပျောက် ကွယ်သွားတော့မည်လားဆို သည်ကိုတော့ ယခု ကျောက်မျက် ပြပွဲ၏နောက်ဆုံးနေ့ အပိတ်လေ လံရောင်းချပွဲကသာ သက်သေအ ဖြစ် စိစစ်ဆုံးဖြတ်ပေးနိုင်မည်ဖြစ် ပါသည်။

(The Financial Times သတင်းစာပါ ဆောင်းပါးရှင် မိုက်ကယ်လ်ပီး၏ Myanmar jade buyers cast warier eye on showpiece sale ၏ ဆောင်း ပါးကို ထားထားမြင့် ဘာသာပြန် ဆိုသည်။)
7 day

No comments:

Post a Comment