Thursday, June 25, 2015

တေးနုယဉ်သေဆုံးသည့်ညက ဖြစ်စဉ်များကိုမင်းအုပ်စိုးအသေးစိတ်ထွက်ဆို၊ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆို

လူသတ်မှုဖြင့် စွဲချက်တင်ထား သည့် မင်းအုပ်စိုးက သေဆုံးသူ တေးနုယဉ်ကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဘဲ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်း မရှိကြောင်း ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။အဆိုပါရုံးချိန်းတွင် မင်းအုပ် စိုးက တေးနုယဉ်နှင့်စတင်ဆုံတွေ့ ခဲ့သည့် လွန်ခဲ့သည့်ခုနစ်နှစ် အချိန်မှ အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၄ဒီဇင်ဘာ ၂၅ ရက် နံနက်အထိ ဖြစ်စဉ်များကို အသေးစိတ် ထွက်ဆိုခဲ့ သည်။

လွန်ခဲ့သည့် ခုနစ်နှစ်က သရပါမဂ္ဂဇင်းတွင် တေးနုယဉ်၏ပေး စာမူ ရွေးချယ်ခံရသောကြောင့် ဖုန်းဆက်အကြောင်းကြားရာမှ စတင်သိကျွမ်းခဲ့ခြင်းဖြစ်ပြီး တေးနုယဉ်က ၎င်းထံ၌ အလုပ်နေရာ လိုအပ်မှုရှိပါက လုပ်ချင်သည် ဟု ပြောဆိုခဲ့၍ မင်းအုပ်စိုးက ၎င်းနှင့်မေဂျာတူ ကျောင်းပြီးထားသူဖြစ်သောကြောင့် စီနီယာ၊ ဂျူနီယာ စောင့်ရှောက်သည့်သဘော ဖြင့် ကိုယ်အင်္ဂါစုံသလား၊ မျက်လုံး စောင်းသလား၊ နှုတ်ခမ်းကွဲသလားဆိုသည့် မေးခွန်းသုံးခုကိုသာ မေး မြန်း၍ အလုပ်ခန့်အပ်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ဆက်လက်၍ အခင်းဖြစ်ပွား သည့်အကြောင်းအရာကို ထွက် ဆိုခဲ့ရာ အခင်းဖြစ်ပွားသည့်နေ့က အိမ်သို့ ည ၁၂ နာရီခန့်တွင် ပြန် ရောက်ခဲ့ခြင်းဖြစ်ပြီး မဂ္ဂဇင်းဖောင် ပိတ်ရန် တေးနုယဉ်နှင့်အတူ အ လုပ်လုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့ သည်။ ထို့နောက် တေးနုယဉ်ကို အိမ်ထောင်ရှိ အမျိုးသားတစ်ဦး နှင့် ပတ်သက်နေသောကြောင့် မပတ်သက်ရန် ပြောကြားခဲ့ရာ တေးနုယဉ်က အလုပ်ထွက်မည် ပြောခဲ့ပြီး ၎င်းက တစ်ပတ်ခန့် အလုပ်မှ အနားယူ၍ စဉ်းစားရန် ပြောကြားခဲ့သည်ဟု မင်းအုပ်စိုး က ထွက်ဆိုခဲ့သည်။

တေးနုယဉ် အလုပ်မှ တစ် ပတ်အနားယူမည် ဖြစ်သော ကြောင့် လုပ်ငန်းကိစ္စများလွှဲရန် တေးနုယဉ်တို့အိပ်သည့်အခန်းသို့ မင်းအုပ်စိုးလိုက်လာခဲ့ရာ အိပ်ခန်း အတွင်းရှိ သူများက တေးနုယဉ်၏ ပုံစံကိုကြည့်၍ ယင်းအခန်း အ တွင်းရှိ ရေချိုးခန်းဘက်သို့ ထွက်သွားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

 ယင်း အိပ်ခန်းအတွင်း ရောက်ရှိသည့်အချိန်အထိ တေးနု ယဉ်နှင့် ၎င်း၏အကြား၌ စိတ်ဆိုး ဒေါသထွက်ခြင်းမရှိဘဲ စကားများ ရန်ဖြစ်ခြင်းလည်း မရှိခဲ့ဟု ပြောကြားခဲ့သည်။

ထို့နောက် တေးနုယဉ်က အလုပ်ထွက်ရန် စဉ်းစားမနေဘဲ ချက်ချင်းထွက်မည်ဟု ပြောခဲ့ရာ မင်း အုပ်စိုးက အိမ်ထောင်ရှိ အမျိုး သားကိစ္စနှင့်ပတ်သက်၍ မွှန်နေ သည်ဟု ပြောခဲ့သောကြောင့် တေးနုယဉ်က မင်းအုပ်စိုး၏ပခုံး ကို စတင်တွန်းခဲ့သည်ဟု ထွက်ဆို ခဲ့သည်။ တေးနုယဉ်က ပခုံးကို တွန်းခဲ့သောကြောင့် ဒေါသထွက် ကာ ညာဘက်လက်ဖြင့် တေးနု ယဉ်၏ဝဲနားထင်ကို ဖြတ်ရိုက်ခဲ့ရာ တေးနုယဉ် ခုတင်ပေါ်သို့ ဖင်ထိုင် ကျသွားသည်ဟု ထွက်ဆိုခဲ့သည်။

 ထို့နောက် တေးနုယဉ်က လဲနေရာမှပြန်ထကာ မင်းအုပ်စိုး ၏မျက်နှာကို ကုတ်ဆွဲရန် တိုးဝင် လာသောကြောင့် မင်းအုပ်စိုးက တေးနုယဉ်၏လည်ပင်းကို ၎င်း၏ ညာလက်ဖြင့် ထောက်ထားခဲ့ သည်ဟု ထွက်ဆိုသည်။ ထို့ ကြောင့် တေးနုယဉ်က ၎င်း၏ လည်ပင်းမှ မင်းအုပ်စိုး၏လက်ကို ဖယ်၍ ညာလက်ညှိုးကို ကိုက်ခဲ့ ပြီး ရုန်းရင်းဆန်ခတ် ဆက်လက် ဖြစ်ပွားခဲ့ကာ ဘေးတစ်စောင်းဖြစ် နေချိန်၌ တေးနုယဉ်ကို ဘယ် လက်ဖြင့် စောင့်တွန်းလိုက်ရာ ယင်းအခန်းအတွင်းရှိ မှန်တင်ခုံ ပေါ်သို့ ကျသွားခဲ့သည်ဟု ၎င်းက ထွက်ဆိုသည်။

       လဲကျသည့်နေရာသို့ လျှောက်သွားချိန်တွင် တေးနုယဉ်ထလာပြီး ၎င်း၏မျက်နှာကို ရိုက်ခဲ့သောကြောင့် တေးနုယဉ်၏ ပခုံးနှစ်ဖက်ကိုကိုင်၍ ခုတင်ပေါ်သို့ ပစ်ချခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် တေးနုယဉ် ငြိမ်နေသောကြောင့် ထနိုင်ရန် ၎င်း၏ဘယ်လက်ကိုကမ်းခဲ့ရာ တေးနုယဉ်က ဆွဲခဲ့သောကြောင့် တေးနုယဉ်အပေါ် မှောက်လျက် အနေအထားကျခဲ့သည်ဟု ပြော ကြားသည်။

ထိုအနေအထားမှ ပြန်ထစဉ် မင်းအုပ်စိုး၏ဘယ်လက်ကို တေး နုယဉ်က ကိုက်ထားသောကြောင့် မခံနိုင်သည့်အဆုံးတွင် စောင့် တွန်းလိုက်ရာ ခုတင်ပေါင်ပေါ်မှ တစ်ဆင့် မှန်တင်ခုံရှေ့ရှိ စားပွဲပု ခုံပေါ် ရင်ဘတ်ဖြင့် ကျခဲ့သည်ဟု ဆက်လက် ထွက်ဆိုခဲ့သည်။ ထို့နောက် တေးနုယဉ်လက်ကို ထောက်၍ ထကာ ဘေးနားရှိ ခုတင်ကိုမှီ၍ ထိုင်နေခဲ့သော ကြောင့် လဲသွားသည့် စားပွဲပုကို ထောင်၍ ထိုင်ကာ တေးနုယဉ်ကို စကားပြောနေခဲ့သည်ဟု မင်းအုပ် စိုးက ထွက်ဆိုခဲ့သည်။

စကားပြောသည့်အချိန် ရှစ် မိနစ်ခန့်တွင် တေးနုယဉ်က ဟင်းဟု တစ်ချက်ညည်းကာညာဘက်သို့ တစ်စောင်းလဲကျသွားသော ကြောင့် အနီးရှိ လူများကိုခေါ်ကာ ခုတင်ပေါ်သို့ မတင်ခဲ့သည်ဟု မင်းအုပ်စိုးက ထွက်ဆိုခဲ့သည်။

ထို့နောက် အသက်မရှူ တော့သောကြောင့် ရင်ဘတ်ကို ဖိ ၍ အသက်ပြန်ရှူစေရန် ပြုလုပ်ခဲ့ပြီး အသက်ပြန်ရှူခဲ့သောကြောင့် ရင်ဘတ် ဖိခြင်းကို ငါးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ရင်ဘတ်ကို အကြိမ်ကြိမ်ဖိ နေခြင်းကြောင့် အရိုးများကျိုးနိုင် သည်ဟု ဝန်ထမ်းတစ်ဦးက သတိ ပေးခဲ့သောကြောင့် ဆက်လက် မဖိခဲ့ခြင်းဖြစ်ပြီး မိသားစုဆရာဝန် ရောက်မည့်အချိန်ကို စောင့်ခဲ့ ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။ မိသားစုဆရာဝန်ရောက်လာချိန် တွင် တေးနုယဉ် သေဆုံးသွား သည်ဟု အတည်ပြုခဲ့သော ကြောင့် ၎င်းကိုယ်တိုင် ဗဟန်းရဲစ ခန်းသို့ သွားရောက်အကြောင်း ကြားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

မင်းအုပ်စိုး၏ရှေ့နေက လူ နာအသက်ပြန်ရှူရန် ရင်ဘတ်ကို လက်ဖြင့်ဖိ၍ အသက်ကယ်ခြင်း ကြောင့် ရင်ညွန်ရိုးကျိုးသည့်ဒဏ် ရာရနိုင်၊ မရနိုင် မှုခင်းဆရာဝန် ကို မေလ ၄ ရက် ရုံးချိန်းက မေးမြန်းခဲ့ရာ ယင်းကဲ့သို့ပြုလုပ်ခြင်း ကြောင့် ဒဏ်ရာရနိုင်သော်လည်း ၎င်းတို့တွေ့ရှိခဲ့သော နံရိုးများ ကျိုးခြင်း၊ ရင်ညွန့်ရိုးကျိုးခြင်း၊ ဝမ်းခေါင်းအတွင်း သွေးသွန်ခြင်း တို့မှာ သာမန်ဖိနှိပ်ရုံဖြင့် ဒဏ်ရာ ရရှိရန် ခဲယဉ်းကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယင်းသို့ အကြောင်းကြားရာ တွင် ရဲမှတ်တမ်း၌ ပါဝင်သည့် တေးနုယဉ်နှင့် မောင်နှမဝမ်းကွဲ တော်စပ်သည်ဟု ပြောကြားခဲ့ခြင်းမရှိသလို ထိုးကြိတ်ကန်ကျောက် ၍ သတ်ခဲ့သည်ဟုလည်း ထွက်ဆို ခဲ့ခြင်းမရှိဟု မင်းအုပ်စိုးက အ ထက်ပါရုံးချိန်းတွင် ပြောကြားခဲ့ သည်။

အခင်းဖြစ်ပွားချိန်တွင် မင်း အုပ်စိုးသည် ဘယ်၊ ညာလက်ခ လယ်၌ငါးရတီ(ဆားငန်စေ့) အရွယ်ရှိ စိန်လက်စွပ်တစ်ကွင်းစီ ဝတ်ထားသောကြောင့် တေးနုယဉ်ကို ယင်းလက်သီးဖြင့် ထိုးပါက တေးနုယဉ်၏ မျက်နှာတွင် စုတ်ပြဲဒဏ်ရာများ ရရှိနေမည်ဟု မင်းအုပ်စိုးက တေးနုယဉ်ကို ထိုးကြိတ်ခြင်း မဟုတ်သည့် အ ကြောင်း  အကြောင်းပြချက်ပေးခဲ့ သည်။

ထို့ပြင် တေးနုယဉ်နှင့် ၎င်း၏အကြား၌ ရန်ငြိုးရန်စမရှိခြင်း၊ တေးနုယဉ်ကို သေစေလိုစိတ် ၎င်း တွင်မရှိခြင်း၊ သေစေလိုသည့် နာ ကျင်စေမှုမပြုခဲ့ခြင်းတို့ကြောင့်၎င်းအပေါ် စွဲချက်တင်ထားသည့် ပုဒ်မ ၃၀၂(၂) အရ အပြစ်မရှိ ကြောင်း ထွက်ဆိုခဲ့သည်။

ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ၎င်း၌ အ ပြစ်မရှိကြောင်း မင်းအုပ်စိုးက သုံးနာရီကျော်ကြာ ထွက်ဆိုခဲ့သော ကြောင့် အစိုးရရှေ့နေက တန်ပြန်မေးခွန်းများမမေးနိုင်ခဲ့ဘဲ ဇူလိုင် ၁ ရက်သို့ ထပ်မံ၍ ရုံးချိန်းခဲ့ပြီး အဆိုပါရုံးချိန်းတွင် မင်းအုပ်စိုးကို အစိုးရရှေ့နေက မေးခွန်းများ ဆက်လက် မေးမြန်းမည် ဖြစ်သည်။
7 day

No comments:

Post a Comment