Friday, July 31, 2015

နိုဝင်ဘာ ရွေးကောက်ပွဲနဲ့ ဖယ်ထုတ်ဖို့ ခက်ခဲနေတဲ့ သံသယ အရိပ်အငွေ့များ

နာမည်တွေ၊ မွေးသက္ကရာဇ်တွေက အရောရော အထွေးထွေး ဖြစ်နေတယ်။ မိသားစုတစ်ခုလုံး၊ တချို့ဆိုလည်း ရွာလုံးကျွတ် မွေး နေ့တစ်နေ့တည်း ဖြစ်နေတာမျိုး တွေလည်း ကြုံနေရတယ်။
မြန်မာနိုင်ငံဟာ နိုဝင်ဘာလ မှာ ကျင်းပမယ့် အထင်ကရ ရွေး ကောက်ပွဲကြီးအတွက် နောက် ဆုံးအဆင့် ပြင်ဆင်မှုတွေကို တက်သုတ်ရိုက် လုပ်ဆောင်နေ ပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲ ဆိုင်ရာ မဲစာရင်းတွေ မှားယွင်းမှု ပြဿနာတွေက လုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး လမ်းချော်သွားနိုင် လောက်တဲ့ ခြိမ်းခြောက်မှုမျိုးတွေ ဖြစ်လာစေပါတယ်။

ရွေးကောက်ပွဲအတွက် မဲ ဆန္ဒရှင် စာရင်းတွေကို ထုတ်ပြန် လိုက်ချိန်မှာ အချက်အလက်မှား ယွင်းမှုတွေ အများကြီးရှိနေတာ က ပြည်သူလူထုအတွက် စိုးရိမ် စရာ ဖြစ်လာတယ်။ ရွေးကောက် ပွဲဟာ လွတ်လပ်ပြီး မျှတမှုရှိနိုင် စေဖို့ မျှော်လင့်ချက်အပေါ်မှာ ခြိမ်းခြောက် သက်ရောက်လာ မလားဆိုတဲ့ အတွေးနဲ့ပါ။ နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူတွေက တော့ မဲဆန္ဒနယ်အချို့မှာဆိုရင် အသေးစိတ် မဲစာရင်း ဖော်ပြချက် တွေက ၈၀ ရာခိုင်နှုန်းလောက်ထိ မှားယွင်းနေတယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့ နယ်က ၀ါသင်္ခကျေးရွာကို သွား ရောက်ချိန်မှာ မဲဆန္ဒရှင် ပြည်သူ တွေအနေနဲ့ မဲစာရင်းတွေကို သေ သေချာချာ စစ်ဆေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်က ဒေသခံတွေနဲ့ တွေ့ဆုံ ပြီး မဲစာရင်းတွေကို စစ်ဆေးခြင်း နဲ့ ပတ်သက်လို့ အသိပညာပေး ဆွေးနွေးခဲ့သေးတယ်။

မဲပေးမှု လုပ်ငန်းစဉ်မှာ နာမည်တွေကို ထည့်သွင်းဖော်ပြ ရမှာဖြစ်ပြီး သတင်းအချက်အ လက်တွေ မှားယွင်းနေတဲ့အခါ မဲပေးခွင့် ရှိနိုင်မှာ မဟုတ် ကြောင်း၊ အဲဒီအခါမှာ နိုင်ငံကို အုပ်ချုပ်တဲ့ စနစ်အပေါ် အဆုံးအ ဖြတ်ပေးရာမှာ ပါဝင်ခွင့်ရတော့ မှာ မဟုတ်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆယ်ကျော်သက် လူငယ်လူရွယ် တွေ အပါအဝင် လူတိုင်းလူ တိုင်း ကိုယ့်မဲစာရင်း အချက်အ လက်တွေ မှန်ကန်မှု ရှိ၊ မရှိ စစ် ဆေးဖို့လည်း တိုက်တွန်းခဲ့ပါ တယ်။ အနာဂတ် ကလေးငယ် တွေရဲ့ လူနေမှုဘဝ၊ ပညာရေး စနစ်နဲ့ အလုပ်အကိုင် အခွင့်အ လမ်းတွေ ပိုပြီး တိုးတက်ကောင်း မွန်လာစေဖို့အတွက် လာမယ့် ရွေး ကောက်ပွဲမှာ ပြည်သူတွေက မဲ ပေး အဆုံးအဖြတ် ခံယူရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါ တယ်။

မဲစာရင်းတွေကို ပြန်စစ်ဆေး ကြည့်တဲ့ အခါမှာ ရန်ကုန်က မြို့နယ် ၁၀ ခုလောက်မှာ အချက် အလက် အမှားအယွင်း ၅၅ ရာခိုင်နှုန်းလောက် ရှိနေကြောင်း၊ တစ်နည်းအားဖြင့် အမှန်တကယ် မဲပေးခွင့်ရှိသူတွေရဲ့ ၅၅ ရာခိုင်နှုန်း လောက်ဟာ မဲပေးခွင့် ဆုံးရှုံး သွားနိုင်ကြောင်း၊ အကျိုးဆက် အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ အများပြည်သူရဲ့ ဆန္ဒအစစ်အမှန် ကို ထင်ဟပ်စေမှာ မဟုတ်တော့ တဲ့အကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောပါတယ်။

ဖျက်လိုဖျက်ဆီး ကြံစည်မှု

သံသယများ

မဲစာရင်းတွေမှာ အချက်အ လက် အမှားအယွင်းတွေ အရမ်း များနေတဲ့အပေါ် သံသယတွေ လည်း ရှိနေပါတယ်။ အထူးသ ဖြင့် အဓိက အတိုက်အခံပါတီ ကြီးအနေနဲ့ ဒါတွေဟာ ရည်ရွယ် ချက်ရှိရှိ ဖန်တီးထားတဲ့ အမှား တွေလားလို့ ဒွိဟဖြစ်နေပါတယ်။

‘‘မဲစာရင်းတွေရဲ့ တိကျမှုအ ခြေအနေနဲ့ ပတ်သက်လို့ ကျွန် တော်တို့ အရမ်းကို စိုးရိမ်မိပါ တယ်’’ လို့ ဒီချုပ်ရဲ့ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆို ပါတယ်။

‘‘ဒါတွေဟာ သမားရိုးကျ အမှားမျိုး၊ ဒါမှမဟုတ် သတိ လက်လွတ် ဖြစ်နေတာမျိုးတွေ မဟုတ်ပါဘူး။ ဒီချုပ်ကို တမင် တကာ၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက် အောင် လုပ်ဆောင်ထားတာ ဖြစ်နိုင်ပါတယ်’’ လို့လည်း ဦး ဉာဏ်ဝင်းက မှတ်ချက်ပေးပါ တယ်။

Spectrum နဲ့ အင်တာဗျူး အစီအစဉ်မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတစေမယ်လို့ အခိုင်အ မာ ဆိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စီမံ လုပ်ဆောင်မှုတွေအပေါ် မေးခွန်း ထုတ်မှုတွေ အများအပြား ရှိနေ ပေမယ့် ဦးတင်အေးကတော့ မဲ စာရင်းတွေ တိကျဖို့နဲ့ ရှင်းလင်း ပြတ်သားမှုရှိတာ သေချာအောင် သူ့အနေနဲ့ အစွမ်းရှိသလောက် လုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။

‘‘အမှားတွေ တော်တော်များ များ ရှိလိမ့်မယ် ဆိုတာကိုတော့ ကျွန်တော်တို့ သိပါတယ်’’ လို့ ဦးတင်အေးက ဝန်ခံတယ်။

‘‘ဒါပေမဲ့ ကနဦး မဲစာရင်း တွေကို ကျွန်တော်တို့ တရားဝင် ဖြစ်လာအောင် အခု ကျွန်တော်တို့ စလုပ်နေပါပြီ။ ဒီအမှားတွေကို ရွေးကောက်ပွဲ ကျင်းပချိန်အမီ ပြန် ပြင်ဆင်သွားနိုင်မှာပါ’’လို့ ဦးတင် အေးက သုံးသပ်ထားပါတယ်။

မြို့နယ်တိုင်းက ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းတွေရှေ့မှာ မဲစာရင်းတွေကို ကပ်ထားပါ တယ်။ မဲဆန္ဒရှင် ပြည်သူတွေအ နေနဲ့ ဒီစာရင်းတွေကို သွားစစ် ဆေးပြီး မဲစာရင်းမှာ မပါရင်၊ ဒါမှ မဟုတ် အချက်အလက် ကွဲလွဲ မှုတွေ ရှိနေရင် သက်ဆိုင်ရာ တာ ဝန်ရှိသူတွေကို ချက်ချင်းအသိ ပေးဖို့ တိုက်တွန်းထားပါတယ်။ ဒီချုပ်ကတော့ တစ်နိုင်ငံလုံး အ တိုင်းအတာနဲ့ မဲစာရင်း မှားယွင်းမှု တွေက အကြီးအကျယ် ဖြစ်ပေါ် နေတယ်လို့ ဝေဖန်ထားပါတယ်။ တစ်နိုင်ငံလုံး အနေအထားအရ မဲစာရင်းတွေမှာ အမှားတွေ ပါ ဝင်မှုဟာ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ ရှိနိုင်ကြောင်း ဒီချုပ်က ဆိုပါတယ်။

‘‘မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်က မဲစာရင်းတွေမှာ ဆိုး ဆိုးရွားရွား အမှားတွေ ပါနေ တယ်’’ လို့ ဒီချုပ်ရဲ့ နာယက ဦး တင်ဦးက ဆိုပါတယ်။

‘‘အရင်တစ်ခေါက် (၂၀၁၀ ရွေးကောက်ပွဲ) တုန်းကလိုမျိုး သူတို့က ကြိုတင်မဲတွေကို အသုံး ချပြီး အသာစီး ယူတာမျိုး ထပ် လုပ်လာမှာ ကျွန်တော်တို့ စိုးရိမ်မိ တယ်’’ လို့လည်း ဦးတင်ဦးက ဖွင့်ဟခဲ့ပါတယ်။

ပါတီအနေနဲ့ မြို့နယ်တိုင်း မှာ မဲစာရင်းတွေကိုစစ်ဆေးပြီး အမှားတွေကို ဖော်ထုတ်ဖို့၊ အ မှန်ပြင်ဆင်ဖို့ လှုပ်ရှားမှုတစ်ရပ် ကို အစပြုအကောင်အထည် ဖော် နေပါပြီ။ အချက်အလက်အမှား တွေ ပြန်လည်ပြင်ဆင်ထားသမျှ ကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဆီ နေ့စဉ် တင်ပြ ပေးနေကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အငြိမ်းစား ဝန်ထမ်း ဦးမောင် မောင်ဟာ ရန်ကုန်မြောက်ပိုင်း ခရိုင် မဲဆန္ဒနယ်မှာ မှတ်တမ်းပါ ဝင်သူ ဖြစ်ပါတယ်။ မိသားစုဝင် ရှစ်ယောက်မှာ လေးယောက်ရဲ့ အချက်အလက်တွေက မှားယွင်း နေတယ်လို့ ဦးမောင်မောင်က ပြောပြပါတယ်။ သူ့နာမည်မှာ သူ့အစ်ကိုရဲ့ နာမည်တစ်ဝက် ရောပါနေပြီး သူ့အစ်ကိုနာမည် မှာတော့ သူ့နာမည်က သွားရော နေတာမျိုး ဦးမောင်မောင်တစ် ယောက် ကြုံခဲ့ရပါတယ်။

မဲစာရင်း မှားယွင်းမှုတွေဟာ နိုင်ငံတစ်ဝန်းမှာတော့ ရယ်စရာ ဟာသတစ်ခုလို ဖြစ်နေပါတယ်။ ကာတွန်းဆရာတွေက ဒီအမှား တွေကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေ ရေးဆွဲကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ စိုးရိမ် ကြောင့်ကြမှုတွေကိုတော့ အရေး တယူ သတိမမူကြပါဘူး။ လေ့ လာသူတွေ ထုတ်နုတ်ပြတဲ့ တချို့ သော ကိစ္စတွေမှာဆိုရင် ရန်ကုန် လို မြို့ကြီးမှာတောင် လမ်းတစ် လမ်းလုံး မဲစာရင်းမှာ ကျန်နေခဲ့ တာမျိုးတွေ ရှိနေတာ တွေ့ရပါ တယ်။

ရှက်စရာအမှား

ဒီချုပ်ဟာ ဦးတင်အေးနဲ့ တွေ့ဆုံချိန်မှာ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဦးဉာဏ်ဝင်း ဆီက နိုင်ငံသား မှတ်ပုံတင်နံပါတ် ကို တောင်းယူတယ်။ ပြီးတော့ ဦးဉာဏ်ဝင်း မဲပေးရမယ့် မဲဆန္ဒ နယ်က အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးဖို့ သူ့ရဲ့ ဝန် ထမ်းတွေကို ဦးတင်အေးက ခိုင်း လိုက်ပါတယ်။ နောက်ထပ်တစ် နာရီခွဲ ကျော်ကျော်လောက်ကြာ ချိန်မှာတော့ မဲစာရင်းမှာ ဦးဉာဏ် ဝင်းနာမည် ရှာမတွေ့ဘူးလို့ ဦး တင်အေးကိုယ်တိုင် မလုံမလဲ ဝန်ခံ လိုက်ရပါတော့တယ်။

ဒါပေမဲ့ ဦးတင်အေးကတော့ ရွေးကောက်ပွဲ ကျင်းပချိန်အမီ မဲစာရင်းတွေ မှန်ကန်အောင် အ ရေးတယူ ဆောင်ရွက်နေကြောင်း Spectrumနဲ့ အင်တာဗျူးမှာ အာ မခံခဲ့ပါတယ်။ ဥပဒေအရ မဲဆန္ဒ ရှင်တွေဟာ သူတို့ရဲ့ နာမည်တွေ ကို ခုနစ်ရက်အတွင်း စစ်ဆေးရ မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ အဲဒီကန့်သတ်ချက် ကို နှစ်ပတ်ထိ တိုးပေးလိုက်ရ ပါတယ်။ ပြန်ပြင်ဆင်ထားတဲ့ မဲ စာ ရင်းတွေကို ဇူလိုင် လကုန်ပိုင်း မှာ ထုတ်ပြန်ပါမယ်။ အဲဒီနောက် မှာတော့ မဲဆန္ဒရှင် ပြည်သူတွေက ဒီစာရင်းတွေကို ပြန်စစ်ဆေးဖို့ နှစ်ပတ် အချိန်ထပ်ရမှာပါ။

‘‘ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်း က မဲပေးမယ့် ပြည်သူတချို့ဟာ မဲပေးဖို့ အကျုံးမဝင်မှန်း သိသွား ပြီး မဲရုံက လှည့်ပြန်သွားကြတဲ့ မနှစ်မြို့စရာ အခြေအနေ မျိုးတွေ ကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ကျွန်တော်တို့ အ နေနဲ့ ခိုင်မာမှန်ကန်တဲ့ မဲစာရင်း မျိုး ပြုစုနိုင်ဖို့ ကြိုးစား လုပ်ဆောင် နေပါတယ်။ အပြီးသတ်မဲစာရင်း ကို အွန်လိုင်းမှာလည်း လွှင့်တင်ပါ မယ်။ ဒါကြောင့် မဲပေးမယ့်သူတွေ အနေနဲ့ သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကို ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွေထိ မလာဘဲ ပြန်စစ် ဆေးနိုင်မှာပါ’’ လို့ ဦးတင်အေးက ဖြည့်စွက်ပြီး ပြောပါတယ်။

ဒါပေမဲ့ ဒီဆောင်ရွက်မှုမျိုး ဟာ ရွေးကောက်ပွဲ နယ်မြေအ များစုမှာ အကျိုးသက်ရောက်မှု များများ မရှိနိုင်ကြောင်း၊ အထူး သဖြင့် နိုင်ငံရဲ့ မြို့ပြဧရိယာတွေ အပြင်ဘက်မှာ သက်ရောက်မှု နည်းနိုင်ကြောင်းတော့ သူက ဝန်ခံပါတယ်။

လူမှုအခြေပြု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဦးကျော်သူ (ပေါင်းကူး)ကတော့ အဲဒီနယ် ပယ်ဟာ အဓိက အကျဆုံး ပြဿနာရင်းမြစ်တွေ တည်ရှိနေ တဲ့ နေရာပဲလို့ ဆိုပါတယ်။ ဒေသ ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲတွေမှာ နည်းပညာပိုင်းရော၊ လူ့အရင်းအမြစ် အပိုင်းမှာပါ လုပ် ဆောင်နိုင်မှု အားနည်းချက်တွေ ထဲထဲဝင်ဝင် ဖြစ်ပေါ်နေတယ်လို့ သူက ဆိုပါတယ်။ မဲဆန္ဒရှင်တွေ အနေနဲ့ သူတို့ရဲ့ မဲစာရင်း အ ချက်အလက် အမှားတွေကို ပြန် ပြင်ဖို့ အတွက်တောင် ပုံစံစာရွက် လုံလုံလောက်လောက် မရှိတာ မျိုးတွေ ကြုံနေရပါတယ်။ ဒီလိုအ ခြေအနေမျိုးမှာ ပုံစံဖောင်သုံးခု ထိ လိုအပ်လေ့ ရှိပါတယ်။

‘‘ဖြည့်စရာ ပုံစံစာရွက် လုံလုံလောက်လောက် မရှိတဲ့ကိစ္စ တွေကို မရေမတွက်နိုင်လောက် အောင် ကျွန်တော်တို့ ကြုံခဲ့ဖူးပြီး ပြီ။ အထူးသဖြင့် မြို့ပြနဲ့ အ လှမ်းဝေးတဲ့ မြို့နယ်တွေ၊ ဒေသ တွေမှာပေါ့။ ဒီတော့ မဲစာရင်းမှာ ဟာကွက် ကြီးကြီးမားမားတွေ ရှိနေမယ် ဆိုတာက မြေကြီး လက်ခတ် မလွဲပေါ့လေ’’ လို့ သူ က ဆိုပါတယ်။

ပွင့်လင်းမြင်သာမှုမရှိ

နောက်ထပ် ပြဿနာ တစ်ခု ကတော့ မဲစာရင်းတွေ အမှန်ပြန် ပြင်ပေးဖို့ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ခွင့်ပြု ပေးထားတဲ့ အချိန်ပါပဲ။ ရန်ကုန် မြို့လယ်မှာ နေထိုင်တဲ့ ဗိသုကာ ပညာရှင်နဲ့ စာရေးဆရာ ကိုမော် လင်းဟာ မဲစာရင်းထဲမှာ သူ့နာ မည် မပါတာကို သိရတဲ့နောက် ပြန်ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။

‘‘တစ်လလောက်အတွင်းမှာ တောက်လျှောက် စုံစမ်းမေးမြန်း ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့် မဲစာရင်း ပြန်ပြင်ဆင်ထားတာ စာ ရင်းဝင်၊ မဝင် ဆိုတာကို ဩဂုတ် လမှ သိနိုင်မယ်လို့ ပြောတယ်’’ လို့ သူက ဆိုပါတယ်။

လူမှုအဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံ ရေး ပါတီတွေကတော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မဲစာရင်းတွေကမှ ဒီတစ်ခေါက် မဲစာရင်းတွေထက် ပိုပြီး တိကျမှု ရှိသေးတယ်လို့ စွပ်စွဲနေကြပါ တယ်။

ဒီချုပ်ရဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ ကိုမင်းခင် ဟာ ရန်ကုန်တိုင်းက မဲစာရင်းတွေ ကို လိုက်လံစစ်ဆေးရာမှာ လုပ် အားပေး ပါဝင်နေသူ တစ်ယောက် ဖြစ်ပါတယ်။ သူက လက်ရှိ မဲစာ ရင်းတွေဟာ  အရင်မှတ်တမ်း ဟောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထည့်သုံးထားပြီး ဒီချုပ်ကို ဖယ် ထုတ်ဖို့ ကြံစည်ထားတယ်လို့ ယုံကြည်နေပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲကို သပိတ်မှောက်ပြီး ဒီချုပ် ပါဝင်မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တုန်း က မဲမပေးခဲ့သူတွေကို ဒီနှစ်မဲ စာရင်းမှာ တမင်သက်သက် ချန် လှပ်ထားတာ ဖြစ်နိုင်တယ်လို့ ကို မင်းခင်က ဆိုပါတယ်။

‘‘ရွေးကောက်ပွဲဟာ လွတ် လပ်ကောင်း လွတ်လပ်လိမ့်မယ်။ ဒါပေမဲ့ မျှတမှာတော့ မဟုတ်ဘူး’’ လို့ ကိုကျော်သူက ပြောပါတယ်။ နောက်တစ်ချက်က အစိုးရ အ ရာရှိတွေဟာ ဒေသအလိုက် မဲရုံ တွေမှာ သူတို့လူတွေ ထည့်ထားပြီး လက်ရှိ အာဏာရပါတီ အသာ ရအောင် ကြံစည်တာမျိုး ဖြစ်လာ နိုင်ပါတယ်။ ဒီလို တိတ်တဆိတ် နောက်ကွယ်က ခြယ်လှယ်မှုမျိုး တွေကို ရှောင်လွှဲဖို့ဆိုတာ မဖြစ် နိုင်တာကြောင့် ရွေးကောက်ပွဲ ကို အလေးအနက် စောင့်ကြည့် အကဲခတ်ရေးဟာလည်း အင်မ တန် အရေးကြီးကြောင်းလည်း သူက ဖြည့်စွက်ပြီး ပြောပြပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ (အာရှ)ရဲ့ ဒေသဆိုင်ရာ အကြီးအကဲ ဖီးလ်ရောဘတ်ဆန် က ရွေးကောက်ပွဲကို ကြီးကြပ် စောင့်ကြည့်ရေးဟာ အရမ်းအ လေးထားဖို့ လိုကြောင်း ထောက်ခံပါတယ်။

‘‘သမာသမတ်ရှိတဲ့ ရွေး ကောက်ပွဲ စောင့်ကြည့်ရေး တာ ဝန်ခံတွေ ထားရှိနိုင်ရေးဟာ မဲစာ ရင်းနဲ့ ပတ်သက်ပြီး နောက် ဆက်တွဲ ပြဿနာကြီးတွေ ပေါ် ပေါက်မလာစေရေးအတွက် အ သေအချာ လိုအပ်နေပါတယ်။ အ ထူးသဖြင့် တကယ့်ရွေးကောက်ပွဲ စစ်စစ်တစ်ခု မကျင်းပနိုင်ခဲ့တာ ၅၅ နှစ်လောက် ကြာမြင့်နေတဲ့ နိုင်ငံတစ်ခုမှာပေါ့’’ လို့ သူက ဆို ပါတယ်။

စီရင်ဆုံးဖြတ်မှုစနစ်

ဒါပေမဲ့ တကယ်တမ်းမှာ တော့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ကိုယ်တိုင်ရဲ့ လွတ် လပ်စွာ ရပ်တည်မှုနဲ့ ပတ်သက်ပြီး သံသယတွေ အများကြီး ရှိနေပါ တယ်။ Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဦး သန်းထွဋ်အောင်က ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်ဟာ အစွဲ ကင်းကင်း၊ သမာသမတ်ကျကျ ရပ်တည်နိုင်စွမ်း မရှိဘူးလို့ ယုံ ကြည်နေပါတယ်။ ရွေးကောက်ပွဲ အတောအတွင်းနဲ့ မဲပေးမှုတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ တိုင်ကြားမှုတွေကို တရားသူကြီး၊ ဂျူရီလူကြီးတွေလို တာဝန်ယူကြီးကြပ်တဲ့အခါ သူတို့ရဲ့ ဆုံးဖြတ်ချက် အဆုံးသတ်ပဲ ဖြစ်တယ်။ဒါပေမဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မယ့် ရင်းမြစ်မျိုးတော့မရှိဘူးလို့ သူက ထောက်ပြပါတယ်။

 မဲပေးမှုတွေ အပြီးမှာရော ရွေးကောက်ပွဲရလဒ်တွေ ထုတ် ပြန် ကြေညာပြီးချိန်မှာပါ စောဒက တက်မှုတွေ၊ ဆန္ဒပြမှုတွေက တော့ ရှိနေဦးမှာပဲလို့ လွတ်လပ် စွာ လေ့လာအကဲဖြတ်သူတွေက ခန့်မှန်းထားပါတယ်။

‘‘ဦးတင်အေးဟာ တကယ် တမ်း တရားဝင်ဒိုင်လူကြီးတစ် ယောက်အဖြစ် လုပ်ကိုင်ဆောင် ရွက်ရနိုင်တဲ့  အခြေအနေမရှိနိုင် ပါဘူး’’ လို့ နိုင်ငံရေးအကျဉ်း သားဟောင်း တစ်ဦးလည်းဖြစ်၊ ဆရာဝန် တစ်ဦးနဲ့ ဆုရ သတင်း မီဒီယာသမား တစ်ယောက်ဖြစ်တဲ့ မသီတာ(စမ်းချောင်း)က ဆိုပါ တယ်။

ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌဟာ တပ်မ တော်ရဲ့ ထိပ်တန်း ပုဂ္ဂိုလ်တစ် ယောက်ဖြစ်ခဲ့ပြီး အရင်စစ်အစိုး ရမှာ အစိတ်အပိုင်း တစ်ရပ်အ နေနဲ့လည်း  ပါဝင်ခဲ့ဖူးပါတယ်။ ပြီးတော့ စစ်တပ်မှာ အသက်(၁၇) နှစ်ကတည်းက အမှုထမ်းခဲ့ပြီး သူ့ရဲ့ စစ်သားဘဝ ဖြတ်သန်းမှု မှတ်တမ်းတွေကို အခုအချိန်ထိ အလွန်အမင်း ဂုဏ်ယူနေဆဲပါ။

၄၇ နှစ်တာ စစ်မှုထမ်းသက် အတောအတွင်းမှာ သူဟာ အကြိမ် ပေါင်း တစ်ဒါဇင် ကျော်ကျော် လောက် ရာထူးတိုးမြှင့်ခံရပြီး နောက်ဆုံးမှာတော့ ထိပ်တန်း ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခဲ့ တယ်။ သူဟာ တပ်မတော်က ကျောထောက် နောက်ခံပြုထား တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက် (Union of Myanmar Economic Holdings) မှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

သူဟာ အရင်စစ်တပ် အ ကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးနီးစပ်စပ် ဆက်နွှယ်မှု ရှိသူ တစ်ယောက်လည်း ဖြစ်နေ ပြန်တယ်။

ဦးတင်အေးဟာ ၂၀၁၀ ရွေး ကောက်ပွဲ မတိုင်ခင် ခြောက်လ လောက် အလိုမှာ အငြိမ်းစားယူခဲ့ တယ်။ အဲဒီနောက်မှာတော့ ပြည် သူ့လွှတ်တော်မှာ ရွေးကောက် တင်မြှောက် ခံခဲ့ရပါတယ်။ အာ ဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဖွဲ့ဝင်တစ်ဦး အဖြစ် ရှစ်လလောက်ပဲ ကြာမြင့် ခဲ့ပြီးတဲ့နောက် သမ္မတဦးသိန်း စိန်က သူ့ကို ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ရဲ့ အကြီးအ ကဲအဖြစ် ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီလမှာ ခန့်အပ်လိုက်ပါတယ်။ သူ့ကို အဲဒီ ရာထူးခန့်အပ်တာကို ပြည်ခိုင်ဖြိုး ပါတီဝင် အများစုက ထိန်းချုပ်လွှမ်းမိုးထားတဲ့ လွှတ် တော်က အတည်ပြုခဲ့တာပါ။

ဦးတင်အေးကတော့ သူ့ရဲ့ နောက်ခံဘဝ ဖြတ်သန်းမှုတွေ ဟာ သူ့ရဲ့ လွတ်လပ်စွာ ရပ်တည် မှုအပေါ်မှာ အထိအခိုက် မရှိစေ ရဘူးလို့ ပြောထားပါတယ်။

‘‘ပြည်သူတွေက အတိတ်ကို ပြန်မကြည့်ဘဲ လက်ရှိ ကျွန်တော် ဘာတွေလုပ်နေတယ် ဆိုတာကိုပဲ မူတည်ပြီး ကျွန်တော့်အပေါ် ဆုံး ဖြတ်စေချင်တယ်’’ လို့ သူက ဆို ပါတယ်။

ဩစတြေးလျ လွှတ်တော် အမတ်ဟောင်းနဲ့ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေဆိုင်ရာ ရှေ့နေ တစ်ဦးလည်းဖြစ်၊ လတ်တလော မှာ ကင်ဘာရာက ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှာ သုတေ

သီတစ်ဦးအနေနဲ့ လုပ်ကိုင်နေ သူလည်းဖြစ်တဲ့ ဂျနဲလာဆက် ဖင်းကတော့ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မတီအနေနဲ့ တကယ်တမ်း အမှီအခိုကင်းကင်း နဲ့ လွတ်လွတ်လပ်လပ် ရပ်တည် ဖို့ မစွမ်းသာနိုင်ဘူးလို့ သတိပေး ထားပါတယ်။

‘‘အဲဒီမှာ အထူးသီးသန့် ဥပဒေပြုခွင့်နဲ့ တရားစီရင်ခွင့် ပါဝါ မျိုးတွေ ရှိနေတယ်။ ပြီးတော့ စီမံကွပ်ကဲမှုဆိုင်ရာ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်နေပြီး သမား ရိုးကျ မဟုတ်တဲ့ အခွင့်အာဏာ မျိုးတွေ ရောယှက်နေတယ်။ ပြီး တော့ အာဏာရှင် ကြီးစိုးမှု စနစ်နဲ့ ဆက်နွှယ်ပြီး ဖြစ်တည်နေတဲ့ သီး ခြား အခွင့်အာဏာမျိုးပါ’’ လို့ ဆက်ဖင်းက ကောက်ချက်ချပါ တယ်။

တိုးတက်မှု အရိပ်အယောင်တွေ

လာမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုက မဲရုံတွေကနေ တစ်ဆင့် သူတို့ရဲ့ နောက်တက် လာမယ့် အစိုးရကို တင်မြှောက် နိုင်မယ့် အခွင့်အရေး ဆိုတာထက် စနစ်တကျ ပုံသွင်းထားတဲ့ အ ကွက်ဆင်မှုတစ်ခု ဖြစ်နေမှာကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူတွေနဲ့ နိုင်ငံရေးပါတီတွေက စိုးရိမ် ထိတ်လန့်နေကြတာဟာ သိပ်တော့လည်း အံ့ဩစရာ မရှိပါဘူး။

‘‘၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဟာ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီးတော့ လွတ်လပ်ပြီး တရားမျှ တမယ်လို့ ကျွန်တော်တို့ မျှော် လင့်ထားပါတယ်’’ လို့ မြန်မာ နိုင်ငံ ဒီမိုကရေစီဖိုရမ် (Forum for Democracy in Burma) ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးစိုး အောင် က ပြောပါတယ်။

ဦးစိုးအောင်က ၂၀၁၀ ရွေး ကောက်ပွဲကို တရားဝင် အသိအ မှတ် ပြုခံရသူမဟုတ်ဘဲ စောင့် ကြည့်ခဲ့သူတစ်ဦးပါ။

‘‘လောလောဆယ် သိသိ သာသာ တိုးတက်လာတဲ့ တစ်ခု တည်းသော အပိုင်းကတော့ အာ ဏာပိုင်တွေဟာ အတိုက်အခံ တွေကို ထိန်းချုပ်တဲ့၊ ဆန့်ကျင် တဲ့ အပိုင်းတွေမှာ ပိုပြီးတော့ ခေတ်မီဆန်းပြားတဲ့ နည်းလမ်း တွေကို သုံးစွဲလာတာပါပဲ’’ လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာ လမှာ အဆိုးရွားဆုံးပြဿနာ တစ်ခုကတော့ ကြိုတင်မဲစနစ် ပါပဲ။ အဲဒီစနစ်က ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ပေမယ့် အစိုးရက လွှတ်တော်ထဲမှာ ရှိမနေစေချင် တဲ့ ကိုယ်စားလှယ်လောင်းတွေကို အနိုင်ကနေ အရှုံးဖြစ်သွားအောင် ပြောင်းပစ်နိုင်ခဲ့တယ်လို့ ဦးစိုး အောင်က သုံးသပ်ပါတယ်။

မွန်ပြည်နယ်နဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာ မွန်ပါတီနဲ့ အမျိုးသား ဒီမိုကရက်တစ်အင် အားစု ပါတီတွေက ကိုယ်စား လှယ်လောင်းတွေဟာ သူတို့မျှော် လင့်ထားတဲ့ အမတ်နေရာတွေ မှာ အသီးသီး အနိုင်ရခဲ့တယ်ဆို တဲ့ အသိနဲ့ ညအိပ်ရာဝင်ခဲ့ပါ တယ်။ နောက်တစ်နေ့ မနက်မှာ တော့ သူတို့တွေဟာ ရှုံးနိမ့်သူ တွေ ဖြစ်နေပြီဆိုတာ တအံ့တဩ တွေ့လိုက်ရပါတယ်။ ဘာကြောင့် လဲဆိုတော့ ညတွင်းချင်းမှာ တင် ကြိုတင်မဲ အရေအတွက် ထောင် နဲ့ချီ လာပို့တာကြောင့် တစ်ဖက် က မဲအရေအတွက် အသာစီးရ သွားတာကြောင့်ပါပဲ။

ဦးတင်အေးက ဒီကိစ္စတွေ ကို အသေအချာ သတိထားမိပြီး သားပါ။ နိုဝင်ဘာ ရွေးကောက်ပွဲ မှာတော့ ကြိုတင်မဲတွေကနေ ရွေးကောက်ပွဲ ရလဒ်ပိုင်းမှာ ရှုပ် ထွေးမှုတွေ ဖြစ်မလာအောင် တင်း တင်းကျပ်ကျပ် စီမံကိုင်တွယ်သွား မယ်လို့ သူက Spectrum ကို ပြောပါတယ်။ သူက ချင်းပါတီ ကိုယ်စားလှယ် တစ်ယောက် ကြို တင်မဲတွေကြောင့် ညတွင်းချင်း သူ့အမတ်နေရာ ဆုံးရှုံးသွားလို့ အရေးဆိုခဲ့တဲ့ ကိစ္စကို ရယ်ရယ် မောမော ပြန်ပြောင်းပြောပြပါ သေးတယ်။

‘‘ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်အနေနဲ့ ဒီတစ် ကြိမ်မှာတော့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး ရေတွက်ပုံ တိကျမှု ရယ်၊ အပြည့်အဝ ပွင့်လင်းမြင် သာမှု ရှိစေရမယ် ဆိုတာရယ်ကို အာမခံနိုင်ပါတယ်’’ လို့ သူက ဆိုပါတယ်။ အရင်က ကြုံခဲ့တဲ့ ပြဿနာတွေက သတ်မှတ်ဥပဒေ တွေမှာ အားနည်းချက်တွေရှိနေ တာကြောင့်ဖြစ်ပြီး အခုအခါ မှာ တော့ အသစ်ပြင်ဆင် မွမ်းမံထား တဲ့ ဥပဒေတွေက ဒါမျိုးတွေ မကြုံအောင် ရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ဦးတင်အေးက မှတ်ချက်ပေးပါတယ်။

ကြိုတင်မဲတွေကို ကဏ္ဍနှစ်ခု ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက တော့ မဲဆန္ဒနယ်ထဲမှာ လတ်တ လော နေထိုင်နေတဲ့ ပြည်သူတွေ ရဲ့ ကြိုတင်မဲရယ်၊ မဲဆန္ဒနယ် ပြင်ပ၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ပြည်သူတွေရဲ့ ကြိုတင်မဲရယ်ဆိုပြီးတော့ပါ။ ကြို တင်မဲ ပေးချင်သူတွေအနေနဲ့ စောစောစီးစီး စာရင်းတင်သွင်းထားရပါတယ်။ တရားဝင် ဆန္ဒမဲတွေ မကောက်ခံခင် နှစ်ရက်အလိုမှာ အဲဒီမဲတွေကို ကြိုတင်ကောက်ယူသွားတာပါ။

ဒီနှစ်မှာတော့ မသမာတဲ့ စွက်ဖက်မှုတွေ မဖြစ်ရလေ အောင် ကြိုတင်မဲတွေကို ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ရဲ့ ရုံးခန်းတွေမှာ သိမ်းဆည်း ထားမှာ ဖြစ်ပါတယ်။ အဲဒီကနေမှ တစ်ဆင့် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးကို ရွေးကောက်ပွဲနေ့ မနက် ၆ နာရီ မထိုးခင် ပို့ဆောင် ထားမှာပါ။ နိုဝင်ဘာ ၈ ရက်၊ ည ၈ နာရီ မဲရုံတွေ ပိတ်သိမ်း သွားတဲ့အခါ ကြိုတင်မဲတွေကို ဦးဆုံး ရေတွက်မှာ ဖြစ်ပါတယ်။

‘‘ပွင့်လင်းမြင်သာမှုကို ထိန်း သိမ်းထားဖို့အတွက် ကြိုတင်မဲ ပေးသွင်းသူ စာရင်းကိုလည်း ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်’’ လို့ ဦးတင်အေးက ဆိုပါတယ်။

နိုင်ငံရပ်ခြားမှာ ရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေအတွက် ကတော့ သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးတွေမှာ မဲစာရွက် တွေ ကြိုတင် ပေးပို့ထားမှာ ဖြစ် ပါတယ်။ မဲပေးဖြည့်သွင်းပြီးတဲ့ အခါမှာတော့ ချိပ်ပိတ်ပြီး အဲဒီ ကနေတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ ပို့ ဆောင်သွားမှာပါ။ ကော်မရှင်က မဲစာရွက် ဘယ်လောက်ကို သံရုံး တွေဆီ ပေးပို့ကြောင်းနဲ့ ဘယ် လောက် အရေအတွက်ကို ပြန် လည် ရရှိကြောင်းပါ ကြေညာမှာ ဖြစ်ပါတယ်။

ကြိုတင်မဲ အားလုံးကို မြို့ နယ်အလိုက် စာရင်းကောက်ယူ တဲ့ အရာရှိတွေဆီ ညနေ ၄ နာရီ မထိုးခင် ပေးအပ်ရမှာဖြစ်ပြီး မဲ တွေကို ရေတွက်ပါမယ်။ ည ၈ နာရီ ကျော်သွားရင်တော့ ဘယ်ကြိုတင်မဲကိုမှ လက်ခံ တော့မှာ မဟုတ်ပါဘူး။

‘‘အရင်တစ်ခေါက်တုန်းက တော့ နောက်ဆုံးသတ်မှတ် အချိန် မျိုး မရှိခဲ့ဘူးလေ’’ လို့ ဦးတင်အေး က ပြောပါတယ်။ ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲမှာတော့ ကြို တင်မဲတွေကို အသုံးချတဲ့ မသမာ မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီတစ်ခါတော့ ဒါမျိုး မဖြစ်စေရဘူးလို့ သူက ကတိပေးခဲ့ပါတယ်။

တစ်ကမ္ဘာလုံးရဲ့အာရုံ

ရွေးကောက်ပွဲကို နိုင်ငံတ ကာက အသိအမှတ်ပြုတဲ့ အနေ အထားမျိုး အထမြောက်အောင် ဆောင်ရွက်နိုင်ရေးဟာ ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်ရဲ့ ထိပ်တန်းဦးစားပေး ရည် မှန်းချက် ဖြစ်တယ်လို့ ဦးတင် အေးက ဆိုပါတယ်။

‘‘မကြာသေးခင် သမိုင်း ကြောင်းတွေအရ တည်ငြိမ်မှု လို အပ်တယ် ဆိုတာကို ကျွန်တော် တို့ နားလည်ခဲ့ပါတယ်။ တပ်မ တော်ကလည်း ဒါကို လက်ခံ တယ်။ နိုင်ငံတကာ ပိတ်ဆို့မှု တွေ၊ အရေးယူမှုတွေ ခံရတဲ့ အနေအထားဆီ ဘယ်သူမှ ပြန် မသွားချင်ပါဘူး’’ လို့လည်း သူက ပြောပါတယ်။

အဓိပ္ပာယ်ကတော့ ကြိုတင် စီစဉ် ထားတဲ့အတိုင်း ရွေးကောက် ပွဲတွေကို အထမြောက်အောင် ကျင်းပမယ် ဆိုတာပါပဲ။

‘‘ရွေးကောက်ပွဲကို ရွှေ့ဆိုင်း လိုက်တာ၊ ဖျက်သိမ်းလိုက်တာ မျိုး ဖြစ်နိုင်ခြေ ဘာတစ်ခုမှ မရှိပါ ဘူး’’ လို့ သူကဆိုပါတယ်။ ပြည် ထောင်စု ရွေးကောက်ပွဲ ကော် မရှင်အနေနဲ့တော့ မတည်ငြိမ်မှု တွေ၊ မအေးချမ်းမှုတွေ ဖြစ် ပေါ်နေတဲ့ နယ်မြေတွေမှာ မဲ ကောက်ယူမှုတွေကို ရပ်ဆိုင်း ထားတာ၊ ဒါမှမဟုတ် ဆိုင်းငံ့ထား တာမျိုး လုပ်ပိုင်ခွင့် ရှိနေပါတယ်။ တကယ်လို့ ဒါမျိုး လိုအပ်ချက် ရှိလာရင် ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ ဒေသဆိုင်ရာ စစ်ရေးတာဝန်ခံတွေဟာ ဒီကိစ္စ ကို ကိုင်တွယ် ဖြေရှင်းရာမှာ ပူး ပေါင်း တာဝန်ယူမှာ ဖြစ်ပါတယ်။

ဦးတင်အေးကတော့ ယုံ ကြည်မှု အပြည့်အဝ ရှိနေပါ တယ်။ ဒါပေမဲ့ အတိုက်အခံ ဒီမို ကရက်တစ်တွေနဲ့ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းတွေက တော့ ဦးတင်အေးအနေနဲ့ သူ့ ကတိတွေကို လက်တွေ့ထိန်း သိမ်းပြီး အကောင်အထည်ဖော် နိုင်ပါ့မလား ဆိုတဲ့အပေါ် သံသယ တွေ ကျန်ရှိနေဆဲပါ။ တချို့က လည်း တပ်မတော်နဲ့ အရင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ လက်ထဲမှာ နိုင်ငံ့အာဏာကို အနည်းဆုံး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလထိ ဆက်ထိန်းသိမ်းထား ဖို့ စီမံထားတဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေရဲ့ စီမံကိန်းမှာ အစိတ်အပိုင်းတစ်ရပ် ဖြစ်နိုင် တယ်လို့ ယုံကြည်နေကြပါတယ်။

နိုင်ငံရဲ့ အနာဂတ်ကတော့ ရှေ့မှာ ဘာတွေ ဖြစ်လာမလဲဆို တဲ့အပေါ် တည်မှီနေပါပြီ။ ‘‘အ များစုကတော့ ဒီတစ်ခါ ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီး တ ရားမျှတမယ်၊ ဒါမှမဟုတ် အနည်း ဆုံးတော့ အဲဒီလို အရိပ် အယောင် မျိုး ရှိမယ်လို့ ယူဆနေပါတယ်’’ လို့ ဩစတြေးလျနိုင်ငံ မက်ကွိုင် ရီ တက္ကသိုလ်က မြန်မာ့အရေး အထူးပြု လေ့လာသူ ရှောင်တာ နဲလ်က ဆိုပါတယ်။

 ‘‘အရိပ်အယောင်တွေကို ကြည့်ရတာတော့ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသစ်တွေ ရယ်၊ အစိုးရဆီ ဘဏ္ဍာရေးနဲ့ နည်းပညာပိုင်း အထောက်အပံ့ ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အ စည်းတွေ ထွက်ခွာသွားမယ့် အ ခြေအနေကို လက်ခံဖို့ သတ္တိရှိပုံ မရပါဘူး။ နိုင်ငံတကာ အသိုက် အဝန်းကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအ ပေါ် မူတည်ပြီးမှ ပြုပြင်ပြောင်း လဲမှု ဖြစ်စဉ်တွေကို ရှေ့ဆက် ထောက်ခံ အားပေးသွားမှာပါ’’ လို့လည်း တာနဲလ်က ပြောသွား ခဲ့ပါတယ်။

(CLAIMS OF FOUL PLAY TAR−NISH ‘FREE AND FAIR’ POLLSဆောင်းပါးကို ဇွဲရဲဝင့်ဘာသာပြန်ဆိုသည်)

2 comments:

  1. မဲစာရင်းစစ်ဖို့ ပြောတာကကုလားကိစ္စကိုအာရုဏ်လွဲနေတာ။ပြည်သူတွေသတိထားကြပါ။ဒီမိုကရေစီလုပ်စားတွေကသမိုင်းကိုတောင်လိမ်ချင်နေကြတာ။

    ReplyDelete
  2. စောက်အဖွားကြီးရဲ့ အမေရိကန်က သူကြိုးဆွဲလို့ ရတဲ့ အစိုးရတက်မှရွေးကောက်ပွဲတရားမျှတတယ်ပြောမှာဗျ။

    ReplyDelete