Friday, July 3, 2015

ဒုတိယသက်တမ်းထမ်းဆောင်ရေး ပြည်သူများဆန္ဒရှိလျှင် အလေးအနက်ထားစဉ်းစားမည်ဟု သမ္မတဦးသိန်းစိန်ပြော

သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်း ဆက်လက် ဆောင်ရွက်ရေးမှာ တိုင်းပြည် အခြေအနေနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်သူများ ဆန္ဒရှိပါက အလေးအနက်ထား စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မဲခေါင်-ဂျပန်အစည်းအ ဝေးတက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဇူလိုင် ၂ ရက်ကရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် ယင်းနေ့ ညနေပိုင်းက ဂျပန်သတင်းဌာန NHK နှင့်သီးသန့်တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် နောက်ထပ်သမ္မတသက်တမ်း အတွက် ယှဉ်ပြိုင်ရန်ရှိ၊ မရှိ ပြည်တွင်းတွင် ပြောကြားလေ့ မရှိသော်လည်း ပြီးခဲ့သည့်နှစ်ကပြည်ပခရီးစဉ်တစ်ခု၌ နောက်သက်တမ်းအတွက် ပြည်သူများ၏ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် လေးလခန့်သာလိုတော့ ချိန်၌ သမ္မတဦးသိန်းစိန်က NHKနှင့် အင်တာဗျူး၌ သမ္မတဒုတိယသက်တမ်းကို အလေးအနက်ထားစဉ်းစားမည်ဖြစ်ကြောင်းဖြေကြားလိုက်ခြင်းဖြစ်သည်။
ဒုတိယသက်တမ်းအတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ အဆိုပါ သတင်းဌာနက ဆက်လက် မေး မြန်းရာတွင် မည်သူတာဝန်ယူသည်ဖြစ်စေ ထာဝရငြိမ်းချမ်း ရေးကို တည်ဆောက်ရန်၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LCD)အဖြစ်မှ လွတ်မြောက် ရန်နှင့် မြန်မာနိုင်ငံကို တစ်ဦးချင်း

ဝင်ငွေအလယ်အလတ် အဆင့်ရှိ နိုင်ငံအဖြစ်သို့ ရောက်ရှိစေရန် ဦးစားပေးဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့် ပတ် သက်၍လည်း ဂျပန် - မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှာ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၁၂ ၌သာ ရှိနေသဖြင့် အခြေခံအ ဆောက်အအုံ၊ စက်မှုလျှပ်စစ်၊ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံစေလို ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့် ကုန်ထုတ်လုပ်မှုကဏ္ဍများ၌ ပိုမိုရင်းနှီးမြှုပ်နှံစေလိုကြောင်း ဖြေကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည် ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းကလည်း သမ္မတဖြစ်လိုကြောင်း ပြောကြားထားပြီး လက်ရှိအချိန်တွင် ပါတီတွင်း သူရဦးရွှေမန်းကို ထောက်ခံသူနှင့် ဦးသိန်းစိန်အား လိုလားသူတို့ကြား အားပြိုင်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် မကြာမီ ထုတ်ပြန် တော့မည့် ပါတီကိုယ်စားလှယ် လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ် မှုရှိ၊ မရှိမှာလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကြား စောင့်ကြည့်မှုများရှိနေသော်လည်း သမ္မတဦးသိန်းစိန်မှာ လျှော့တွက်၍ မရကြောင်း အမေရိကန်မှ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတို့က မြန်မာ့နိုင်ငံရေးစကားဝိုင်း၌ ဆွေးနွေးပြောကြားထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေအရ သမ္မတ နှင့် ဒုသမ္မတတို့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ တို့က ပြန်လည်ရွေးချယ်ရခြင်းဖြစ် ပြီး သမ္မတ ရွေးကောက်ပွဲ သီးသန့်မရှိပေ။
7 day

No comments:

Post a Comment