ယင်းသို့ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဇွန် ၃ဝ ရက်တွင် ရေးသားထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ-၄၃၆(ခ)ပါ ပြင် ဆင်ပြဋ္ဌာန်းချက်များကို လွှတ်တော် တွင် စတင်ဆွေးနွေးနေသည့်အချိန် လည်းဖြစ်သည်။
ယင်းထုတ်ပြန်ရေးသားချက် တွင် ပြည်ခိုင်ဖြိုးပါတီမှ စတင်တင် သွင်းခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း၏ အ ဆက်အဖြစ် ပုဒ်မ-၄၃၆(ခ) ပြင်ဆင် ရေးကို ယနေ့(ဇွန် ၃ဝရက်)တွင် ပြည် ထောင်စုလွှတ်တော် ၌ စတင်ဆွေးနွေး ဆောင်ရွက်နေကြောင်းကို အသိပေး ပါကြောင်း ယခင်ဆောင်ရွက်ခဲ့သည့် ပုဒ်မ-၄၃၆(က)ကဲ့သို့ပင် အလားတူ အရေးကြီးသည့် အချက်များ ပုဒ်မ- ၄၃၆(ခ) တွင် ပါရှိနေကြောင်း၊ ပုဒ်မ- ၄၃၆(ခ)ကို ပြင်ဆင်သွားနိုင်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်ရေးရရှိရေးတို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် အဆိုပါပုဒ်မ-၄၃၆ (ခ)ပြင်ဆင်ရေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ (က)တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အစဉ်တောင်း ဆိုလျက်ရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှ ခွင့်၊ ဗဟိုဦးစီးမှုလျှော့ချရေး စသည် တို့ဖြစ်ပေါ်လာရေး၊ (ခ)တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များက ရွေးချယ် တင်မြှောက်သူသာလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်တို့၏ ဝန်ကြီးချုပ်အဖြစ် ခန့်ထား ရေး (ဂ)အုပ်ချုပ်ရေးအဖွဲ့များ၏ ကွပ် ကဲမှုအောက် ရောက်ရှိနေသည်ဟု စွပ် စွဲပြောဆို ခံနေရသော တရားရေးအ ဖွဲ့အစည်းများအား သီးခြားလွတ်လပ် စွာ တရားမျှတစွာ တရားစီရင်နိုင်သော အခြေအနေများသို့ ရောက်ရှိရေး (ဃ)အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ထိခိုက်စေသော ''ကိုယ်စားလှယ် များ ပြန်လည်ရုပ်သိမ်းခြင်း ကိစ္စရပ် များ'' မဖြစ်ပေါ်ရေး (င)ရှေ့နောက် ဆက်စပ်လျော်ညီမှုမရှိသော ကိစ္စရပ် များအား ပြင်ဆင်ဆောင်ရွက်သွား နိုင်ရေးတို့ဖြစ်ကြောင်း ရေးသားထုတ် ဖော်ထားသည်။
DemocracyTodayNewspaper
သူတောင်းစား ဧရာဝတီတိုင်းမှာမင်းသားတွေလက်ဝါးကြီးအုပ်ပြီးအခုချိန်ထိလုပ်နေတဲ့ လုပ်ငန်းတွေကိုအရင်စွန့် လွတ်ပါအုံး။ပြီးမှ၄၃၆ပြင်ပါ
ReplyDelete