Friday, July 31, 2015

နိုဝင်ဘာ ၈ ရွေးကောက်ပွဲနှင့် ဒီချုပ်အလားအလာ

ရက်ပေါင်း ၁၀၀ စွန်းစွန်းသာ လိုတော့သည့် အထွေထွေရွေး ကောက်ပွဲအပြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံကို အုပ်ချုပ်မည့် အစိုးရတစ်ရပ် ကောင်းမွန်စွာ ဖွဲ့စည်းနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည့်အတိုင်း အစိုးရတစ်ရပ်ကို ကောင်းမွန်စွာ ဖွဲ့စည်းနိုင်ရန် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရမည့် ရလဒ်ကို နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် ပြည်သူများကြားတွင် စိတ်ဝင်စားမှု ရေချိန်မြင့်တက်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အများစုဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင် သတင်းထုတ်ပြန် ထားသည်။

ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော မဲဆန္ဒနယ် ၁,၁၇၁ ခုအနက် ဒီချုပ်က မဲဆန္ဒနယ် ၁,၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ခု၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄ ခု နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ ခုတို့ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

‘‘အစိုးရတစ်ရပ်ကို ဖွဲ့နိုင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တိုင်းကို ရာနှုန်းပြည့်နီးပါးအနိုင်ရဖို့ လိုတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် အစိုးရတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ရန် သမ္မတကို ပါတီမှ တင်မြောက်သူအား ခန့်အပ် နိုင်ရေးသည် အရေးကြီးသည့် အချက်ဖြစ်နေသောကြောင့် ပါတီ မှ သမ္မတလောင်းရွေးချယ်တင် မြောက်ခွင့်ရရေးအတွက် လုံ လောက်သော လွှတ်တော်ကိုယ် စားလှယ်များ ရရေးသည် အဓိက ကျသည်ဟု နိုင်ငံရေးလေ့လာသူ များက သုံးသပ်ထားကြသည်။

အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်း နိုင်ရန်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းစည်းထားသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အနည်းဆုံး လွှတ်တော်၏ အမတ်နေရာ ၆၅ ရာခိုင်နှုန်းကျော် အနိုင်ရရှိရန်လို ကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

‘‘အစိုးရအဖွဲ့ ဖွဲ့မယ်ဆိုရင် အဓိကကျတာကတော့ သမ္မတ ပေါ့။ လက်ရှိအခြေခံဥပဒေအရ အစိုးရအဖွဲ့ကို သမ္မတကပဲ သူ့ စိတ်ကြိုက်ဖွဲ့စည်းတာ’’ဟု ဒေါက် တာ ရန်မျိုးသိမ်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေအရ အစိုးရအဖွဲ့၏ အကြီးအ ကဲဖြစ်သူ နိုင်ငံတော် သမ္မတအား ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်သည့် စနစ် မဟုတ်ဘဲ ပြည်ထောင်စု လွှတ် တော်တွင်းရှိ လွှတ်တော် ကိုယ် စားလှယ်များက ရွေးချယ်တင် မြှောက်သောစနစ်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က တင်မြှောက်သော သမ္မတသည် တိုင်းပြည်ကိုအုပ်ချုပ်မည့် အစိုးရ အဖွဲ့တစ်ရပ်ကို ဦးဆောင်ဖွဲ့စည်း ခွင့်ရှိသည်။

သမ္မတကို ရွေးချယ်တင် မြှောက်ရာတွင် ပြည်သူ့လွှတ် တော်ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များကဒုတိယသမ္မ တလောင်းတစ်ဦး၊ အမျိုးသား လွှတ်တော်ရွေးကောက်ခံ လွှတ် တော်ကိုယ်စားလှယ်များက ဒုတိ ယသမ္မတတစ်ဦးနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းတစ်ဦးတို့ကို အသီးသီးရွေးချယ် တင်မြှောက်ရမည်ဖြစ်သည်။

ထိုသို့ အစုအဖွဲ့သုံးဖွဲ့မှ တင် မြှောက်သော ဒုတိယသမ္မတ သုံး ဦးအနက် မဲစနစ်ဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတအား ရွေးချယ် တင်မြှောက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် အရပ်သားနှင့်တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး ရှိရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး (၂၅ ရာခိုင်နှုန်း) နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ် ၄၉၈ ဦး (၇၅ ရာခိုင်နှုန်း) ရှိသည်။

ထို့ကြောင့် ဒုတိယသမ္မတ လောင်းတစ်ဦးကို ပါတီက ရွေး ချယ်တင်မြှောက်ခွင့်ရရှိရေးနှင့် ဒုတိယသမ္မတလောင်းများကို သမ္မတအဖြစ် မဲခွဲရွေးချယ်ရာတွင် မဲအသာရရှိစေရန် ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၉၈ ဦး၏ အနည်းဆုံး ၆၅ ရာခိုင်နှုန်းရရှိ ရန်လိုအပ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ရွေးကောက်ခံအမတ်၏ ၆၅ ရာခိုင်နှုန်းမှာ ၃၂၄ ဦး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ၎င်းတို့ရွေးချယ်တင်မြှောက်သောသူ သမ္မတဖြစ်ရန် လွှတ်တော်တွင်း အနည်းဆုံးရွေး ကောက်ခံလွှတ်တော်ကိုယ်စား လှယ်များ၏ ၆၅ ရာခိုင်နှုန်းကျော် ရရှိရေးသည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲရလဒ်များကဲ့သို့ပင် အောင်မြင်ရ မည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးမင်းသူက ပြောသည်။

ဒီချုပ်ရွေးကောက်ပွဲတွင် မဲ ဆန္ဒနယ် မည်မျှ အနိုင်ရမည်ဆို ခြင်းမှာ ပြည်တွင်းသာမရ နိုင်ငံ တကာကလည်း စိတ်ဝင်စားနေ သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသော သံတမန်များ ယခုရက်ပိုင်း အများဆုံးမေးသော မေးခွန်းမှာ ရွေးကောက်ပွဲတွင် ဒီချုပ် ဘယ်နှစ်နေရာနိုင်မည်လဲ ဆိုသော မေးခွန်းပင်။

ဒုသမ္မတလောင်း ၃ ဦးထဲမှ ဒီချုပ်တင်မြှောက်မည့် ဒုသမ္မတလောင်းတစ်ဦး သမ္မတဖြစ်ရေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်စုစုပေါင်း ၆၆၄ ၏ ငါး ဆယ်ရာခိုင်နှုန်းဖြစ်သော အမတ် ၃၃၂ ဦး နေရာစာ အနိုင်လျှင် လုံ လောက်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

၁၉၉၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၈၅ နေရာတွင် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၂ အထွေ ထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာအနိုင်ရရှိ ခဲ့သည်။

သို့သော် ဒီချုပ်အပြတ်အ သတ်အနိုင်ရခဲ့သော ရွေးကောက် ပွဲအခြေအနေနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲအခြေအနေ သည် တူညီမှုမရှိတော့ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္က ဋ္ဌ ဦးသုဝေက သုံးသည်။

လက်ရှိအခြေအနေတွင် ဒေ သအလျောက် ထောက်ခံမှုရှိသော နိုင်ငံရေးပါတီများရှိလာပြီး ဒေါ် အောင်ဆန်းစုကြည်၏ သြဇာ သည်လည်း ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၂ တွင် ကြီးမားခဲ့သော်လည်း ၂၀၁၅ တွင် အနည်း ငယ်ကျဆင်း လာသည့် အခြေအနေကို တွေ့ရ ကြောင်း ဦးသုဝေက သုံးသပ် သည်။

 အင်အားကြီးပါတီများမ ဟုတ်သော်လည်း လူထုထောက်ခံ မှုအသင့်အတင့်ရှိနေသော တိုင်း ရင်းသားပါတီများရှိလာခြင်း ကြောင့် မဲများပျံ့နှံမှုဖြစ်လာနိုင် ခြင်း၊ လက်ရှိအာဏာရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်လည်း၎င်းတို့ရရှိထား သည့် လွှတ်တော်တွင်းကိုယ်စား လှယ်နေရာများကို ရွေးကောက်ပွဲ တွင် ပြန်လည်ရရှိရန် မဲဆွယ်စည်း ရုံးမှုများ အရှိန်မြှင့်တင်လုပ် ဆောင်လာခြင်းတို့ကြောင့် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီချုပ် အနိုင်ရရှိရေးအတွက် ထည့်သွင်း စဉ်းစားရမည့်အချက်များဖြစ်လာ သည်ဟု နိုင်ငံရေးပါတီခေါင်း ဆောင်အချို့က ထောက်ပြထား သည်။

အင်န်အယ်လ်ဒီ အနေဖြင့် တိုင်းဒေသကြီးများတွင် အနိုင်ရရှိ ရန် အခြေအနေကောင်းသော် လည်း၊ ပြည်နယ်များတွင် အနိုင်ရ ရန် ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။ အထူးသဖြင့် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်း စသော ပြည်နယ်များတွင် ဒေသခံ တိုင်းရင်းသားပါတီများက အနိုင်ရရန် အခြေအနေကောင်း သည်ဟု ၎င်းတို့က ဆိုသည်။

သို့သော် ကချင်ပြည်နယ် ပူ တာအိုခရီးစဉ်၊ မွန်ပြည်နယ်ခရီး စဉ်တို့နှင့် ပြီးခဲ့သည့်ရက်ပိုင်းအ တွင်းက ဧရာဝတီတွင် ပြုလုပ်ခဲ့ သည့်ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးဟောပြောပွဲသို့ဒေသခံပြည် သူအများအပြားက လာရောက် နားထောင်ခဲ့သည်ကို  တွေ့ရ သည်။

လက်ရှိ နိုင်ငံရေးပါတီများ ထဲတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်သည် လူထုထောက်ခံမှု အ များဆုံးရရှိထားသည့် ပါတီတစ်ခု ဖြစ်နေသော်လည်း မဲစာရင်းများ မှားယွင်းနေခြင်း၊ တိုင်းရင်းသား ပါတီများနှင့်ထိထိရောက်ရောက် မဟာမိတ်ဖွဲ့စည်းရန်လိုအပ်ခြင်းတို့သည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် စိန်ခေါ်မှုများရှိနေ သည်ဟု ဒေါက်တာရန်မျိုးသိမ်း သုံးသပ်သည်။

‘‘ဒီချုပ်အနေနဲ့က တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍကို လေးလေးနက်နက်သုံးသပ်ဖို့လို ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ် လိုမဟာမိတ်ဖွဲ့လုပ်ကြမလဲဆို တာ ဒီချုပ်ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် အင်မတန်အရေး ပါတယ်’’ဟု ၎င်းကသုံးသပ်သည်။

ရာနှုန်းပြည့်နီးပါးအနိုင်ရရှိ ရန် ရည်မှန်းထားသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ကိုယ်စားလှယ်လောင်းများအား စ တင်ဖိတ်ခေါ်ရာတွင် နိုင်ငံရေးအ ရ ပုံရိပ်ကောင်းပြီး လူထုထောက် ခံမှုရှိသူများ၊ စီးပွားရေးပညာရှင်များ၊ ပညာရေးလောကမှ ပညာ ရှင်များသည် ကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် လျှောက်ထားမှုများရှိ သည်ကို တွေ့ရသည်။

သို့သော် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အောင်ပွဲခံနိုင်၊ မခံနိုင်ကိုမူ စောင့်ကြည်ရပေမည်။
7 day

1 comment:

  1. ကုလားတွေချည်းပဲမဲပေးယင်တော့ ရမှာပေါ့ ဗျာ။အခုဟာက လူမျိုးစု 135မျိုးစလုံးမဲပေးမှာဗျ။

    ReplyDelete