Sunday, July 5, 2015

ကာမိုင်း - မိုးကောင်းသွားလမ်းတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုများအား ထပ်မံပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်း - မိုးကောင်းသွားလမ်း၊ ဆိပ်မူကျေးရွာအနီး KIA အဖွဲ့မှ ထောင်ထား သော ဒေသန္တရမိုင်း (၂)လုံး တစ်ရက်တည်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင်လ ၁ ရက်၊ ညနေ (၆) နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အရှေ့ တောင်ဘက် (၇)မိုင်ခန့်အကွာ ကာမိုင်း - မိုးကောင်းသွားလမ်း ဂေါ်ရီအုပ်စု၊ လဂတ်ယန်ကျေးရွာနှင့် မန်တင် ကျေးရွာကြားတွင် KIA ထောင် ထားသော မိုင်း(၁)လုံးနှင့် ညနေ(၅)နာရီ ၀န်းကျင်ခန့်တွင် ဖားကန့်မြို့၏
အနောက်တောင်ဘက် (၃)မိုင်ခန့် အကွာရှိ ဆိပ်မူကျေးရွာအနီး ဟွာကျင်စက်သုံးဆီဆိုင်၏ ညာဘက်ပေ (၄၀)ခန့်အကွာ၊ ဆိပ်မူ - ဖားကန့်သွား ကားလမ်း၏ ၀ဲဘက်ခြမ်း မြေသားနံရံမှ KIA ထောင်ထားသော မိုင်း (၁)လုံး တို့သည် တစ်ရက်တည်းတွင် နှစ်ကြိမ်ပေါက်ကွဲခဲ့ရာ လူ/တိရစ္ဆာန်နှင့် အခြားတစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် KIA အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲခြင်း များ မကြာခဏပြုလုပ်လာခြင်းကြောင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရှိသူ အများအပြားရှိခဲ့ပြီး ဖားကန့်မြို့နယ်အတွင်းနေ ပြည်သူများအနေဖြင့် အစစအရာရာသတိဖြင့် သွားလာနေထိုင် အလုပ်လုပ်ကိုင်နေ ရကြောင်း ဘာသာရေး သင်းအုပ်ဆရာ တစ်ဦးထံမှ သိရသည်။
ဆိုင်နော်( ဖားကန့်)
Kachin Daily News

No comments:

Post a Comment