Thursday, August 13, 2015

ဧရာဝတီတိုင်းတွင် ရေဘေးကြောင့် ကျပ် ၁၈ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်း အစိုးရအဖွဲ့ ထုတ်ပြန်

 ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ဖြစ်ပွားခဲ့သော ရေကြီးရေ နစ်မြုပ်မှုများကြောင့် ဧရာဝတီ တိုင်းတွင် ရေဘေးသင့် အိမ်ထောင်စုပေါင်း တစ်သိန်းခန့် ရေ ဘေးသင့်ခဲ့ပြီး ကျပ် ၁၈ ဘီလီယံ ခန့် ပျက်စီးဆုံးရှုံးကာ လူအသေ အပျောက်မရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က သ တင်းထုတ်ပြန်သည်။
အထက်ဘက်မှ ကျဆင်းလာသည့် ရေများသည် ဧရာဝတီတိုင်းသို့ ဇူလိုင် ၃၀ ရက်တွင် စတင်ဝင်ရောက်ခဲ့သည်။ ဧရာဝတီတိုင်း မြောက်ပိုင်းမြို့များသို့ ရေစတင် လွှမ်းမိုးခဲ့ပြီးနောက် တဖြည်းဖြည်းအောက်ဘက်ရှိ မြို့များသို့ ဆက် လက်စီးဆင်းလာခဲ့ရာ ကျောင်း ကုန်း၊ ရေကြည်၊ ကျုံပျော်၊ သာ ပေါင်းနှင့် ပုသိမ်မြို့များ ရေလွှမ်းမိုးခဲ့ပြီး လက်ရှိအထိ ရေလွှမ်းမိုးနေဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းတွင် ခရိုင် ခြောက်ခုရှိသည့်အနက် ပုသိမ်၊ ဟင်္သာတ၊ မအူပင်ခရိုင်တို့ရှိ မြို့ ၁၇ မြို့ ရေလွှမ်းမိုးခဲ့ရပြီး လယ်မြေ ၂၃၀,၇၅၁ ဧက ရေလွှမ်းမိုးခံရကာ ၄၇,၂၆၀ ဧက ပျက်စီးဆုံးရှုံးခဲ့ ကြောင်း အဆိုပါစာရင်းဇယား များအရ သိရသည်။

အဆိုပါရေကြီးနစ်မြုပ်မှု ကြောင့် ဧရာဝတီတိုင်းတွင် ကျပ် ၁၇,၆၄၈ သန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး နေ့စဉ်နှင့်အမျှ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတိုးမြင့်လာနေကြောင်း သိရသည်။

‘‘ရေမြုပ်ခဲ့တဲ့ အိမ်အများစု က အကုန်လုံးပျက်စီးကုန်တယ်။ ကျောင်းတက်နေတဲ့ ကလေးတွေ ရဲ့ ကျောင်းသုံးစာအုပ်တွေ ရေစိုစုတ်ပြဲကုန်တယ်။ ရေကျသွား တော့ ၀မ်းလျှောရောဂါတွေ ဖြစ် လာနိုင်တယ်။ ဒါတွေက ဖြည်းဖြည်းချင်းလုပ်လို့မရဘူး။ အချိန်နဲ့ တစ်ပြေးညီကူညီမှရမှာပါ။ ဒါလည်း ပြည်သူတွေရဲ့ ပါဝင်ကူညီမှုတွေ အများကြီးလိုအပ်မှာပါ။ ပြန်လည်ထူထောင်ရေးက အများကြီးလုပ်ရမယ်’’ ဟု ရေကျသွားသော်လည်း ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် ကြံ့ခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထိုက်က ပြောပြသည်။

ရေဘေးကြောင့် လူအသေ အပျောက်မရှိသော်လည်း ကျွဲ၊ နွားရှစ်ကောင်သေဆုံးခဲ့ပြီး နေအိမ် ၂၄၀ ကျော်၊ စာသင်ကျောင်း ၁၀ ကျောင်း၊ ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေးဆေးခန်း ၁၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၈၃ ခုနှင့် ဘုန်းကြီးကျောင်း ငါးကျောင်း၊ လမ်းမကြီး ၈၃ ခုနှင့် တံတား ၁၀ စင်းအပြင် ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခုတို့ ပျက်စီးသွားခဲ့ကြောင်း စာရင်းအရ သိရသည်။‘‘လာရောက်လှူဒါန်းတာ တွေ အများကြီးရှိတယ်။ ဒါပေမဲ့ နယ်မြေဒေသ မကျွမ်းကျင်တာ ကြောင့် ရရှိတဲ့လှူဒါန်းပစ္စည်းတွေ က ဒုက္ခရောက်နေတဲ့ သူတွေအား လုံးဆီကို ညီတူညီမျှမရကြဘူး။ လှူဒါန်းပေးဖို့ ဆော်သြတဲ့သူတွေ ကလည်း ညီတူညီမျှဖြစ်အောင် လုပ်ပေးရင် ကောင်းမှာပါ’’ ဟု လှပသော ကမ္ဘာမြေအဖွဲ့မှ ဦးမြင့် အောင်က ပြောကြားသည်။

ယခုရက်ပိုင်းသည် ဒေသ အခေါ် ရေထရက်ဖြစ်ပြီး အထက် မှကျဆင်းလာသည့် ရေများမှာ လည်း ပိုတိုးလျက်ရှိသည်။ ယင်းကြောင့် ရေကြည်၊ သာပေါင်း၊ ပုသိမ်စသည့်မြို့များမှ ဒေသခံများက စိတ်ပူနေပြီး လက်ရှိ ရေထက်ပိုမိုများလာပါက အချို့နေ အိမ်များမှာ လုံးဝနစ်မြုပ်သည် အထိ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေ ကြသည်။

‘‘တချို့က အိမ်ပေါ်မှာ အ ဆင့်ထိုးနေရတာ၊ ပြောင်းရွှေ့ဖို့မ လွယ်ဘူးလေ။ ရေပြင်ကြီးကိုဖြတ် ပြီး လှေတစ်စီးနဲ့ သွားဖို့ဆိုတာ မလွယ်ဘူး။ စက်တပ်လှေတွေက လည်း အလုံအလောက်မရှိဘူး။ ဒီထက်ရေပိုတက်ရင်တော့ အိမ် တွေ ရေအောက်ကို စုံးစုံးမြုပ် နိုင်တယ်။ အငတ်ဘေးလည်း ပို ဖြစ်နိုင်တယ်’’ဟု သာပေါင်းမြို့ခံ  ဦးမောင်မြတ်သူက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအ တွင်း ပျက်စီးသွားသည့် လယ် ယာမြေများအတွက် မျိုးစပါးတင်း ပေါင်း လေးသိန်းကျော်ဖြန့်ဝေရန် စီစဉ်ထားပြီး မျိုးစပါးတစ်တင်း လျှင် ကျပ်ခုနစ်ထောင်နှုန်းခန့်ဖြင့် တစ်ဧကလျှင် တစ်တင်းခွဲနှုန်း ဖြန့်ဝေသွားရန် စီစဉ်ထားကြောင်း ရေကျပြီးနောက် စပါးနှင့် ပတ်သက်၍ ကျရောက်လာမည့် ပိုးမွှားအန္တရာယ်ကို တောင်သူများထံသို့ ပညာပေးရန် စီစဉ်ထားကြောင်း သိရသည်။

‘‘စပါးတစ်တင်းကို ခုနစ် ထောင်ကျပ်နှုန်းလောက်နဲ့ လယ် တစ်ဧကကို တစ်တင်းခွဲနှုန်း ဖြန့် ပေးဖို့ စီစဉ်ထားတယ်။ လတ်တ လောတော့ မျိုးစပါးတင်းပေါင်း လေးသိန်းကျော်စုဆောင်းထား တယ်။ မျိုးကတော့ သက်ရင့်မျိုး တွေ သီးထပ်ရင်တို့၊ မနောသုခတို့ ပေါ့ဗျာ’’ဟု တိုင်းစိုက်ပျိုးရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးမြင့်လွင်က ပြောကြားသည်။
mizzima

No comments:

Post a Comment