Monday, August 31, 2015

ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများ ဥပဒေဘောင်အတွင်းမှ ဒီချုပ်ကန့်ကွက်မည်


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပညာပေးဟောပြောသောခရီးတွင် လူအချို့ ဆန္ဒပြ၊ အဖွဲ့အချို့က ဒေသခံများအား ငွေနှင့်ဆန်ပေးထမင်းကျွေးကာ ဘုရားဖူးခေါ်ဆောင်မှုလည်းရှိ
 ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေးကာလမရောက်မီ စည်းမျဉ်းစည်းကမ်းနှင့်မညီသော မဲဆွယ်ခြင်းများပြုလုပ်ပါက ဥပဒေဘောင်အတွင်းမှ ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
သြဂုတ် ၃၀ ရက်က နေပြည် တော်ကောင်စီနယ်မြေ မြို့နယ်လေးခုရှိ ဒေသခံများနှင့် ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်စဉ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဇမ္ဗူသီရိမြို့နယ် ရှိ ပြည်သူတစ်ဦးကပါတီများအ နေဖြင့်ရပ်ရွာဖွံ့ဖြိုးမှုကိုအကြောင်း ပြပြီး မဲဆွယ်စည်းရုံးနေမှုသည် ဥပဒေနှင့်ညီညွတ်မှုရှိလားဟု ဒေါ် အောင်ဆန်းစုကြည်အား မေးမြန်း ခဲ့ရာ..


‘‘အစိုးရရဲ့ ဘဏ္ဍာငွေနဲ့လုပ် တဲ့ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ကိုယ့်ပါတီကပဲ လုပ်သလိုလို၊ ကိုယ်တိုင်ပဲ လုပ်သလိုလို လုပ် တာဟာ မဖြောင့်မတ်ရာလည်း ရောက်တယ်။ ဥပဒေနဲ့မကိုက်ညီ ရာလည်း ရောက်တယ်။ သက် သေအထောက်အထားရှိရင် ပြော ပါ။ သက်ဆိုင်ရာဌာနကို တိုင် ကြားပေးပါ့မယ်’’ဟု ဖြေကြားခဲ့ သည်။

ထို့အပြင် ဒီချုပ်ကယခုကဲ့သို့ ဟောပြောခြင်းသည် ပါတီအောင် နိုင်ရေးအတွက် ဥက္ကဋ္ဌတစ်ဦးအ နေဖြင့် မဲဆွယ်ခြင်းသာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတစ်ဦး ချင်းစီအတွက် မဲဆွယ်ပေးခြင်းကို လုံးဝမပြုလုပ်ကြောင်းဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြော သည်။

‘‘ပါတီအနေနဲ့ စည်းရုံးပိုင် ခွင့်ရှိတယ်။ ကျွန်မက ပါတီရဲ့ ဥက္ကဋ္ဌမို့လို့ ရွေးကောက်ပွဲကော်မ ရှင်နဲ့ သေသေချာချာရှင်းပြထားပါ တယ်။ ဥပဒေဘောင်ထဲကနေ လှုပ်ရှားတဲ့အဖွဲ့ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

ဥတ္တရသီရိမြို့နယ်တွင် ယ မန်နေ့နံနက် ၉ နာရီမှစတင်၍ တောင်ညိုအုပ်စု၊မင်းကုန်း အုပ်စုတို့တွင် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောမှုများ ဆက်တိုက်ပြု လုပ်ခဲ့သည်။

မွန်းလွဲ ၂ နာရီခန့်တွင် ရွေး ကောက်ပွဲပညာရေးဟောပြောမှု ကို ဇမ္ဗူသီရိမြို့နယ်တွင် ဆက် လက်ပြုလုပ်ခဲ့ရာ ‘ရိုဟင်ဂျာကို ထောက်ခံသည့် NLDပါတီ အလို မရှိ’ ဆိုင်းဘုတ်များဖြင့် တူညီဝတ် စုံများဝတ်ဆင်ကာ နောက်ကျော တွင် ဇမ္ဗူသီရိလူငယ်အဖွဲ့ဟုပါရှိ သော လူ ၂၀ ခန့်ကဆန္ဒပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောသည့် နေရာအထိ လာ ရောက်ဆန္ဒပြခဲ့ခြင်းမဟုတ်ဘဲ ဟောပြောပွဲမစမီ တစ်နာရီခန့် တွင် ရောက်ရှိလာခဲ့ပြီး ဇမ္ဗူသီရိ မြို့နယ်အုပ်ချုပ်ရေးရုံးအနီးတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သော ဒေါ်အေးအေးဝင်းက ‘‘ခွင့်ပြုမိန့်နဲ့ လုပ်ပါတယ်။ လူထုအများနဲ့ ထောက်ခံတာမဟုတ်ဘူး။ လူအ နည်းနဲ့ ဆန္ဒပြတာပါ။ ဦးဆောင် သူမရှိပါဘူး။ တန်းတူတစ်သွေး တည်းတစ်သားတည်းတညီတည်း လာတာပါ။ ရည်ရွယ်ချက်က တော့ ဆိုင်းဘုတ်ထဲက ရိုဟင်ဂျာ ကိုထောက်ခံသည့်ပါတီအလိုမရှိ အတိုင်းပါပဲ’’ဟုဆိုသည်။

ဆန္ဒပြသူအချို့က သပြေ ကုန်းရပ်ကွက်သူ၊ ရပ်ကွက်သား များ ဖြစ်သည်ဟုဆိုသော်လည်း ၎င်းတို့ကိုဆက်သွယ်ရန် ဖုန်းနံ ပါတ်တောင်းရာတွင် ပေးခဲ့ခြင်းမ ရှိပေ။ ဇမ္ဗူသီရိမြို့နယ်တွင် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဟောပြော ခဲ့စဉ်ကလည်း ဖွဲ့စည်းပုံပြင်ဆင် ရေးအလိုမရှိ ဆိုင်းဘုတ်များဖြင့် ဆန္ဒပြမှုကြုံတွေ့ခဲ့ပြီး ယခုအကြိမ် သည် ဒုတိယမြောက်ဆန္ဒပြခံရ ခြင်းဖြစ်သည်။

ထို့အပြင် ပုဒ်မ ၄၃၆ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်နေ ပြည်တော်တပ်ကုန်းသို့ သွား ရောက်ခဲ့စဉ် တစ်ဦးတည်းဆန္ဒပြခဲ့ သူဦးစု(ခေါ်)ဦးစန်းလွင်လည်း အ ဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ မျိုးစောင့်ဥပဒေလေးခုကို လွှတ် တော်ထဲတွင် ဒီချုပ်ကိုယ်စားလှယ် များက ကန့်ကွက်သောကြောင့် ယင်းပါတီကို မြန်မာနိုင်ငံတွင် မရှိစေချင်၍ ကန့်ကွက်ခြင်းဖြစ် သည်ဟု ဦးစန်းလွင်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ဟောပြောပွဲတွင် အစိုးရဝန်ထမ်းများအနေဖြင့် မည်သည့်ပါတီကို ထည့်ဝင်ပါ စသဖြင့် ဌာနအကြီးအကဲများ၏ ခြိမ်းခြောက်မှုများ ရှိနိုင်သော်လည်း အဆိုပါခြိမ်းခြောက်မှုများသည် ဥပဒေကိုဆန့်ကျင်နေပြီး ကြောက်စရာမ လိုကြောင်း တိုက်တွန်းပြောကြား သည်။

‘‘ဝန်ထမ်းတွေအနေနဲ့ နီးစပ် ရာဓားကြောက်ပြီး မလုပ်ရဲမကိုင် ရဲပေါ့။ နီးစပ်ရာကြောက်နေမယ့် အစား ဓားမရှိတဲ့စနစ်ကိုပဲထောက် ခံပါ။ ကိုယ့်အနီးမှာဓားမရှိတဲ့စနစ် ထွက်ပေါ်စေမယ့် အဖွဲ့ကိုပဲ ထောက်ခံပါ’’ဟုဆိုသည်။

 ညနေ ၃ နာရီကျော်တွင် ဒက္ခိဏခရိုင်ရှိ ရွှေခဲအင်း ကျေးရွာမှ ဒေသခံပြည်သူများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။

ရွှေခဲအင်းရွာတွင် ထူးခြား ချက်မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဟောပြောမည့်နေ့ တွင် လူအချို့က ဒေသခံများအား နေပြည်တော်အတွင်း ဘုရားဖူး လိုက်ပါက ငွေနှင့်ဆန်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဒေသခံတစ် ဦးက ဒေါ်အောင်ဆန်းစုကြည် အား မေးခွန်းမေးမြန်းပြီး ပြောခဲ့ သည်။

‘‘လပြည့်နေ့ကို ဘုရားဖူး လိုက်ရင် ဆန်လည်းပေးမယ်။ ပိုက်ဆံလည်း ပေးမယ်။ ရေဆင်း ကျရင် ထမင်းပါကျွေးမယ် ပြော ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကပါ’’ ဟု ဒေသခံတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ လာရောက်ပြောဆိုသူ များသည် ဒေသခံများမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အသံ ချဲ့စက်ဖြင့် ပြောဆိုစည်းရုံးခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြောကြားမှု ကြောင့် ဒေသခံ ၃၀ ကျော်ပါသွား ကြောင်း ဒေသခံများက 7 Day Daily အား ပြောသည်။

‘‘ဒါ ပြည်သူကို အထင်သေး တာပါပဲ။ ပြည်သူကို ဆန်လေး တစ်အိတ်နဲ့မျှားယူရတယ်ဆိုတာ အဲဒီတော့ ဆန်ပေးလည်း ယူပါ။ ဆိုလာပြားပေးလည်း ယူပါ။ ကျွန် မတို့ပါတီကို မဲပေးရင်ရပြီ။ အခု လိုလုပ်တာတော့ မကောင်းဘူး ပေါ့နော်။ တိုင်းပြည်ကို သိက္ခာ ကျစေတယ်။ ကျွန်မတို့လည်း နိုင်ချင်တယ်။ သိက္ခာရှိရှိနိုင်ချင် တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေခဲအင်းရွာမှ အုပ်ချုပ်ရေးမှူး ဦးတင်မောင်သို့ မေးမြန်းရာ ပြည် ခိုင်ဖြိုးပါတီက ပြုလုပ်ခြင်းမဟုတ် ဘဲ ဆန်ပေးမည်၊ ငွေပေးမည်ဟု မပြောခဲ့ကြောင်း ငြင်းဆိုသည်။ သို့သော် စားစရိတ်နှင့် လမ်းစ ရိတ်ကျခံကာ ဘုရားပို့ပေးခြင်းမှာ လယ်/ဆည်မှအဖွဲ့များဖြစ်သည် ဟု ၎င်းကပြောသည်။ အဆိုပါ မဲဆန္ဒနယ်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးဦးမြင့်လှိုင်ဝင်ပြိုင်မည့်နေရာဖြစ်သည်။

အဆိုပါဟောပြောပွဲအတွက် ဒီချုပ်က ကော်မရှင်သို့တင်ပြ သောအ ခါအ မတ်လောင်းများကို မဲဆွယ်စည်းရုံးခွင့်ပြုသောကာလ ရောက်မှပြုလုပ်ရန် အကြောင်း ပြန်ခဲ့ပြီး ပါတီက နေပြည်တော် ကောင်စီနှင့် ထပ်မံညှိနှိုင်းသည်ဟု သိရကြောင်း ပြည်ထောင်စုနယ် မြေရွေးကောက်ပွဲကော်မရှင် အ ဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထက်ကျော် ကပြောသည်။

ဒီချုပ်ပါတီက ခရိုင်မြို့နယ် အဆင့်မှ တာဝန်ရှိသူများနှင့် လေးကြိမ်တိုင် တွေ့ဆုံညှိနှိုင်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ဒီချုပ်မှ အမျိုးသားလွှတ်တော်အမတ်ဦးမင်းသူက ပြောသည်။

No comments:

Post a Comment