Tuesday, September 1, 2015

နောင်ပြင်ရန် ခက်တဲ့အမျိုး


တစ်ချိန်တုန်းကမူ တက်တူးဆေးမင်ကြောင် အရုပ်  ထိုးသည်ဆို သည်မှာ မြို့ပေါ်လူတန်းစားများ ကြားဝယ် ခပ်ရှားရှားဖြစ်၏။ ကြမ်းကြမ်းရမ်းရမ်း အမျိုးသား များ၊  လမ်းသရဲများလောက်သာ ထိုးလေ့ရှိသည်ဟု အများက ယူဆကြသည်။ အမေရိကန်နိုင်ငံ မှာဆိုလျှင် ၁၉၈၀ မတိုင်မီက လူတစ်ရာလျှင် တစ်ယောက် လောက်သာ တက်တူးထိုးခြင်း နှင့် နားဖောက်ခြင်း ရှိခဲ့ပါသည်။
သို့သော် ယခုအချိန်တွင် အမေရိကန်လူမျိုး ဆယ်ယောက် မှာ တစ်ယောက်လောက်က ကိုယ်ပေါ်မှာ တက်တူးများ ရှိနေ ပြီဟု ဆိုပါသည်။ အသက် (၂၅) နှစ် အသက်(၃၀)နှစ်အကြားရှိ အမေရိကန်လူငယ် သုံးပုံတစ်ပုံ မှာလည်း တက်တူး (သို့ မဟုတ်) နားပေါက်နှင့် ခန္ဓာကိုယ် တစ်နေရာရာမှာ အပေါက်ဖောက်၊ နားကွင်းဖောက်ထားတာရှိနေပြီဟု လေ့လာသုတေသနပြုချက်များအရ သိရပါသည်။ ပုံစံအမျိုးမျိုး နှင့် တက်တူးဆိုင်တွေကလည်း ဆံပင်ညှပ်ဆိုင်။ လက်သည်း၊ ခြေသည်း အလှပြင်ဆိုင်များကဲ့သို့ လူစည်ကားရာ နေရာအနှံ့မှာ ရှိ လာလေသည်။

လူမှုအသိုင်းအ၀ိုင်း ပတ် ၀န်းကျင်မှာ လွတ်လပ်မှုနှင့် လွတ် လပ်စွာ ဖော်ထုတ်ပြသခွင့်များ ပိုများလာလေ တက်တူးနှင့် နား ဖောက်ခြင်းက နေ့စဉ်လူနေမှု ဘ၀ပုံစံလို ဖြစ်လာပါသည်။ တက်တူးတွေကို ဖက်ရှင်တစ်ခု လို လှပစွာဆင်ယင်ပြသော နာမည်ကျော် အနုပညာရှင်များကြောင့် လူငယ်တွေကလည်း တက်တူးထိုးခြင်းကို ပိုမိုရူးသွပ်လာကြသည်။

‘‘အရင်တုန်းကတော့ တက် တူးကို လူဆိုးတွေ၊ လမ်းသရဲတွေမှထိုးတယ်ဆိုပြီး သိပ်မကြိုက်ခဲ့ ဘူး။ပြီးတော့ သိပ်လည်းမလှဘူး။ အရောင်မစုံဘူး။ အခုက အရောင်လည်းစုံ၊ ဒီဇိုင်းတွေကလည်း အရမ်းလှတယ်။ မိုင်လေဆိုင်းရပ်စ် လို၊ ဒေးဗစ်ဘက်ခမ်းလို လူတွေကအစ ထိုးနေကြတာ သိပ်မိုက်တယ်။ဖက် ရှင်ကျတယ်လို့ထင်တယ်။ ကိုယ်လည်း လှတာလေးတစ်ခုလောက် ထိုးချင်တယ်’’ဟု အဆိုတော် မိုင်လေဆိုင်းရပ်စ်ကဲ့သို့ လက်တံတောင်ဆစ်တွင် ကြက်ခြေခတ်ပုံစံ တက်တူးထိုးရန် စဉ်းစားနေသော မန္တလေးက ဆယ်ကျော်သက်လူငယ် မငွေဇာခြည် က ပြောပါသည်။

ထိုးခွင့်ရဖို့ရန် မိဘတွေဆီ မှာ ခွင့်တောင်းဖို့ သူကကြိုးစား နေပါသည်။ ငွေဇာခြည်တို့ကဲ့သို့ မြီးကောက်ပေါက် ဆယ်ကျော် သက်များရှိသည့် မိဘတွေအ တွက် တက်တူးကိစ္စက ခေါင်း ကိုက်ရသော ပြဿနာတစ်ခု ဖြစ် လာသည်။

သည်ပြဿနာက အမေရိ ကန်အိမ်ဖြူတော်က ဆယ်ကျော် သက် သမီးနှစ်ယောက်၏ မိဘ များဖြစ်သော သမ္မတအိုဘားမား နှင့် သမ္မတကတော်မီရှဲလ်အို ဘားမားတို့ပင် ရင်ဆိုင်ဖြေရှင်းခဲ့ ရသော ပြဿနာ ဖြစ်သည်။ သမီးနှစ်ဦးဖြစ်သော ဆာရှာနှင့် မာလီ ယာတို့က တက်တူးထိုးချင်ကြောင်း ပူဆာသည့်အတွက် သူတို့ဘယ်လိုဖြေရှင်းခဲ့ရသလဲဆိုတာကို သမ္မတအိုဘားမားက အန်ဘီစီ ရုပ်သံနှင့် အင်တာဗျူးမှာ ယခုလို ဖြေကြားသွားပါသည်။

‘‘သမီးတို့ တက်တူးထိုးမယ် ဆိုရင် ထိုးကြပေါ့လေ။ အမေနဲ့ အဖေကလည်း သမီးတို့ထိုးတဲ့ နေရာမှာပဲ တက်တူးလိုက်ထိုး မယ်။ ပြီးတော့ အဲဒါကို ယူကျူဘ် မှာတင်ပြီး မိသားစုတက်တူးဆို ပြီး ပြမယ်လို့ ပြောလိုက်တယ်’’

အင်္ဂလန်နှင့် ဥရောပနိုင်ငံ များ၌ အသက်(၁၈)နှစ်မပြည့် လျှင် တက်တူးထိုးပေးခွင့် မရှိပါ။ အသက်(၁၈)နှစ် မပြည့်သူကို တက်တူးထိုးပေးလျှင် အရေးယူ အပြစ်ပေးလို့ရသည့် ဥပဒေများ သတ်မှတ်ထားပါသည်။ ထိုသို့ လူငယ်တွေကို ဥပဒေဖြင့် ထိန်း ချုပ်လို့ ရပေမယ့်လည်း ယခုအ ခါ အရွယ်ရောက်သူ လုပ်ငန်းခွင် ၀န်ထမ်းများကပါ တက်တူးထိုး ခြင်းကို သဘောကျနှစ်ခြိုက်လာ ၍ တားဆီးလို့ မရပါ။

အချို့အလုပ်ရှင်များအနေ ဖြင့်လည်း တက်တူးထိုးသူများ နှင့် နားပေါက်တွေ ဖောက်ထား သူများကို အလုပ်ခွင်မှာ တရားဝင်ခွင့်ပြု၊ မပြုဆိုတာ စဉ်းစားစရာပြဿနာတစ်ခုလို   ဖြစ်လာပါ သည်။ ကုမ္ပဏီဝန်ထမ်းအချို့က လည်း တက်တူးထိုးတာကို ခွင့်ပြုပေးရန် တောင်း ဆိုမှုများရှိလာ၏။

များသောအားဖြင့် အစိုးရ ရုံးများနှင့် ကုမ္ပဏီကြီး အတော် များများက တက်တူးထိုးသူများကို လုပ်ငန်းခွင်မှာ ၀န်ထမ်းအဖြစ် လက်ခံဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါ သည်။ သုတေသနပြုချက်အရ အမေရိကန်ကုမ္ပဏီများမှာ အ လုပ်ခန့်အပ်သည့် လူသားအရင်း အမြစ်ဌာနက မန်နေဂျာ ၃၀ ရာ ခိုင်နှုန်းခန့်က သူတို့အနေဖြင့် တက်တူးဆေးမင်ကြောင်ထိုး ထားသည့် လူတစ်ယောက် ယောက်ကို အလုပ်ခန့်အပ်ရန် အမြဲလက်တွန့်မိသည်ဟု ဆိုပါ သည်။ အချို့လုပ်ငန်းဌာနများက တော့ ခန္ဓာကိုယ်၏ မမြင်ရသည့် နေရာများမှာထိုးလျှင် ပြဿနာ မရှိ။ ခွင့်ပြုမည်ဟုဆို၏။

အမေရိကန်အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန အက်ဖ်ဒီအေကမူ ယနေ့ ခေတ် ထိုးနေသော ဆေးမင် ကြောင် တက်တူးများသည် ကျန်း မာရေးဆိုင်ရာ ဆိုးကျိုးငါးခုကို ဖြစ်ပေါ်စေသည်ဟု ကြေညာချက် ထုတ်ပြန်သတိပေးထားပါသည်။

ထိုအချက်များမှာ ရောဂါ ပိုးများ ၀င်တတ်ခြင်း၊ တက်တူး ထိုးရာကနေ ညစ်ပတ်သော အပ် များကြောင့် အသည်းရောင်ရော ဂါများနှင့် အိတ်ခ်ျအိုင်ဗီလို ရော ဂါပိုးများ တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါသည်။

ဓာတ်မတည့်ခြင်း

ယာယီနှင့် အမြဲစွဲတက်တူး ဆေးမင်ကြောင်မှာပါသော ရောင်ခြည်များက ဓာတ်မတည့် သူများအတွက် ရောဂါများ ဖြစ် နိုင်ပါသည်။

အမာရွတ်များပေါ်ခြင်း

တက်တူးထိုးရာတွင် အသားပေါ်မှာ အမာရွတ်များ ပေါ်နိုင်ပါ သည်။

အဖုအကျိတ်များထခြင်း

တက်တူးဆေးမင်ကြောင် ထိုးဆေးများ ကိုယ်ခန္ဓာထဲသို့ ၀င် သည့်အခါ အဖုနှင့်အကျိတ်များ ပေါက်လာတတ်ပါသည်။

ကိုယ်ခန္ဓာရောင်ကိုင်းခြင်း

အချို့လူများတွင် တက်တူး ကြောင့် ရောင်ကိုင်းနီရဲမှုများကို ခံစားရပါသည်။

မြန်မာ့ရိုးရာဓလေ့တွင်မူ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်းရည် စုတ်ထိုး ဤသုံးမျိုးချက် မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုးဟု ဆိုပါသည်။ ဆိုလိုသည်မှာ အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်းနှင့် ဆေးမင်ကြောင် ထိုးခြင်းစသော အရာသုံးခုသည်လုပ်ပြီးပါက ပယ်ဖျက်လို့မရသည့်အတွက် မလုပ်မီမှာ သေချာစွာစဉ်းစား ပြီးမှ လုပ်ကြဖို့ ဆုံးမထားသည့် စကားပုံဖြစ်ပါသည်။ တက်တူး ထိုးသူများသည် ငယ်ရွယ်စဉ်က တက်တူးကို ကိုယ့်စိတ်ကြိုက်ထိုး ခဲ့သည်ပဲ ထားဦး။ ဆေးမင် ကြောင်ထိုးပြီး နောင်နှစ်ပေါင်း များစွာအကြာတွင် ထိုတက်တူးကို မကြိုက်တော့သည့် နောင်တ မျိုးကို ရလေ့ရှိပါသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၃ က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခု အရ တက်တူးထိုးထားသူ လူ ၄၅ သန်းအနက် ၁၇ ရာခိုင်နှုန်းမှာ သူတို့ ထိုးခဲ့ဖူးသော တက်တူးများ နှင့် ပတ်သက်ပြီး ဖျက်ချင်သည့် စိတ်နှင့် နောင်တရသည့် စိတ်များ ရှိနေသည်ဟု သိရပါသည်။

ယနေ့ခေတ်မှာတော့ ကိုယ် ပေါ်ကနေ မကြိုက်သည့် တက် တူးကိုပြန်ဖျက်လိုလျှင် ဖျက်လို့ရ ပါသည်။ သို့သော် ဈေးကြီးလွန်း သဖြင့် လူတိုင်းမတတ်နိုင်ပါ။ ဒေါ် လာတစ်ရာ ပေးထိုးထားသည့် တက်တူးတစ်ခုကို ဖျက်ပစ်ဖို့ ဒေါ်လာတစ်ထောင်ခန့် ဖျက်ခပေးရပါသည်။ ထို့ကြောင့် မကြိုက်သော် လည်း တက်တူးများက လူအများစု၏ ကိုယ်ခန္ဓာပေါ်မှာ ရှိမြဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း တက် တူးထိုးသူ အတော်များများမှာ သည်ပြဿနာရှိပါသည်။ ငယ် ရွယ်စဉ်က ဘုရားပွဲဈေးမှာ အ ပေါင်းအသင်းများနှင့် ခုံခုံမင်မင် ထိုးခဲ့ပြီး သဘောကျခဲ့သော ဆေး မင်ကြောင်တက်တူးများကို အ သက်ကြီးလာသောအခါ မလို လားကြတော့။ သဘောမကျနိုင် တော့ပါ။

အသက်(၃၅)နှစ်အရွယ် ကိုမျိုးဇော်သည် အသက်(၂၀) နှစ် အရွယ်တုန်းက သူပိုးပန်းခဲ့ သော မိန်းမပျိုတစ်ဦး၏ နာမည် ကို ရင်ဘတ်မှာ တက်တူးရေးထိုး ခဲ့ပါသည်။ တစ်ချိန်တုန်းကတော့ သည်တက်တူးက    သူ၏ချစ် မေတ္တာကို ပြသရာရောက်သော် လည်း ယခုအချိန်မှာတော့ သူကို ဒုက္ခပေးနေသည့်အတွက် အလွန် ဖျက်ချင်နေပြီဟု ကိုမျိုးဇော်က ပြောပါသည်။ အဆိုပါ တက်တူး ကို သူမိန်းမ မမြင်အောင် တစ်ချိန် လုံး ဖုံးထားရတာကို စိတ်ညစ်လှ ပြီ ဖြစ်ပါသည်။

‘‘တစ်ချိန်ကတော့ အရမ်း မိုက်တယ်ထင်ပြီး ထိုးခဲ့တာပေါ့။ အခုတော့ မိန်းမက အဲဒါမြင်ရင် ပြဿနာလုပ်    ရန်ရှာလွန်းလို့ ပူအိုက်ရင်တောင် အင်္ကျီမချွတ် ရဲဘူး’’
#ထားထားမြင့်
7 day

No comments:

Post a Comment