Monday, September 28, 2015

စစ်ကိုင်းတိုင်းမှ ရေဘေးသင့် ဒေသအချို့တွင် မဲစာရင်းကို အောက်တိုဘာ ၂ ရက်အထိ ကြေညာထားမည်ဟု တိုင်းကော်မရှင်ပြော


စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်ခဲ့သော ဒေသများ၌ နောက်ဆုံးအကြိမ် ထုတ်ပြန်ရမည့် မဲစာရင်းကြေညာ ချိန်နောက်ကျခဲ့၍ မဲစာရင်း ကြည့်ရှုနိုင်မည့်ရက်ကို အောက် တိုဘာ ၂ ရက်အထိ တိုးမြှင့်ပေး ထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်ရုံး မှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မြို့နယ် ငါးမြို့နယ်၊ ကျေး ရွာအုပ်စု ၈၀ နှင့် ကျေးရွာ ၂၆၅ ရွာတွင် ရေကြီးနစ်မြုပ်ခဲ့၍ စက်တင်ဘာ ၁၄ ရက်၌ တစ်ပြိုင်နက် တည်းမဲစာရင်းကြေညာနိုင်ခြင်း မရှိဘဲ စက်တင်ဘာ ၁၈ ရက်မှ စတင်ကြေညာနိုင်ခဲ့ခြင်း ဖြစ် သည်။
ကျန်မြို့နယ်များတွင်မူ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အ ထိ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင်  ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

‘‘ရေကြီးနစ်မြုပ်တဲ့ကျေးရွာ တွေမှာ သတ်မှတ်ထားတဲ့ စက် တင်ဘာ ၁၄ ရက်နေ့တုန်းက မဲ စာရင်းကြေညာနိုင်ခြင်းမရှိလို့ မဲစာရင်းကြေညာရက်ကို တိုးပေး လိုက်တာပါ။ ရေကြီးနစ်မြုပ်တဲ့ ရွာတွေမှာ စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိပါ။ ကျန်တဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာတော့ ဒီနေ့(စက်တင်ဘာ ၂၇ ရက်) ညနေအပြီး မဲစာရင်းကြေညာသွားမှာ ဖြစ်ပါတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးရှိ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်နှင့် ဖောင်းပြင်မြို့နယ်တို့တွင် စုစုပေါင်း မြို့နယ် ငါးမြို့နယ်၊ ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ၈၀ နှင့် ကျေးရွာ ၂၆၅ ရွာတို့တွင် ယခုနှစ် စက်တင်ဘာ အတွင်း မဲစာရင်း စတင်ကြေညာ ချိန်တွင် ရေကြီးနစ်မြုပ်ခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် မဲစာရင်းကြေ ညာရန်၊ မဲဆန္ဒရှင်များ မဲစာရင်း ကြည့်ရန်နှင့် အမည်စာရင်းမပါ ၀င်သည်ကို ပုံစံ (၃) ဖြင့် တောင်း ဆိုရန်၊ အမည်နှင့် အခြားအချက် အလက်များကို ပုံစံ (၄) ဖြင့် ကန့် ကွက်ရန်၊ အချက်အလက်တစ်ခု ခုကို ၄ (ဂ) ပြင်ဆင်ရန် စသည့် လုပ်ငန်းများ ဆောင်ရွက်ရန် အ ခက်အခဲကြုံတွေ့ခဲ့ရသည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေ သကြီးအတွင်း မဲရုံပေါင်း ၃,၇၁၀ ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃,၈၉၀,၂၈၂ ဦးရှိပြီး နိုင်ငံရေးပါ တီ၂၀ ခုတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။
7 day

No comments:

Post a Comment