Monday, September 21, 2015

ကိုယ်ရောင်ဖျောက် စောင်ကို အမေရိကန်တို့ တကယ်ဖန်တီးနိုင်ပြီ


ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာသာ မြင်တွေ့ခဲ့ရတဲ့ ကိုယ်ဖျောက်စောင် ဟာ အပြင်မှာ တကယ်ဖြစ်နိုင်ကြောင်း အမေရိကန်တို့ လက်တွေ့ပြ တီထွင်ပြသခဲ့ ပါတယ်။ ယင်းစောင်ကို အင်မတန်ပါးလွှာတဲ့ သတ္တု တစ်မျိုး (Ultrathin material) နဲ့ ပြုလုပ်ပြီး 1,300 square microns ကို အလင်းရဲ့ ထိရောက်မှုကနေ မမြင်ရအောင် ဖန်တီးခဲ့ ပါတယ်။

ယင်းဖန်တီးမှုဟာ သေးငယ်သေးပေမယ့် မကြာခင်မှာပဲ ပိုမိုကြီးမားတဲ့ ပစ္စည်းများကို ကိုယ်ရောင်ဖျောက်နိုင်အောင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ယင်း ကိုယ်ရောင်ဖျောက်မှုဟာ ယင်း အရာဝတ္တု ပစ္စည်းအပေါ် အလင်းရောင် ကျရောက်မှု နှေးအောင် ပြုလုပ်ခြင်း ဖြစ်ပြီး အလင်းရောင် ကျရောက်သည့်တိုင် ကြည့်ရှုသူ အနေနဲ့ သူ့ကိုယ်သူသာ မသိမသာ ပြန်မြင်ရတဲ့ ပြန်မြင်ရတဲ့ မှန်ပုံစံလည်း ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် အလင်းရောင် အောက်ထဲမှာ ပျောက်နေစေဖို့ပဲ ဖြစ်ပါတယ်။ အကယ်၍သာ ယင်း စောင်ကို နောက်ဆုံးသတ် တီထွင်အောင်မြင်သွားရင် အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးနဲ့ စစ်ဘက်ရေးရာ လုပ်ဆောင်ချက်တို့မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ယင်း ကိုယ်ဖျောက်စောင် တီထွင်ဖန်တီးနိုင်မှုအပေါ် တရုတ်တို့ ကဲ့သို့ ပြိုင်ဘက် နိုင်ငံများက စိတ်ဝင်စားလျက် ရှိပြီး ယင်း နည်းပညာဟာ တကယ်ပဲ လူကဲ့သို့မက ကြီးမားတဲ့ အရာဝတ္ထုများကို ပျောက်နေအာင် စွမ်းဆောင်ပေးနိုင်ခြင်း ရှိမရှိကို စောင့်စား လေ့လာ နေကြ ပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment