Wednesday, September 23, 2015

ဒီချုပ်ကိုယ်စားလှယ်လောင်းများ ဗဟန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲစာရင်းအသိပညာပေး

ဗဟန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းများသည် စက်တင် ဘာ ၂၂ ရက်က ယင်းမြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့၌ တစ်အိမ် တက်ဆင်း မဲစာရင်းအသိပညာ ပေးခဲ့ကြသည်။
ဒီချုပ်ကိုယ်စားလှယ်လောင်း များသည် ဗဟန်းမြို့နယ်ရှိ ဗိုလ် ချို(၁)ရပ်ကွက်နှင့် ဗိုလ်ချို(၂) ရပ် ကွက်၊ ငါးထပ်ကြီး(တောင်) ရပ် ကွက်များရှိ ပြည်သူများအား မဲစာ ရင်းကြည့်ရှုရန် တိုက်တွန်းခြင်း၊ မကြည့်ရှုရသေးသူများအား အမည် မပါလျှင်၊ အချက်အလက်မှားယွင်း လျှင် မည်သို့လျှောက်ထားရမည် ကို ရှင်းပြခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်သူအများစုသည် မဲ စာရင်း ကြည့်ပြီးကြသော်လည်း အချို့က မကြည့်ရသေးချေ။
‘‘ဗဟန်းတစ်မြို့နယ်လုံးမှာ ရပ်ကွက်နှစ်ခုလောက်ပဲ လိုက် ပြောဖို့ကျန်တယ်’’ဟု ဗဟန်း (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးအောင်မြတ် ကျော်ကပြောသည်။ဗဟန်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ်စားလှယ် လောင်းများနှင့် အောင် နိုင်ရေးအ ဖွဲ့ဝင်များသည် ပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှကာ ကိုယ်စားလှယ်လောင်းများပါ မိတ်ဆက်ခဲ့ကြသည်။ပြည်သူများကလည်း ၎င်းတို့ ကို ကြိုဆိုခဲ့ပြီး အလှူငွေလှူဒါန်း ခြင်း၊ ရေသန့်နှင့်အအေးများ လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲဆန္ဒရှင်စာရင်းများကို စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာထားမည်ဖြစ်ရာ အမည် မပါသူများ ဖြည့်စွက်ရန်၊ အချက် အလက်မှားယွင်းသူများ ပြင်ဆင် ရန် ရက်အနည်းငယ်သာ ကျန် ရှိတော့သည်။

No comments:

Post a Comment