Tuesday, September 22, 2015

တပ်မတော်သားများကို အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထားခြင်းသည် ဥပဒေနှင့် ညီညွတ်ပြီး အမှန်တကယ်လိုအပ်မှသာ ထပ်မံစေလွှတ်မည်ဟု တပ်ချုပ်ပြောကြား


 တပ်မတော်သား များကို အရပ်ဘက်ဝန်ကြီးဌာန များသို့ ပြောင်းရွှေ့ခန့်အပ်ထား ခြင်းသည် ဥပဒေနှင့်အညီဆောင် ရွက်ခြင်းသာဖြစ်ပြီး နောင်တွင်သ တိထား၍ အမှန်တကယ်လိုအပ်မှု ရှိမှသာ ယင်းကဲ့သို့ဆောင်ရွက် မည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြား သည်။နိုင်ငံ့ဝန်ထမ်း  ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စက်တင်ဘာ ၂၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မီဒီယာများတွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ ၀န်ကြီးဌာနများ လိုလားချက်နှင့် ကာယကံရှင်များဆန္ဒအ ရ တောင်းဆိုမှုများရှိခဲ့ပြီးတပ်မ တော်က ဆောင်ရွက်နိုင်ခြေ ရှိ၊ မ ရှိ ဦးစွာစိစစ်ပြီးနောက် ပြည်ထောင် စုရာထူးဝန်အဖွဲ့က ဆက်လက်စိ စစ်ကာ အစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူညီချက်ရှိမှ အပြောင်းအရွှေ့ဆောင်ရွက်ပေးနိုင်ကြောင်း တပ်မတော်ဦးစီးချုပ်က ဆက် လက်ပြောကြားသည်။

‘‘ဥပဒေအရပဲလုပ်တာဖြစ် ပါတယ်’’ ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မီဒီယာများ၏  မေးမြန်းမှုကို  ဖြေကြားသည်။မည်သည့်နေရာတွင်ဖြစ်စေ ကာမူ အလုပ်ကိုကြိုစား၍ သစ္စာ ရှိပါက ဆုံးရှုံးနိုင်စရာသိပ်မရှိဟု ထင်မြင်သော်လည်း အကန့်အ သတ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကပြောကြားသည်။
‘‘သို့သော် ကျွန်တော်တို့က အကောင်းဘက်ကမြင်ပြီးပြော တာပါ။ နစ်နာစေချင်တဲ့ စိတ် လည်း ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့နောင်ဆိုလို့ရှိရင် တကယ်လိုအပ်ချက်ရှိမှသာ ကျွန်တော်တို့ လွှတ်ပါမယ်’’ဟု ဆက်လက်ပြောကြားသည်။
စစ်ဥပဒေချုပ်ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်က ယင်းသို့ ပြောင်းရွှေ့ခန့်ထားခြင်းသည် လို အပ်ချက်အရတောင်းဆိုမှုများကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈(က)၊(ခ)၊နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပုဒ်မ ၂၃(က)၊(ခ)နှင့်ပုဒ်မ ၂၄(င)အရ  ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းသည်။
‘‘နောင်မှာလည်းပဲ သက်ဆိုင်ရာဝန်ကြီးဌာနသဘောထား တွေအပေါ် မူတည်ပြီးတောင်းခံ လာရင်လည်း တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ဥပဒေနဲ့အညီ ပဲ ဆောင်ရွက်မှာဖြစ်တယ်’’ ဟု ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောသည်။
7 day

No comments:

Post a Comment