Tuesday, September 15, 2015

DUO အမ်တီဗီထွက်ပြီးမှ ကျောင်းပြန်တက်မယ့် ကိကိ


‘‘ကျွန်တော်ကျောင်းပြန်သွား တက်ဖို့ကို အစောကြီးကတည်းက စီစဉ်နေတာ။ ဗီဇာအခက်အခဲနဲ့ ကိစ္စလေးနည်းနည်းရှိလို့ နှောင့် နှေးသွားတဲ့အချိန်မှာ ကျွန်တော်နဲ့ ဘန်နီနဲ့ပေါင်းပြီး ဒီအခွေကို ထုတ်ဖြစ်သွားတာပါ။ ဒါကြောင့် VCDထွက်မယ့်အချိန်ထိ ကျွန် တော်ဒီမှာပဲနေပြီး လုပ်သွားချင် လို့ ကျောင်းကို နောက်ဆုတ်လိုက် တာပါ’’ဟု ကိကိကပြောသည်။ဘန်နီဖြိုးနှင့် ကိကိတို့ နှစ်ဦးပေါင်း၍ ပုံစံနှစ်မျိုးဖြင့် စီ စဉ်ထားသည့် DUO စီးရီး၏ အမ် တီဗီထွက်ရှိပြီးမှသာ ပြည်ပတွင် ကျောင်းပြန်တက်ရန် စီစဉ်ထား ကြောင်း အဆိုတော်ကိကိကပြော သည်။
အဆိုပါအမ်တီဗီအတွက် ကိကိနှင့်ဘန်နီဖြိုးတို့ထူးခြားသည့် ပုံစံသစ်များဖြင့် စတင်ရိုက်ကူး နေပြီဖြစ်ပြီး လာမည့်နှစ်ဆန်းတွင် ထွက်ရှိနိုင်အောင် စီစဉ်နေခြင်း ဖြစ်သည်။ကိကိနှင့်ဘန်နီဖြိုးတို့ နှစ် ဦးပေါင်းဖန်တီးထားသော DUO စီးရီးမှာ ပြီးခဲ့သည့်နှစ် အောက် တိုဘာတွင် အော်ဒီယိုစီဒီအဖြစ် ထွက်ရှိထားခဲ့သည်။
ကိကိသည် လက်ရှိတွင် တစ်ကိုယ်တော်အခွေ စီစဉ်ရန် အချိန်ကြာမြင့်ဦးမည်ဟု သိရ သည်။‘‘ဒီအခွေအရင်ထက်ပိုကြိုး စားထားတယ်။ ပရိသတ်တွေအ သစ်ဖြစ်စေမှာကိုလည်း ဖန်တီး ထားပါတယ်။ DUO ကတော့ကျွန် တော်တို့ သူငယ်ချင်းနှစ်ယောက် ရဲ့မှတ်တိုင်သဘောမျိုးလည်းဖြစ် တယ်။ ပြောရရင် အခွေတစ်ခွေ ထက်ကို ပိုပါတယ်။ ဒီအခွေထဲမှာ ဆိုရင် ဘန်နီကလည်း သူ့ပုံစံမ ဟုတ်တာပါမယ်။ ကျွန်တော် လည်း ကျွန်တော့်ပုံစံမဟုတ်တာ ပါမယ်။ နှစ်ယောက်စလုံးရဲ့ပုံစံ တစ်မျိုးစီပေါ့နော်။ နှစ်ယောက် ပေါင်းလုပ်ထားတာတဲ့ ထူးခြား တာလေး ထည့်ထားပါတယ်’’ ဟု ကိကိကပြောသည်။
ကိကိသည် ၂၀၁၃ နှစ်ကုန် ပိုင်းတွင် သြစတြေးလျနိုင်ငံ၌ Hotel Management ဘာ သာရပ်ဖြင့် ပညာသင်ကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ‘ခေတ် လူပျို’ တစ်ကိုယ်တော်စီးရီးတစ် ခွေလည်းထွက်ရှိထားသည်။ ကိကိမှာ ယင်းဘာသာရပ်အတွက် ၂ နှစ်ခန့် ကျောင်းဆက်တက်ရန် ကျန်ရှိသည်။
7 day

No comments:

Post a Comment