Thursday, October 15, 2015

ဒီချုပ်အောင်နိုင်ရေးအတွက် မန္တလေးမြို့ခံများ မိုးရေထဲစက်ဘီးစီး၍လှုံ့ဆော်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မန္တလေးမြို့ခံစက် ဘီးချစ်သူများက စက်ဘီးအစီး ၁၀၀ ခန့်ဖြင့် အောက်တိုဘာ ၁၃ ရက်နံနက်က ချမ်းအေးသာစံမြို့ နယ်အတွင်း လှည့်လည်လှုံ့ဆော်ခဲ့ ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ရှိ စက်ဘီးချစ်သူ အဖွဲ့များဖြစ်ကြသည့် MBA (Mandalay Bike Adventure)၊ MFR (Mandalay Free Riders) စသည့်အဖွဲ့များအပြင် မန္တလေး နန်းရှေ့ရှိ စက်ဘီးစီးသူများစု ပေါင်းကာ စုစုပေါင်းစက်ဘီး၁၀၀ ခန့်သည် အောက်တိုဘာ ၁၃ ရက်ညက မိုးသည်းထန်စွာ ရွာသွန်း နေသော်လည်း မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ်အတွင်းရှိလမ်း မကြီးများတစ်လျှောက် အချိန် နှစ်နာရီကျော်ကြာ စက်ဘီးစီး၍ လှည့်လည် လှုံ့ဆော်ပေးခဲ့သည်။
‘‘ကျွန်တော်တို့အဖွဲ့က NLD ကို စိတ်ဝင်စားကြတယ်။ ဟိုတစ် ခါ ဒေါ်စုခရီးစဉ်လာတုန်းကလည်း ထောက်ခံအားပေးခဲ့ကြတယ်။ ဒီ တစ်ခါမှာလည်း NLD ရဲ့လွှတ် တော်ကိုယ်စားလှယ်လောင်းတွေ ကို လူထုပိုပြီး သိရှိနိုင်အောင်ဆို ပြီး ဝန်းရံအားပေးတဲ့အနေနဲ့ စက် ဘီးစီးပြီး လှုံ့ဆော်ပေးတာဖြစ်ပါ တယ်’’ဟု MBA အဖွဲ့ဘဏ္ဍာရေး မှူး ကိုမျိုးက ပြောသည်။
ရွေးကောက်ပွဲအောင်နိုင် ရေးစက်ဘီးစီးလှည့်လည်ခြင်းကို ဥပဒေနှင့်အညီဖြစ်စေရန် ကော် မရှင်ထံ ခွင့်ပြုချက်တောင်းခံခဲ့ပြီး ဥပဒေနှင့်အညီ လှည့်လည် လှုံ့ ဆော်ခဲ့ခြင်းဖြစ်သည်ဟု ဒီချုပ်ပါ တီချမ်းအေးသာစံမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမျိုးနိုင်က ပြောသည်။
ယင်းခရီးစဉ်ကို နံနက် ၈ နာရီခန့်တွင် မန္တလေးမြို့(၈၄) လမ်း၊ လူထုတိုက်ရှေ့မှ စတင် ထွက်ခွာပြီး ၈၄ လမ်းမှ ၃၅ လမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် ဈေးချိုနာရီစင်၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၆၈ လမ်းစသည့်ချမ်းအေး သာစံမြို့နယ်အတွင်းရှိ လမ်းမ ကြီးများတစ်လျှောက် စက်ဘီးစီး လှည့်လည်လှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ချမ်း အေးသာစံမြို့နယ်ရုံး၌  ခရီးစဉ် အဆုံးသတ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားလူ မျိုးမဲဆန္ဒနယ်မြေများအပါအဝင် စုစုပေါင်းမဲဆန္ဒနယ်မြေ ၉၅ နေ ရာရှိပြီး နိုင်ငံရေးပါတီ ၂၀ မှ ကိုယ်စားလှယ်လောင်း ၃၈၈ ဦး နှင့် တစ်သီးပုဂ္ဂလ ၁၁ ဦး စုစု ပေါင်းကိုယ်စားလှယ်လောင်း ၃၉၉ ဦးဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စား လှယ်လောင်း ၉၅ ဦး၊ ဒီချုပ်ပါ တီမှ ကိုယ်စားလှယ်လောင်း ၉၄ ဦး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီမှ ကိုယ်စားလှယ် လောင်း ၆၈ ဦးနှင့် အမျိုးသားတိုး တက်ရေးပါတီမှ ကိုယ်စားလှယ် လောင်း  ၄၅ ဦးအထိ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ သမ္မတရုံးဝန်ကြီးဦးလှထွန်း၊ ပို့ ဆောင်ရေးဝန်ကြီးဌာန ပြည်  ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးတင်ဦးလွင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်၊ကာကွယ် ရေးဒုဝန်ကြီးဟောင်းဦးကျော်ညွန့် (ဗိုလ်ချုပ်-ငြိမ်း)နှင့်     မန္တလေးတက္က သိုလ်ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမောင်သင်းတို့သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ မန္တလေးတိုင်းဒေသကြီး     မဲဆန္ဒနယ်မြေ များတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဒေါက်တာဇော်မြင့် မောင်၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)ဒေါက်တာ သန်းဝင်း၊ ဒေါက်တာကျော်သန်း ထွန်း(ကန်တုန်)၊ ဦးရည်မွန် (ခ) မောင်တင်သစ်တို့သည်   အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ် စားပြုကာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

7 Day Daily

ဒီချုပ်ရွေးကောက်ပွဲအောင်နိုင်ရေး စက်ဘီးများဖြင့် လှည့်လည်လှုံ့ဆော်နေကြစဉ် (ဓာတ်ပုံ−ပြည့်စုံအောင်)

No comments:

Post a Comment