Wednesday, October 21, 2015

ပိုလန်ဝန်ကြီးချုပ် အီဝါကိုပက်ဇ်

မစ္စစ်အီဝါကိုပက်ဇ်သည် ပိုလန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိပိုလန်နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်သည်။ ယင်းမတိုင်မီ ပါလီမန် ဥက္ကဋ္ဌဖြစ်ပြီး အဆိုပါရာထူးကို ရ ရှိသော ပထမဆုံးအမျိုးသမီးဖြစ် သည်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့သည်။အီဝါကိုပက်ဇ်ကို ၁၉၅၆ တွင် စကာရစ်ဇူးဒေသ၌ မွေးဖွားခဲ့ သည်။ ဖခင်မှာ စက်ပြင်ဆရာတစ် ဦးဖြစ်ပြီး မိခင်မှာ စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ရာဒွန်မြို့တွင် ကြီး ပြင်းခဲ့ပြီး အထက်တန်းအောင် မြင်ခဲ့သည်။အီဝါကိုပက်ဇ်သည် ၁၉၈၁ လူဘလင် ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ မိသား စုဆေးပညာရှင်ကလေးအထူးကု ဘာသာရပ်များ အထူးပြု၍ ထပ်မံလေ့လာခဲ့သည်။ ကျေးလက်ဆေး ခန်းများမှ စတင်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဒေသခံဆေးရုံအကြီး အကဲဖြစ်လာခဲ့သည်။မစ္စစ် အီဝါကိုပက်ဇ်သည် ၁၉၈၀ ပြည့်နှစ်က ညီညွတ်သော ပြည်သူ့ပါတီသို့ ၀င်ရောက်ခဲ့ သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ တွင်မူ လွတ်လပ်ရေးသမဂ္ဂပါတီ သို့ ၀င်ရောက်ခဲ့ပြီး ရာဒွန်ခရိုင် ပါတီအကြီးအကဲဖြစ်လာသည်။ ၁၉၉၈ ဒေသဆိုင်ရာရွေးကောက် ပွဲတွင် ဒေသဆိုင်ရာကောင်စီလူ ကြီး တစ်ဦးအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။
၂၀၀၁ တွင်မူ မစ္စစ်ကိုပက်ဇ် က အသစ်ဖွဲ့စည်းလိုက်သော ပြည်သူ့စင်မြင့်ပါတီသို့ ၀င်ရောက် ခဲ့သည်။ ယင်းနှစ်မှာပင် ပါလီမန် သို့ ရွေးကောက်တင်မြှောက်ခံရပြီး ၂၀၀၅၊ ၂၀၀၇၊ ၂၀၁၁ တို့တွင် လည်း ထပ်မံရွေးကောက်တင် မြှောက်ခံရသည်။ ၂၀၀၅ က ပါ လီမန်ကျန်းမာရေးကော်မတီအ ဖွဲ့တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ တွင် ပါလီမန်ကြီးကြပ်သူဖြစ်လာ သည်။

၂၀၀၉ က ကျန်းမာရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် အတွင်း ၀က်တုပ်ကွေးရောဂါကာကွယ်ဆေး၏ အကျိုးကျေးဇူးများ ကို လက်တွေ့ပြသရန်နှင့် ဘေး ဥပဒ်များ ဖြစ်လာပါက အပြည့်အဝ တာဝန်ယူရန် တောင်းဆိုခဲ့ပြီး နိုင်ငံတကာကျော်ကြားမှုအချို့ရရှိ ခဲ့သည်။ စနစ်တကျစမ်းသပ်မှုများ ကို စောင့်ကြည့်ပြီးမှသာ ယင်းကာကွယ်ဆေးများ ၀ယ်ယူရန် အစိုးရအား အကြံပေးခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ ရာထူးရယူရန် ၀န်ကြီးချုပ်နေရာမှ မစ္စတာ ဒေါ်နယ်တပ်ခ် နုတ်ထွက် သွားပြီးနောက် ၂၀၁၄ စက်တင် ဘာ ၂၂ ရက်တွင် မစ္စစ်အီဝါကိုပက်ဇ်သည် ပိုလန်ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၂၀၁၄ နိုဝင်ဘာ ၈ ရက်တွင် ပြည်သူ့စင်မြင့်ပါတီ ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

မစ္စစ်ကိုပက်ဇ်သည် ဥရောပသမဂ္ဂ ခေါင်းဆောင်တစ်ဦးဟု ကင်ပွန်းတပ်ခံရပြီး ၂၀၁၅ တွင် ကမ္ဘာပေါ်၌ (၄၀)ဦးမြောက်သြဇာ အကြီးဆုံး အမျိုးသမီးအဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြသည်။

—Ref:Wikipedia

No comments:

Post a Comment