Friday, October 30, 2015

ပြည်ထောင်စုအမေ သီချင်းအကြောင်း ဖွင့်ဟလာတဲ့ မေခလာ

"နိုင်ငံရေးတွေမပြောချင်ဘူး" တေးစီးရီးကို အောက်တိုဘာလ၂၀ ရက်က ထွက်ရှိထားသော အဆိုတော် မေခလာအား ယင်းတေးစီးရီးတွင်ပါဝင်သော "ပြည်ထောင်စုအမေ" ဆိုသည့် တေးသီချင်းနှင့် ပတ်သက်၍ မေးမြန်းရာ အဆိုတော် မေခလာက "ချစ်ငယ်ရဲ့ နိုင်ငံရေးတွေမပြောချင်ဘူး တေးစီးရီးမှာကတော့ သီချင်းအားလုံးက ၁၀ ပုဒ်ပါဝင်ပါတယ်။ MTV ကတော့ ရိုက်ထားတာ သုံးပုဒ်လောက် ရှိသွားပြီ။ နောက် နှစ်လလောက်မှသာ MTV ထွက်ရှိမှာဖြစ်တယ်။
သီချင်းအားလုံးကတော့ သေသေချာချာ ရွေးချယ်ထားပါတယ်။ နိုင်ငံရေးတွေ မပြောချင်ဘူး သီချင်း MTV ကလည်း အကြမ်းပဲ ပြီးသေးတာ၊ အကြမ်းလေးကိုပဲ အွန်လိုင်းမှာ တင်လိုက်တာ ပြည်တွင်း ပြည်ပက ပရိသတ်တွေ အားပေးကြလို့ ဒီစီးရီးကိုလည်း ချစ်ငယ် စောစော ထွက်လိုက်တာပါ။ စီးရီးထဲမှာပါဝင်တဲ့ "ပြည်ထောင်စုအမေ" ဆိုတဲ့သီချင်းကတော့ ချစ်ငယ်တို့နိုင်ငံရဲ့ ဧရာဝတီမြစ်ကြီးကို တင်စားထားတာ ချစ်ငယ်တို့ဘ၀မှာ အမေကလည်း မရှိမဖြစ်ဆိုသလို ဧရာဝတီမြစ်ကြီးကလည်း ချစ်ငယ်တို့ရဲ့ နိုင်ငံအတွက် မရှိမဖြစ်တဲ့မြစ်ကြီးပါ။ ဒါကြောင့် ဧရာဝတီမြစ်ကြီးကို အမေနဲ့တင်စား နှိုင်းပြထားတဲ့ သီချင်းပါ။ ဒီသီချင်းလေးက ချစ်ငယ် ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်တဲ့ သီချင်းထဲမှာပါပါတယ်"ဟု ပြောသည်။
Myanmar News Journal

No comments:

Post a Comment