Friday, October 30, 2015

၂၆-၁၀-၁၅ မှ ၁-၁၁-၁၅ အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ပျော်ရွှင်စရာကောင်းသော ကာလ တစ်ခုပါ။ ချစ်သူ နှင့် အဆင်ပြေခြင်း ၊ လက်ထပ်မင်္ဂလာ ပြုခြင်းနှင့် ပျော်ရွှင် စရာ ခရီးလေးတစ်ခု လည်းရောက်ခဲ့ရမည့် ကာလဖြစ်ပါသည်။ ၎င်းအပြင် ပညာရေး ၊ အလုပ်ကိစ္စ တွေလည်းကောင်းသတင်း ကြားရပါလိမ့်မည်။ ၎င်းအပြင် ရင်းနှီးဆုံးသူငယ်ချင်း နှင့် ချစ်သူထံ မှ လက်ဆောင်လေးတွေ ရလာပါလိမ့်မည်။ တခုတော့ ဆင်ခြင်ပါ။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ရပါလိမ့်မည်။

အကျိုးပေးဂဏန်း ၄၊၂၊ ၆


အထူးဟော – ကံကောင်းပါသည်။

ယတြာ – တနင်္ဂနွေနေ့နံနက်တွင် အင်္ဂါ နံဘုရားကို ဆီမီးပူဇော်ပါ။

တနင်္လာ

မျှော်လင့်စောင့်စားမှု့ ဖြစ်နေရတတ်သည်။ ချစ်သူထံမှ အဖြေရရှိမှု့ နှင့် မသေချာ မရေရာ မှု တွေကြောင့် ဆုံးဖြတ်ခက်နေတာတွေ ဖြစ်နေရတတ်သည်။ စာမေးပွဲ ဖြေဆို နေရသူတွေ အတွက်လည်း စိတ်မောရပေမဲ့ အောင်မြင်မှု့ ရပါလိမ့်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ပစ္စည်းပျောက် ၊ ငွေလိမ် တခု ခံ၇တတ်ပါတယ်။ အလုပ်ကိစ္စ ကတော့ ရာထူးတက် နယ်ပြောင်းရပါလိမ့်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျပါလိမ့်မည်။

အကျိုးပေးဂဏန်း ၂၊ ၈၊ ၆

အထူးဟော – မမျှော်လင့်ဘဲ ကောင်းသတင်း တခု ကြားရပါလိမ့်မည်။

ယတြာ – တနင်္လာနေ့နံနက်တွင် သက်ကြီးရွယ်အို မိဘများကို ပူဇော်ကန်တော့လိုက်ပါ။



အင်္ဂါ

ရည်ရွယ်ချက်တွေ အောင်မြင်မည်။ ကြိုးစားမှု့ တွေ တိုးတက်မှု့ ရမည်။ စွဲလန်းသူ များလာမည်။ ဖုန်းကွယ်ထားသော အရာများ ပေါ်ထွက်လာမည်။ မရည်ရွယ်ဘဲ ခရီးဝေးယာယီ တွေရောက်မည်။ ငယ်ချစ်ဟောင်း နှင့် လမ်းခွဲပြီး ရည်းစားသစ် တစ်ယောက်နှင့် ယူဖြစ်မည်။ ရုတ်တရက် ခိုက်မိမှု့ တွေများနေမည်။ ထီထိုး ပါ။ ပေါက်မည်။ ကြိုက်တဲ့ ဂဏန်း ထိုးပါ။ သို့သော် အနောက်အရပ် မျက်နှာမူ၍ မထိုးနှင့်။

အကျိုးပေးဂဏန်း ၃၊ ၆၊ ၉

အထူးဟော – ငွေဝင်မည်။

ယတြာ – အင်္ဂါနေ့နံနက်တွင် မြတ်စွာဘုရားနှင့် သံဃာတော် ၈ ပါး ကို အုန်းဆွမ်းကပ်လှူပါ။



ဗုဒ္ဓဟူး

သင့်အတွက် ဤတပတ်မှ စ၍ အမှောင်ခွင်းပြီး အလင်းရောက် ပေါ်လာသော လမင်းကဲ့သို့ အရာရာ ဆန္ဒ ရှိတာတွေ အောင်မြင်လာမည်။ အလုပ်ရမည်။ ( သို့မဟုတ်) ရာထူးတက်မည်။ ငွေဝင်မည်။ အကောင်အထည်ဖော်ဖြစ်မည်။ စွန့်စားမှု့ လွတ်လပ်စွာလုပ်ကိုင် ရမှု့ တွေ ဖြစ်လာမည်။ အချစ်ရေးမှာ မြန်မလို နှင့် နှေးမည်။ သို့သော် လက်ထပ်မင်္ဂလာ ဖြစ်မည်။ ၂ ဘက်မိဘ အဆင်ပြေသွားမည်။ ချစ်သူရဲ့ အပြစ်တင် မှု့ ပျောက်ကွယ်မည်။

အကျိုးပေးဂဏန်း ၄၊ ၉၊ ၂

အထူးဟော – သင့်ဆန္ဒတွေအောင်မြင်မည်။

ယတြာ – ဗုဒ္ဓဟူးနေ့ညတွင် သောကြာနံဘုရားကို ဆီမီးပူဇော်ပါ။



ကြာသပတေး

အထင်လွဲမှားမှု့ အပြစ်တင်ဝေဖန်မှု့ အချင်းချင်းစိတ်ဝမ်းကွဲ မှု့ တွေဖြစ်မည်။ သို့သော် သင်က အောင်မြင်မှု့ ရနေမည်။ ရန်သူက အရှုံး ပေး သွားလိမ့်မည်။ ညခရီးမသင့်ပါ။ အတိုက်အခံ တခု ကျော်လွှားဖြစ်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အမှားတွေ့တတ်တယ်။ အိမ်နေရာ ဒေသ ပြောင်းရွှေ့မှု့ ဖြစ်မည်။ အချစ်ရေးကောင်းသည်။ မင်္ဂလာပွဲ လက်ထပ်ဖြစ်မည်။ တဖက်မိဘရဲ့ အကောင်းမမြင်ခံရမည်။ စက် ၊ ရွှေ ၊ မြေတို့ရမည်။ အိမ်ပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း ၅၊ ၀၊ ၂

အထူးဟော ကံကောင်းမည်။

ယတြာ – ကြာသပတေးနေ့တွင် မိဘ ၊ ဘိုးဘွား ၊ သက်ကြီးရွယ်အို များကို ကန်တော့လိုက်ပါ။



သောကြာ

စွန့်လွှတ်မှု့ တယူဿန်တဇွတ်ထိုး လုပ်ဆောင်မှု့ တွေကို ရပ်တန့်ဖြစ်မည်။ ရည်ရွယ်ချက်တွေ အကောင်အထည် ဖော်ရာတွင် အောင်မြင်မှု့ တွေ ရမည်။ အတိုက်အခံ တွေ ကျော်လွှား ဖြစ်မည်။ ရုတ်တရက် ယာဉ်အန္တရာယ် နှင့် မမာမကျန်း ဖြစ်မှု့ တို့ ကြုံရတတ်သည်။ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်သည်။ ရစရာငွေတို့ မရတတ်သေးပါ။ ရွှေ ၊ စက် ၊ မြေတို့ ၀င်ထွက်မည်။ အပေါင်းအသင်းရဲ့ အထင်လွဲမှု့ ကြုံမည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။

အကျိုးပေးဂဏန်း ၆၊ ၁၊ ၈

အထူးဟော ယခု အတွင်းအိမ်မဆောက်သင့်ပါ။ အပြီးမသတ်နိုင်ဖြစ်ရတတ်တယ်။

ယတြာ – သောကြာနေ့နံနက်တွင် တနင်္ဂနွေနံ ဘုရားကို ဆီမီးပူဇော်ပါ။



စနေ

ဤ ကာလ သည် ကံကောင်းသော ကာလ တစ်ခု ဖြစ်ပါသည်။ရည်ရွယ်ချက် များ ရည်မှန်းချက်များ အကောင်အထည်ဖော်ရလိမ့်မည်။ လုပ်ငန်းပြောင်းလဲမှု့ လုပ်ငန်းတိုးတက်မှု့ စွန့်လွှတ်မှု့ စွန့်စားမှု့ တို့ ပြုရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲများလည်းအောင်မြင်စွာ ဆင်နွှဲဖြစ်မည်။ လွတ်လပ်စွာ လုပ်ကိုင်မှု့ နှင့် လျို့ဝှက်စွာ လုပ်ဆောင်မှု့ များကို အကောင်အထည်ဖော်ဖြစ်မည်။ အောင်မြင်မည်။  အပေါင်းအသင်း ကသော်၎င်း လူအများသော်၎င်း သင့်ရဲ့ အသိုင်းအ၀ိုင်း က သော်၎င်း အသိအမှတ်ပြုခြင်း ၊ ချီးကျူး ဂုဏ်ပြု ခြင်းများခံရလိမ့်မည်။ အောင်ဘာလေ ထီ ထိုးပါ။ သင်ပေါက်လိမ့်မည်။ သို့သော် မြောက်အရပ်မျက်နှာမူ၍ မထိုးသင့်ပါ။ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှု့ရေး အလုပ်အကိုင် ၊ အချစ်ရေး ၊ အိမ်ထောင်ရေး အားလုံးကောင်းသည်။ မင်္ဂလာပွဲဖြစ်မည်။

အကျိုးပေးဂဏန်း ၇၊ ၀၊ ၂

အထူးဟော – အောင်မြင်သူဖြစ်လာမည်။

ယတြာ – စနေနေ့ ညတွင် ဗုဒ္ဒဟူးနုံဘုရားကို ဆီမီးပူဇော်ပါ။

ရွှေမြန်မာမီဒီယာ

No comments:

Post a Comment