Wednesday, October 14, 2015

ရေကြီး မြေပြိုသဘာဝဘေးများကြောင့် ကျပ်ဘီလီယံနှစ်ရာကျော်ဆုံးရှုံးခဲ့


 လွန်ခဲ့သည့် သုံးလခန့်က  စ၍ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရေကြီး၊ မြေပြိုမှုသဘာဝဘေး အန္တရာယ်များကြောင့် လူဦးရေ ၁ဒသမ ၆၇ သန်းဘေးသင့်ခဲ့ရပြီး  ပျက်စီးဆုံးရှုံးမှု ကျပ်ဘီလီယံ၂၀၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဘေးအန္တရာယ်ဖြစ်ပွားမှု ၄၁၅ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှု ကျပ်သန်း ပေါင်း ငါးရာခြောက်ဆယ်ကျော်ရှိ ခဲ့ကာ သဘာဝဘေးအန္တရာယ် ကြောင့် ဘေးသင့်လူဦးရေမှာ ခုနစ်သောင်းကျော်သာ ရှိခဲ့သည်။‘‘မကြာသေးခင်က မြန်မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုကြောင့် ဆုံးရှုံးခဲ့ရ တဲ့ ပမာဏကိုကြည့်ရင် သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ ဖြိုးတိုးတက်မှုကို များစွာအဟန့် အတားဖြစ်စေတယ်ဆိုတာ သိရှိ နိုင်ပါတယ်’’ဟု အပြည်ပြည်ဆိုင် ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့ သော သဘာဝဘေးအန္တရာယ် ကြောင့် အသက်ဆုံးရှုံးမှုဦးရေ သည် တစ်ရာကျော်ရှိခဲ့ရာ နာဂစ် မုန်တိုင်းပြီးလျှင် ပျက်စီးဆုံးရှုံးမှု နှင့် အသက်အန္တရာယ်ထိခိုက်မှု များသော နှစ်ဖြစ်သည်။

ဇွန်လမှစ၍ ဆက်တိုက်ဖြစ် ပွားခဲ့သော ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုဒဏ်ထိခိုက်ခံစားရသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခု ရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းဒေသကြီးတို့မှာ ထိခိုက်မှုအ များဆုံးဖြစ်ခဲ့သည်။

 ရာသီဥတု ပြောင်းလဲခြင်း ကြောင့်ဖြစ်ပေါ်သော သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် သဘာဝဘေးလျော့ပါးရေးအသိ ပညာပေးလုပ်ငန်းများကို ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ပြုလုပ်လာခဲ့ သည်မှာ ခုနစ်နှစ်ခန့် ရှိပြီဖြစ် သည်။

 သဘာဝဘေး အန္တရာယ် ကြောင့် ဖြစ်ပေါ်လာသောပျက်စီး ဆုံးရှုံးမှုအနည်း၊ အများသည် နိုင်ငံ တစ်နိုင်ငံတွင် ကျင့်သုံးနေသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အားကောင်း၊မကောင်းပေါ် များ စွာမူတည်သည်ဟု ပညာရှင်များ က ထောက်ပြကြသည်။

Action Aids တွင် သဘာဝ ဘေးအန္တရာယ်လျော့ပါးရေးလုပ် ငန်းများကို လုပ်ဆောင်နေသူမစ္စ တာရှီဟတ်ဒ်က မြန်မာနိုင်ငံ၏သ ဘာဝဘေးအန္တရာယ်လျော့ပါး ရေးလုပ်ဆောင်ချက်များသည် ၂၀၀၈ နောက်ပိုင်း များစွာတိုး တက်လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်ဟု အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါး ရေးအကြိုအခမ်းအနားတွင် ပြော ကြားခဲ့သည်။

ဥပဒေပြဋ္ဌာန်းချက်များရေး ဆွဲထားပြီးဖြစ်သော်လည်း ယခု ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တ ရာယ်များနှင့်ပတ်သက်၍ ဥပဒေ ကျင့်သုံးမှုအပိုင်းကို ထောက်ပြ ပြောဆိုခဲ့သည်။

‘‘ဥပဒေက ဥပဒေအတိုင်း ထားလို့မရဘူး။ ကျင့်သုံးဖို့လည်း လိုပါသေးတယ်’’ဟု မစ္စတာရှီ ဟတ်ဒ်က ပြောသည်။

  မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုး တက်မှုတည်ဆောက်ရေးကို စိန် ခေါ်နေသောအကြောင်းရင်းလေး ခုတွင် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုများလည်း ပါဝင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုး ရေးအစီအစဉ်၏ ယခု နှစ်ဆန်းတွင် ထုတ်ပြန်သောနှစ်စဉ် အစီ ရင်ခံစာ၌  ဖော်ပြခဲ့သည်။
7 day

No comments:

Post a Comment