Monday, October 12, 2015

KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးမှုကြောင့် လယ်ယာလုပ်ကိုင်နေသည့် ရွာသားများ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာတွင်နေထိုင်သော လယ်ယာလုပ်ကိုင်နေသည့် ဒေသခံ တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အဓမ္မဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 
တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာသို့ အောက်တိုဘာလ ၉ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရွာသား ၂ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“၀ါရာဇွပ်ကျေးရွာနဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို KIA အဖွဲ့တွေရောက်လာပြီး လယ်တဲတွေမှာ လယ်ယာလုပ်ကိုင် နေတဲ့ ဒေသခံတွေကို လူသစ်အဖြစ် အဓမ္မလိုက်ဖမ်းနေတာ၊ လုပ်ငန်းရှင်တွေဆီကလည်း ဆက်ကြေး ကောက်တယ်၊ ရွာအနေနဲ့လည်း ပေးရတယ်၊ ရိက္ခာဆိုလည်းပေးရတယ်၊ ရွာသားတွေကိုလည်း ရိုက်ပုတ် နှိပ်စက်တယ်၊ ရွာသား ၂ ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်၊ ဆက်ကြေးမပေးလို့တဲ့ဗျာ၊ လူသစ်သင်တန်း တက်ခိုင်းပြီး သူတို့စခန်းမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့လေ၊ ဒါမျိုးတော့ မဖြစ်သင့်ဘူး၊ အဲဒါမျိုးတွေ လုပ်ချင်လို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ကို အမျိုးမျိုးရှောင်လွဲနေတာ ဖြစ်မှာပေါ့ ”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြ ချက်အရ သိရသည်။ 
KIA အဖွဲ့သည် ဒေသခံတိုင်းရင်းသားများအပေါ် လက်နက်အားကိုးဖြင့် နိုင်ထက်စီးနင်း ဆက်ကြေးငွေကောက် ခံခြင်း၊ လူငယ်များအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းများကို အမြဲလိုလို ပြုလုပ်လာ သည့်အတွက် ကျေးရွာများရှိ လယ်ယာလုပ်ကိုင်နေသည့် လူငယ်များမှာ ကြောက်လန့်၍ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။ 

နော်ဂျာ

Kachin Daily News

No comments:

Post a Comment