Tuesday, November 3, 2015

နေပြည်တော်ကောင်စီ ရှစ်မြို့နယ် နိုင်ငံခြားရောက် ကြိုတင်မဲ လွှဲပြောင်း

နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်မှ နိုင်ငံပြင်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင် များ၏  ကြိုတင်မဲဆန္ဒပြုပြီး မဲလက်မှတ်များကို   ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီဌာနမှ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ နိုဝင်ဘာ ၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒပြုပြီး လက်မှတ်အရေအတွက် (၈၀၂) စောင် လွှဲပြောင်းပေးအပ်မှုအား ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်က လက်ခံခဲ့ကြောင်း ယင်းအဖွဲ့ခွဲရုံးမှ တာဝန်ရှိတစ်ဦးကပြောသည်။


ကြိုတင်ဆန္ဒပြုပြီး မဲဆန္ဒလက်မှတ်သည် အမျိုးသားလွှတ်တော်အတွက် လက်မှတ် (၃၀၁) စောင်၊ ပြည်သူ့လွှတ်တော် အတွက် ဆန္ဒပြုထားသည့် လက်မှတ် (၄၀၁) စောင်ဖြစ်သည်ဟု   ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ပြည်ထောင်စုနယ်ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီဌာနခွဲအနေဖြင့် နိုင်ငံပြင်ပသို့ အစိုးရခွင့်ပြုချက်ဖြင့် ရောက်ရှိနေသူများ၏ ကြိုတင်ဆန္ဒပြုပြီး မဲလက်မှတ်များကို သက်ဆိုင်ရာခရိုင်သို့ ပေးပို့လျက်ရှိနေပြီး၊ ခရိုင်မှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်ပေးပို့ကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံးကမှ ပြောသည်။

အလားတူ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှလည်း ပြည်ထောာင်စုနယ်မြေ (၈) မြို့နယ်ဖြစ်သည့် လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုမ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္မူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများဖြင့် နိုဝင်ဘာလ (၃) နေ့ က လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။          

မြို့နယ်အဆင့်ရွေးကော်ပွဲကော်မရှင်ကလည်း ခရိုင်မှပေးပို့သည့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် နိုင်ငံသားများ ဆန္ဒပြုပြီးကြိုတင်ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်၊ မဲရုံကိုယ်စား၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ သတင်းမီဒီယာကို သက်သေထား၍ ပွင့်လင်းမြင်သာမှုရှိစွာ လက်ခံဆောင်ရွက်ကြောင်း မဲပုံးအတွင်းသို့ ထည့်သွင်းဆောင်ရွက်ကြောင်း ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိတစ်ဦးက ပြောသည်။

မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်မှလည်း နိုဝင်ဘာလ (၈) ရက်နေ့ ညနေ (၄) နာရီတွင် ဖွင့်ဖောက်ရေတွက်မည် ဟုလည်းသိရသည်။  

“ကျွန်တော်တို့အနေနဲ့ကတော့ ပွင့်လင်းမြင်သာမှုရှိအောင်၊ တိကျမှန်ကန်အောင် ကျွန်တော်ဆောင်ရွက်နေပါတယ်။ ဖိတ်ကြားပြီးတော့ ဆောင်ရွက်နေပါတယ်။“ ဟု ဇမ္မူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစန်းမောင်က ပြောသည်။
mizzima

No comments:

Post a Comment