Monday, November 30, 2015

လန်ဒန်ဒါဘီတွင် ချယ်လ်ဆီး သရေကျပြီး တန်းဆင်းဇုန် အထက်၌ ဆက်လက်ရပ်တည်

တနင်္ဂနွေည အစောပိုင်း လန်ဒန်ဒါဘီ ဖြစ်သည့် စပါး- ချယ်လ်ဆီးပွဲတွင် စပါးက လိဂ် ဇယား၌ နိုင်ပွဲရရန် လိုနေသော ချယ်လ်ဆီးကို ဒုတိယပိုင်း၌ ဖိ ကစားနိုင်သော်လည်း နှစ်သင်း စလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ဖြစ်ခဲ့ကာ ချယ်လ်ဆီးက ၁၄ ပွဲ ကစားပြီး နိုင်ပွဲလေးပွဲ၊ သရေသုံး ပွဲဖြင့် ၁၅ မှတ်သာ ရခဲ့ကာ တန်း ဆင်းဇုန်အထက် အဆင့် (၁၅) နေရာတွင် ရပ်တည်နေသည်။

ချယ်လ်ဆီးသည်ပွဲတွင် ဂိုး သွင်းခွင့်နှင့် အပိုင်ထိုးဖောက် က စားနိုင်ခွင့်များ နည်းပါးခဲ့ပြီး စပါး ကွင်းလယ်၌ အဲရစ်ဆင်၊ လမ် မယ်လာ၊ ဒမ်ဘီလီ၊ ဆွန်ဟောင် မင်တို့ ထိန်းချုပ်မှုဖြင့် ချယ်လ်ဆီး ကို တန်ပြန်ကစားခဲ့ကာ ဧည့်သည် တို့ ခံစစ်ပိုင်းတွင် တစ်ဦးချင်းနှင့် အတန်းလိုက် ဖျက်ထုတ်ကာ ကွယ်မှုများကြောင့် ထိထိရောက် ရောက် တိုက်စစ်ဆင်မှုများ မရှိခဲ့ သလို ဂိုးသမားများသည်လည်း ကာကွယ်မှု ကောင်းခဲ့ကြသည်။

ချယ်လ်ဆီးသည် ဝှိုက်ဟတ် လိန်း အဝေးကွင်းပွဲတွင် တိုက်စစ် ၌ ဒီယေဂိုကော်စတာကို ချန်လှပ် ခဲ့ပြီး ဘယ်လ်ဂျီယံ တောင်ပံလူ ဟာဇက်ကို တိုက်စစ်ပင်မတွင် ထားခဲ့သည်။

စပါးက ပထမပိုင်းတွင် အခွင့်အရေး ပိုမိုရခဲ့ပြီး ဟယ်ရီ ကိန်း၊ ဒမ်ဘီလီ၊ ဆွန်ဟောင်မင် တို့၏ ထိုးဖောက်မှုများကို ချယ်လ် ဆီးဂိုးသမား ဘီဂိုဗစ်ကာကွယ် ခဲ့ရသည်။

ထို့နောက် ဒုတိယပိုင်းတွင် ချယ်လ်ဆီးကွင်းလယ်မှ ဂိုးရှေ့သို့ ဖြတ်တင်ပေးသော ဘောလုံးကို ဟာဇက် ဖြတ်ကန်သော်လည်း စပါးဂိုးသမား ဟူဂိုလောရစ် ပုတ် ထုတ်ခဲ့ပြီး ထိုကန်ချက်သည် ပွဲ တွင် ချယ်လ်ဆီး၏ ဂိုးနှင့် အနီး စပ်ဆုံး တိုက်စစ်ဖြစ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ပြီး ခါနီး အချိန်များတွင် ခံစစ်ကို ချယ်လ်ဆီး ပိုဂရုစိုက်ခဲ့ရပြီး စပါး ကဘောလုံး ပိုင်ဆိုင်မှု ပိုကောင်း သော်လည်း ကစားကွက် ကျပ်နေ ခဲ့၍ နှစ်ဖက်စလုံး ဂိုးများမသွင်း နိုင်တော့ဘဲ ဂိုးမရှိသရေဖြင့် ပြီး ဆုံးခဲ့သည်။

စပါးသည် ယခုပွဲအိမ်ကွင်း သရေကျခြင်းကြောင့် ယခုရာ သီ အဖွင့်က မန်ယူကို ရှုံးခဲ့ပြီး နောက် အိမ်ကွင်းနှင့် အဝေးကွင်း ပေါင်း ရှုံးပွဲတစ်ပွဲသာ ရှိသေးသည့် စံချိန်ကို ဆက်လက်ထိန်းသွားနိုင် ကာ လိဂ်တွင်အဆင့် (၅) နေရာ ယာယီ ရောက်ခဲ့သည်။

—Ref: Goal

No comments:

Post a Comment