Monday, November 30, 2015

ဒီချုပ်က လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ ဖွဲ့မည်

ပါတီ လွှတ်တော်ကိုယ် စားလှယ်များ၏ အရည်အချင်း ကို စောင့်ကြည့်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ် စိစစ် ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သတင်းရရှိသည်။အဆိုပါ လွှတ်တော်ကိုယ် စားလှယ်စိစစ်ရေးအဖွဲ့သည် လွှတ်တော်သက်တမ်းငါးနှစ်တာ အတွင်း ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်မှုများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု များကို စောင့်ကြည့်သွားမည် ဖြစ် သည်။
လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်း လှည့်လည်ကာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များကို စောင့်ကြည့်မှု များ ပြုလုပ်မည် ဖြစ်သည်။ယခုလ ၂၈ ရက်က ရန်ကုန် မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံပွဲတွင် မကြာမီ ကာလအတွင်း လွှတ်တော်ကိုယ် စားလှယ်များကို စိစစ်ရေးအဖွဲ့ ဖွဲ့ကာ စိစစ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ယင်းသို့ လွှတ်တော်ကိုယ် စားလှယ်စိစစ်ရေးအဖွဲ့ ဖွဲ့မည့် အပေါ် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စား လှယ်များက ကြိုဆိုကြောင်းနှင့် မိမိတို့၏ လုပ်ဆောင်မှုများကို စောင့်ကြည့်နေသည်ဆိုသော အသိစိတ်ကြောင့် ပြည်သူ့အကျိုး ကို ပေါ့ပေါ့ဆဆမဟုတ်ဘဲ ထိထိ ရောက်ရောက်ပိုမို စွမ်းဆောင် လာနိုင်မည်ဟု ပြောကြားသည်။

‘‘ဒီလို အဖွဲ့မျိုးကို ဖွဲ့ကိုဖွဲ့ ရမှာပါ။ ကျွန်တော်တို့ ကိုယ်စား လှယ်တွေ ဘယ်လိုအလုပ်လုပ် နေကြလဲ၊ ပြည်သူနဲ့တကယ်ထိ တွေ့ရဲ့လား၊ လုပ်ဆောင်ချက် တွေ မှန်ကန်ရဲ့လားဆိုတာ စောင့် ကြည့်မှတ်တမ်းတင်တာရှိတာ ကောင်းတယ်’’ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်အောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည့်အပြင် ပါတီ၏ စည်းမျဉ်းစည်းကမ်းကိုလည်း ယခင်ကထက် တင်းတင်းကျပ် ကျပ် ကိုင်တွယ်ဆောင်ရွက်တော့ မည်လည်း ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ သော ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပြတ်အ သတ် အနိုင်ရရှိခဲ့သော ပါတီဖြစ် သည်။
7 day

No comments:

Post a Comment