Friday, November 27, 2015

တောင်ကြီး မီးပုံးပျံပွဲ ဧည့်လာ ရောက်မှု ယခင်နှစ်များထက် နည်းပါး

တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲသို့ ဧည့်သည် လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့ ဒေသခံများထံက သိရသည်။နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးသို့ ရပ်ဝေးရပ်နီး ဧည်သည်များ လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့တွင် လူမှုကူညီရေး လုပ်ငန်း များအား လုပ်ဆောင်နေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောသည်။
““တစ်ဖက်မှာ စစ်ပွဲဖြစ်နေလို့ ထွက်ပြေးပြီး ဒုက္ခရောက် နေရတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ရှိနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့တွေ အနေနဲ့ ပျော်ပွဲရွှင်ပွဲကို သိပ်မလုပ်ချင်ကြဘူး။ အဲဒါကြောင့် တချို့က မသွားကြဘူး။ နောက်တစ်ချက်က ဒီလောက် လူတွေရှုပ်နေတဲ့ အထဲမှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကြောက်စိတ် ရှိနေတာကြောင့်လည်း ပါတယ်။ အဲဒါကြောင့်လည်း မသွားကြဘူး။ ဒီနှစ်က သိသာတယ်။ လူသိပ်မလာဘူး”” ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

အဆိုပါ မီးပုံးပျံပွဲ မတိုင်မီ အောက်တိုဘာလ (၂၅) ရက်နေ့၊ ည (၈း၃၀) အချိန်ခန့်က တောင်ကြီးမြို့လယ်၊ ဗိုလ်ချုပ်လမ်း ပေါ်တွင် အာတီဆန် အမျိုးအစား ကားတစ်စီးအောက်သို့ (၉၁) လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်သွားမှုကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့အပြင် ယခုရက်ပိုင်း၌ လားရှိုး၊ မူဆယ်နှင့် မိုင်းရှူးမြို့နယ်များတွင် ပေါက်ကွဲမှုများ၊ လက်နက်များဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုများ ရှိခဲ့သောကြောင့် ဒေသခံပြည်သူများ၏ စိတ်တွင် အကြောက်တရားများ ဖုံးလွှမ်းနေကြောင်း တောင်ကြီး မြို့ လူ့ဘောင်သစ်ပါတီ ပြန်ကြားရေး တာဝန်ခံဖြစ်သူ ကိုနေမျိုးက ပြောသည်။

““ကျွန်တော်တို့ ကတော့ အမေစုက ဒီရက်ပိုင်း အတောအတွင်း ငြိမ်ငြိမ်နေကြပါလို့ မှာထားတာကြောင့် ဘယ်မှမသွားပါဘူး။ နောက်တစ်ချက် ကတော့ အခုကျင်းပတဲ့ကွင်းက တပ်ပိုင်ကွင်း ဖြစ်နေလို့ပါပဲ။ အရင်တုန်းက ဒါပြည်သူပိုင်ကွင်းလို့ပဲ သိခဲ့တာ။ အခုမှ သိလိုက်ရတာက တပ်ပိုင်ကွင်း ဖြစ်နေတာ””ဟု ကိုနေမျိုးက ဆက်ပြောသည်။

ရှမ်းပြည်နယ် အတွင်းရှိ မိုင်းရှူးမြို့နယ် အနီးတစ်ဝိုက်တွင် အစိုးရ တပ်မတော်နှင့် SSPP/SSA လက်နက်ကိုင် အဖွဲ့တို့၏ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသား (၁၀၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင် နေကြရသည်။
7 day

No comments:

Post a Comment