Monday, November 30, 2015

နယ်စပ်နှင့် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထား

ဒသတွင်း နိုင်ငံအချို့၌ အကြမ်းဖက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ် နေချိန်တွင် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် လေဆိပ်များ၌ပါ လုံခြုံရေးတိုးမြှင့်ထားကြောင်း သ တင်းရရှိသည်။ ဥရောပနိုင်ငံအချို့၌ ပြီးခဲ့ သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခံရ မှုသတင်းများ ထွက်ပေါ်နေချိန် တွင် အာရှဒေသတွင်း နိုင်ငံဖြစ် သည့် အင်ဒိုနီးရှားနိုင်ငံက လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်လည်း နယ်စပ်ဒေသများနှင့် လေဆိပ်များ၌ လုံခြုံရေး တိုးမြှင့်ထားသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဒေသများမှ တာဝန်ကျရဲအရာရှိ အချို့ ထံမှသတင်းရရှိသည်။ ‘‘ကျွန်တော်တို့က နယ်စပ် ဒေသဆိုတော့လေ လုံခြုံရေးတိုး မြှင့်ထားတာတွေ ရှိပါတယ်။ နိုင် ငံဖြတ်ကျော်မှုခင်းတွေ၊ မူးယစ် ဆေးဝါး၊ လူကုန်တား၊ ဖောက်ခွဲ ဖျက်ဆီးရေးအစုံပဲ။ သတိပေး ချက်ပေါင်းစုံပါပဲ။ လုပ်နေတယ်’’ ဟု မြန်မာ-ထိုင်းနယ်စပ် မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ပြောသည်။ ရန်ကုန်မြို့ အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် ယခင်က လေ ဆိပ်ရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ် ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ သ တင်းရဲတပ်ဖွဲ့၊ သစ်တောရဲတပ် ဖွဲ့၊ လဝကနှင့် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့သာ တာဝန် ယူထားရာမှ နိုဝင်ဘာမှစတင်ကာ တပ်မတော်အင်ဂျင်နီယာတပ်နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ တို့ကပါ လုံခြုံရေးတာဝန်ယူထား သည်ဟု သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကလည်း ရန်ကုန်မြို့တွင်း မြို့နယ်အားလုံး တွင် ညဘက်ကင်းလှည့်ခြင်းနှင့် လုံခြုံရေးပိုင်း အစီအစဉ်များကို ယခင်ကထက်တိုးမြှင့်လုပ်ဆောင် နေသည်ဟု ပြောသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ်၊ နယ်စပ်ဖြတ်ကျော်မှုခင်းဌာန ကြီးမှ ရဲမှူးချုပ်စိုးမြိုင်က ‘‘လေ ဆိပ်ဝင်ပေါက်တွေ၊ နယ်စပ်နေ ရာတွေမှာ သတင်းပေးတွေ၊ လုံ ခြုံရေးအသိပညာပေးတာတွေရှိ တယ်ပေါ့။ ကျွန်တော်တို့ ဒီဘက် တွေကို စိမ့်ဝင်မလာအောင်၊ ထိုး ဖောက်မလာအောင် ဒါကတော့ လုပ်ရိုးလုပ်မြဲပေါ့။ နှိုးဆော်မြဲနှိုး ဆော်တာပေါ့’’ဟု ပြောသည်။ ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် တနင်္သာရီတိုင်းဒေသကြီး ကော့ သောင်းမြို့တွင်လည်း လုံခြုံရေး ပိုင်း ပုံမှန်ထက်တိုးမြှင့်ထားသည် ဟု ကော့သောင်းခရိုင် လူကုန်ကူး ရဲတပ်ဖွဲ့ရဲမှူးက ပြောကြားသည်။
7 day

No comments:

Post a Comment